Friday, January 20, 2017

ဂန့်ဂေါခရိုင် ထီးလင်းမြို့ စည်ပင်သာယာဈေး၌ ရောင်းချလျက်ရှိသည့် ကြက်သားများတွင် H7,N9 ရောဂါကူးစက်မှု ရှိ/မရှိ စစ်ဆေး


ထီးလင်း ဇန်နဝါရီ ၂၀
ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ဇန်နဝါရီ ၁၉ ရက်နံနက်က ထီးလင်းမြို့ မြို့မဈေးတွင် ရောင်းချလျက်ရှိသည့် ကြက်သားများ၌ ကြက်ငှက် တုပ်ကွေးရောဂါကို ဖြစ်စေတတ်သော ရောဂါတစ်မျိုးဖြစ်သည့် H7,N9 ရောဂါကူးစက်မှုရှိ/မရှိ စစ်ဆေးခဲ့ကြသည်။      

ထိုသို့စစ်ဆေးရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဘွေကီးအောင် နှင့် တာဝန်ရှိသူများ၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှူး ဒေါက်တာ ဝင်းသန်းနှင့်တာဝန်ရှိသူများတို့က ကွင်းဆင်းစစ်ဆေး ပညာပေးဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်းနှင့် ဈေးဝယ်လာသူများကိုလည်း လူကို ကြက်ငှက် တုပ်ကွေးရောဂါ မကူးစက်အောင်ကာကွယ်ခြင်း လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်) 

No comments:

Post a Comment