Tuesday, January 17, 2017

မစ္စရန်ဟီလီနှင့် အဖွဲ့ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီမှ တာဝန် ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေး



ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူး အစီရင်ခံစာ တင်သွင်းသူ မစ္စရန်ဟီလီနှင့် အဖွဲ့သည် ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ကျောက်တံတား မြို့နယ်ရှိ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီသို့ သွားရောက်၍ တာဝန် ရှိသူများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် မစ္စရန်ဟီလီက မြန်မာသတင်း မီဒီယာ ကောင်စီ၏ ဆောင်ရွက် နေမှုများနှင့် မြန်မာ့သတင်း မီဒီယာ လောက၏ လက်ရှိ ကြုံတွေ့နေရသော အခက်အခဲများ၊ စိန်ခေါ်မှုများ အပေါ် သိရှိ လိုသည်များကို မေးမြန်းရာ မြန်မာနိုင်ငံ သတင်း မီဒီယာ ကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဦးအောင်လှထွန်းနှင့် အဖွဲ့ဝင်များက ရှင်းလင်း ပြောကြားသည်။
တွေ့ဆုံစဉ် သတင်း အချက်အလက် ရယူရာတွင် ကြုံတွေ့ရသည့် အခက်အခဲများ၊ မြန်မာ့ မီဒီယာ လောက၏ အားသာချက်၊ အားနည်းချက်များ၊ ရခိုင်ပြည်နယ် ဘူသီးတောင်နှင့် မောင်တော မြို့နယ်တို့ တွင်ဖြစ်ပွားခဲ့သည့် အရေးကိစ္စနှင့် ပတ်သက်၍ သတင်း ရယူရာတွင် မြန်မာနိုင်ငံ သတင်း မီဒီယာကောင်စီ၏ ပါဝင် ဆောင်ရွက်ခဲ့ရသည့် အခန်းကဏ္ဍ တို့ကို ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။ 
သတင်း- ဇော်ကြီး(ပဏီတ)၊ ဓာတ်ပုံ- ရဲထွဋ် (သတင်းစဉ်)

No comments:

Post a Comment