Friday, January 20, 2017

တောင်သူအကျိုးပြု မိတ်ဆွေပိုး ဥကပ်ပါးနဂျီ Tricho gramma အား ဆင်းသုခနွေစပါးခင်းများတွင် လွတ်ပေး


အိမ်မဲ   ဇန်နဝါရီ   ၂၀
တစ်ပိုင်တစ်နိုင်စပါးစိုက်ပျိုးတောင်သူများ သီးနှံများကို စိုက်ပျိုးထုတ်လုပ်ရာတွင် စိတ်ချလုံခြုံသောထုတ်ကုန်များ ထုတ်လုပ်ရန်ရည်ရွယ်ချက်ဖြင့် စိုက်ပျိုးဦးစီးဌာနက တောင်သူအကျိုးပြု မိတ်ဆွေပိုးဥကပ်ပါးနဂျီ (Trucho gramma)အား စပါးခင်းအတွင်းလွတ်ပေးခြင်းကို ဇန်နဝါရီလ ၂၀ ရက် နံနက် ၉ နာရီက အိမ်မဲမြို့နယ် ရေသိုးညောင်ဝိုင်းကျေးရွာ တောင်သူ ဦးငွေသန်းစိုး၏ ဦးပိုင်အမှတ်( ၃၇) ကွင်းအမှတ် ( ၄၃/၁၅၈၃)၏ဆင်းသုခနွေစပါး (၁၀) ဧကတွင် ဥကပ်ပါး နဂျီဥကပ် ( ၁ ဧက)ကို (၄၀ကပ်)နှုန်းဖြင့်ဥကပ် ၄၀၀  နဂျီကောင်ပေါင်း ၄ သိန်းကိုစပါးခင်းအတွင်း လွတ်ပေးခဲ့ကြောင်းသိရသည်။

အဆိုပါမိတ်ဆွေပိုးစပါးခင်းအတွင်းလွတ်ပေးခြင်းအား တိုင်းသီးနှံကာကွယ်ရေးတာဝန်ခံနှင့်ဝန်ထမ်းများ၊ မြောင်းမြခရိုင် သီးနှံကာကွယ်ရေး တာဝန်ခံဦးစီးအရာရှိဒေါ်လှလှထွေး။အိမ်မဲမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးဦးစိုးမြင့်အောင်နှင့် ဝန်ထမ်းများက ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စပါးခင်းတွင်ဥကပ်ပါးနဂျီကို ၃ ကြိမ်လွတ်ထည်ရမည်ဖြစ်ပြီး ယခုပထမအကြိမ်ထည့်ပြီးနောက်ဒုတိယအကြိမ်နှင့် တတိယအကြိမ်ကို ၂ ပတ်စီခြား၍လွတ်ပေးခြင်းဖြင့်စပါးစိုက်ခင်းတွင်ဖျက်စီးတက်သည့် ထိပ်ပြာမျိုးရင်းဝင်ဖျက်ပိုးများ၏ ဥများကို ဥကပ်ပါးပိုးများနှိမ်နင်းစေခြင်းဖြင့် ပိုးသတ်ဆေးသုံးစွဲရန် မလိုအပ်တော့ပဲ ဘေးအန္တရာယ်ကင်းရှင်းစွာ စပါးခင်းများစိုက်မျိုးထုတ်လုပ်နိုင်တော့မည်ဖြစ်ကြောင်း တက်ရောက်လာသည့်တောင်သုများအား စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူများက အသိပညာပေးရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

မြို့နယ် (ပြန်/ ဆက်)

No comments:

Post a Comment