Tuesday, January 17, 2017

သတ္တမအကြိမ်နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇) ပါးစုံညီ တေရသမ အစည်းအဝေးနှင့် သတ္တမအကြိမ် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ပဉ္စမအစည်းအဝေး ကျင်းပမည်

ရန်ကုန် ဇန်နဝါရီ ၁၆
သတ္တမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့(၄၇)ပါးစုံညီ တေရသမ အစည်းအဝေးကို ၁၃၇၈ ခုနှစ် တပေါင်း လဆန်း ၆ ရက်၊ ၇ ရက် (၂ဝ၁၇ ခုနှစ်၊ မတ်လ ၃၊ ၄)သောကြာ၊ စနေနေ့များတွင် ကျင်းပမည်ဖြစ်ရာ နိုင်ငံတော် သံဃမဟာနာယကဆရာတော်ကြီးများသည် ၁၃၇၈ ခုနှစ် တပေါင်းလဆန်း ၁ ရက်၊ ၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက် (တနင်္ဂနွေနေ့) တွင် ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေသို့ အရောက်ကြွရောက်ရန်ဖြစ်သည်။

သတ္တမအကြိမ်နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ပဉ္စမအစည်းအဝေး ကို ၁၃၇၈ ခုနှစ် တပေါင်းလဆန်း ၉၊ ၁ဝ၊ ၁၁ ရက်(၂ဝ၁၇ခုနှစ်၊ မတ်လ ၆၊ ၇၊ ၈)ရက် တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူးနေ့တို့တွင် ကျင်းပမည်ဖြစ်ရာ နိုင်ငံတော် သြဝါဒါစရိယ ဆရာတော်ကြီးများ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော်ကြီးများသည် ၁၃၇၈ ခုနှစ် တပေါင်းလဆန်း ၈ရက်၊ ၂ဝ၁၇ခုနှစ်၊ မတ်လ ၅ ရက် တနင်္ဂနွေနေ့တွင် ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေသို့အရောက် ကြွရောက် တော်မူပါရန် ပင့်စာများဖြင့် ပင့်လျှောက်ထားသည်။
ပင့်စာများ အချိန်မီမရောက်ရှိပါကလည်း အထက်ပါနေ့ရက်များတွင် ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေသို့အရောက် ကြွရောက်တော်မူကြပါရန် ပင့်လျှောက်ထားကြောင်း သာသနာရေးဦးစီးဌာနမှ သတင်းရရှိသည်။

(သတင်းစဉ်)

No comments:

Post a Comment