Thursday, October 26, 2017

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးဆောင်ရွက်ရန် အလှူငွေများ ပေးအပ်လှူဒါန်း

နေပြည်တော် အောက်တိုဘာ ၂၆
ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေး ဆောင်ရွက်ရန် အလှူငွေများပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၃ နာရီခွဲတွင် နေပြည်တော်ရှိ အမျိုးသား လွှတ်တော်ဧည့် ခန်းမဆောင်၌ ကျင်းပရာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း တက်ရောက်၍ အလှူငွေများ ပေးအပ်သည်။

ရှေးဦးစွာ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီ အထောက်အပံ့ ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးဆောင်ရွက်ရန်အတွက် အမျိုးသားလွှတ် တော်ဥက္ကဋ္ဌ၏ အလှူဒါနခေါင်းစဉ်မှ လှူဒါန်းငွေကျပ် ၃၀၂၀၀၀၀ နှင့် အမျိုးသားလွှတ် တော်ကိုယ်စားလှယ် (၂၂၄)ဦး၏ နေ့တွက်စရိတ် (၁)ရက်စာ စုစုပေါင်း လှူဒါန်းငွေကျပ် ၄၄၈၀၀၀၀ စုစုပေါင်းငွေကျပ် ၇၅ သိန်းကို အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း  က ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးထံသို့ ပေးအပ်လှူဒါန်းရာ ပြည်ထောင်စု ၀န်ကြီးက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
အဆိုပါအခမ်းအနားသို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ရေးရာကော်မတီ ဥက္ကဋ္ဌများနှင့် အမျိုးသား လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

(သတင်းစဉ်)

No comments:

Post a Comment