Monday, January 16, 2017

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် ခရိုင်အဆင့် အစိုးရအရာထမ်းများ အတွက် လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံသင်တန်း ကျင်းပ

ကော့ကရိတ် ဇန်နဝါရီ ၁၆
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ လူ့အခွင့်အရေးမြှင့်တင်ရေးနှင့် လေ့ကျင့်ပညာပေးဆိုင်ရာ လုပ်ငန်းအစီအစဉ် အရ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် ခရိုင်အဆင့်အစိုးရအရာထမ်းများအတွက် လူ့အခွင့်အရေးဆိုင်ရာ အသိပညာ ဗဟုသုတများ ပြန့်ပွားစေရန်ရည်ရွယ်၍ လူ့အခွင့်အရေးဆိုင် အလုပ်ရုံသင်တန်းကို ၂၀၁၇ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်နေ့ နံနက် ၉း၀၀ နာရီက ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်နှင့် ကရင်ပြည်နယ်လွတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါ်နန်းသူဇာဝင်းတို့ တက်ရောက်အဖွင့်အမှာစကား ပြောကြားခဲ့ကြသည်။

အလုပ်ရုံသင်တန်းတွင် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်က လူ့အခွင့်အရေး အခြေခံအယူအဆများ၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်၊ အမျိုးသမီး များအားနည်းမျိုးစုံဖြင့် ခွဲခြားမှု ပပျောက်ရေးဆိုင်ရာ သဘောတူစာချုပ်၊ မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်၊ တိုင်တန်းချက်များနှင့် နယ်မြေအတွင်း လူ့အခွင့်အရေးဖြစ်စဉ်များအား ဆွေးနွေးခြင်း စသည့်သင်ခန်းစာများကိုလည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင် ဦးစိုးဘုန်းမြင့်က လူ့အခွင့်အရေးကြေညာစာတမ်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ပြဋ္ဌာန်းချက်ပါ နိုင်ငံသားများ၏ မူလအခွင့် အရေးနှင့်တာဝန်များ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းခြင်း နှင့်ဆောင်ရွက်ချက်များ စသည့် သင်ခန်းစာများကိုပို့ချပြီး အဖွဲ့လိုက်ဆွေးနွေးခြင်း ဆောင်ရွက်ကြပါသည်။ အလုပ်ရုံသင်တန်းသို့ ခရိုင့်အဆင့်အစိုးရအရာထမ်း (၅၀) ဦးတက်ရောက်ကြသည်။ သင်တန်းကိုဇန်နဝါရီလ (၁၇)ရက်နေ့အထိ(၂)ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ခရိုင် (ပြန်/ဆက်)

No comments:

Post a Comment