Monday, January 16, 2017

မောင်တောမြို့နယ်အတွင်း အကြမ်းဖက်စီးနင်းတိုက်ခိုက်မှုဖြစ်စဉ်တွင် ပါဝင်သူ ငါးဦးဖမ်းဆီးရမိ

နေပြည်တော် ဇန်န၀ါရီ ၁၆
ရခိုင်ပြည်နယ် မောင်တောဒေသ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များတွင် ပါဝင် ပတ်သက်ခဲ့သူ ၅ ဦးအား ယမန်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

တပ်မတော်စစ်ကြောင်းများနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များသည် ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း အကြမ်းဖက် စီးနင်းတိုက်ခိုက်မှုဖြစ်စဉ် များတွင် ပါဝင်ပတ်သက်ခဲ့သူများကို ဖော်ထုတ်စစ်ဆေးလျက်ရှိရာ ယမန်နေ့ မွန်းတည့် ၁၂ နာရီခန့်က အကြမ်းဖက်စီးနင်းတိုက်ခိုက်မှုဖြစ်စဉ်များတွင် ပါဝင်ပတ်သက်ခဲ့ပြီး တိမ်းရှောင် နေသော ငါးခူရ (အလယ်ရွာ) နေ အဘ နာဒူဟူဆောင်း၏သား အီနု၊ ငါးရံ့ချောင်း ကျေးရွာနေ အဘ အဗ္ဗဒူလာ၏သား ဆွေဒူလာမီ၊ အဘ ဇော်လာမောက်၏သား မာမွတ်ကာဆင်း၊ အဘ မူဇင်မေ၏သား ရှူဟတ်နှင့် ပဒါးကားကျေးရွာနေ အဘ အဒူမာလစ်၏သား မာမတ်အီဒရစ် တို့အား ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်များအရ ၎င်းတို့သည် ငါးခူရနှင့်ကျီးကန်းပြင် အကြမ်းဖက်စီးနင်း တိုက်ခိုက်မှုဖြစ်စဉ် များတွင် ပါဝင်ခဲ့ကြောင်း၊ အကြမ်းဖက်စီးနင်း တိုက်ခိုက်မှုများပြုလုပ်ရန် ငွေကြေးထောက်ပံ့၍ လူအင်အားစုဆောင်း ပေးခဲ့သူများဖြစ်ကြောင်း၊ တိမ်းရှောင်နေရာမှ ၎င်းတို့၏ ကျေးရွာများသို့ ပြန်လည်ဝင်ရောက်နေ ထိုင်စဉ် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း သိရှိရသည်။

(သတင်းစဉ်)

No comments:

Post a Comment