Monday, January 16, 2017

ကုန်းကြမ်းမြို့နယ်အတွင်း မူးယစ်ဆေးဝါးများသိမ်းဆည်းရမိ

နေပြည်တော် ဇန်န၀ါရီ ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကုန်းကြမ်းမြို့နယ်အတွင်း တပ်မတော်စစ်ကြောင်းက နယ်မြေရှင်းလင်းရေး ဆောင်ရွက်လျက် ရှိစဉ် ယမန်နေ့ နံနက်ပိုင်းတွင် ဆာလာအိတ် အပြာတစ်လုံးအတွင်းမှ မူးယစ်ဆေးဝါးများအား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

တပ်မတော်စစ်ကြောင်းသည် နယ်မြေရှင်းလင်းရေးဆောင်ရွက်လျက်ရှိစဉ် ယမန်နေ့နံနက် ၇ နာရီခွဲခန့်တွင် ကုန်းကြမ်းမြို့ ၏မြောက်ဘက် ၁၁ မိုင်ခန့်အကွာရှိ လျှိုစောင်းဘေးဝါးရုံအတွင်း၌ ဆာလာအိတ်အပြာ တစ်လုံးကိုတွေ့ရှိသဖြင့် စစ်ဆေး ခဲ့ရာအတွင်းမှ မက်သာအက်ဖက် တမင်းအိုက်စ် တစ်ထုပ် (၈၀၀ ဂရမ်ခန့်) (ကာလတန်ဖိုးငွေ ကျပ် သိန်း ၁၆၀ ခန့်) ကို ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့ကြောင်း  သတင်းရရှိသည်။

(သတင်းစဉ်)

No comments:

Post a Comment