Tuesday, January 17, 2017

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်တင်မှ သြစတြေးလျနိုင်ငံ လွှတ်တော် ကိုယ်စားလှယ် Senator Mr. Dean Smith ဦးဆောင်သော အဖွဲ့အား လက်ခံတွေ့ဆုံ



နေပြည်တော်၊ ဇန်နဝါရီ ၁၇
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်တင်သည် Save the Children Australia ၏ အစီအစဉ်ဖြင့်‌ မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် သြစတြေးလျနိုင်ငံ လွှတ်တော်ကိုယ်စားလှယ် Senator Mr. Dean Smith ဦးဆောင်သောအဖွဲ့နှင့်‌ Save the Children Australia မှ တာဝန်ရှိသူ များအား ယနေ့ (၁၄း၃၀) နာရီအချိန်တွင် နေပြည်တော်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ချင်းတွင်းခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

ယင်းသို့တွေ့ဆုံရာတွင် သြစတြေးလျနှင့် မြန်မာ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု၊ ဒေသဆိုင်ရာ နှင့် နိုင်ငံတကာ အဆင့်များတွင် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုများနှင့် ပတ်သက်၍ လည်းကောင်း၊ မြန်မာနိုင်ငံတွင် ပညာရေး ကဏ္ဍအပါအ၀င် စီးပွားရေးလုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံရေး လုပ်ငန်းများနှင့် အခြားသော ကဏ္ဍများတွင် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုများကို ဆက်လက် တိုးမြှင့်သွားနိုင်ရေးတို့နှင့် ပတ်သက်၍ လည်းကောင်း အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။
ထို့အပြင် မြန်မာနိုင်ငံအစိုးရအနေဖြင့် ဆောင်ရွက်လျက် ရှိသည့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်နှင့် ရခိုင်ပြည်နယ် အေးချမ်းဖွံ့ဖြိုးရေးနှင့် တည်ငြိမ်ရေးဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
တွေ့ဆုံပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့်‌ စီးပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးထွန်းနှင့်‌ တာဝန်ရှိသူများ၊ ဧည့်‌သည်တော် ကိုယ်စားလှယ်အဖွဲ့နှင့်‌ အတူ မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျသံအမတ်ကြီး H.E. Nicholas Coppel တို့ တက်ရောက်ခဲ့ကြ ပါသည်။

No comments:

Post a Comment