Monday, January 16, 2017

ပြည်ထောင်စုရှေ့နေချုပ်က Democracy Reporting International မှဌာနေကိုယ်စားလှယ် Eva Gil အား တွေ့ဆုံ

နေပြည်တော် ဇန်နဝါရီ ၁၆
ပြည်ထောင်စုရှေ့နေချုပ်သည် Democracy Reporting International မှဌာနေကိုယ်စားလှယ် Ms. Eva Gilအားယနေ့ နံနက် ၁၁:၀၀ နာရီအချိန်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးရှိဧည့်ခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ဒီမိုကရေစီစနစ်ဖွံ့ဖြိုးတိုးတက်ရေးတွင် ပူးပေါင်း ဆောင်ရွက်နိုင်မည့် ကိစ္စရပ်များ၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံးမှ ဥပဒေအရာရှိများအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် လူ့အခွင့်အရေးဆိုင်ရာဆွေးနွေးပွဲနှင့် သင်တန်းများ ကျင်းပနိုင်ရေးကိစ္စ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးဥပဒေရုံးများတွင် ဥပဒေရေးဆွဲရေးဆိုင်ရာ သင်တန်းများပို့ချပေးနိုင်ရေး ကိစ္စ၊ တရားဥပဒေစိုးမိုးရေး ဆိုင်ရာလုပ်ငန်းများ၌ ပါဝင်ကူညီဆောင်ရွက်နိုင်မည့်ကိစ္စ၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် DRI တို့အကြား ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းစဉ်များချမှတ်နိုင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

(သတင်းစဉ်)

No comments:

Post a Comment