မောင်တော ဇန်န၀ါရီ ၂၄
အင်ဒိုနီးရှားနိုင်ငံမှ
မောင်တောခရိုင်အတွက် ထောက်ပံ့လှူဒါန်းသည့် လူသားချင်းစာ နာထောက်ထားမှုဆိုင်ရာ ထောက်ပံ့
ရေးပစ္စည်းများသည် ယနေ့ နံနက် ၉ နာရီတွင် မောင်တောမြို့ ကညင်ချောင်းဆိပ်ကမ်းသို့ ရောက်ရှိလာသည်။
အဆိုပါထောက်ပံ့ရေးပစ္စည်များကို
စိန်ရနှင့် သိန်းသန်းလှိုင်အမည်ရှိ သဘောင်္များနှင့် စစ်တွေဆိပ်ကမ်းမှ မောင်တော ဆိပ်ကမ်းသို့
သယ်ဆောင်လာခြင်းဖြစ်ပြီး ဂျုံ- ၂၁၄၆ အိတ်၊ ခေါက်ဆွဲခြောက်ထုပ် ၅၄၀၀၊ အာဟာရမှုန့်အိတ်
၁၀၅၀ နှင့် ပုဆိုး - ၃၅ အိတ်တို့ ဖြစ်ကြောင်းသိရသည်။
``ဒီထောက်ပံ့ရေးပစ္စည်းတွေကို
သဘောင်္(၂)စီးနဲ့ ဆိပ်ကမ်းကနေ ပင်လယ်ကိုဖြတ်ပြီး မေယုမြစ်အတိုင်းမောင်းနှင် သယ်ယူခဲ့ပါတယ်။
အခု မောင်တောဆိပ်ကမ်းကိုရောက်တော့ တာဝန်ရှိသူတွေဆီကို စနစ်တကျအပ်နှံခဲ့ပါတယ်´´ဟု စိန်ရသဘောင်္၏
ပဲနင်းဖြစ်သူ ဦးခင်မောင်ရီပြောသည်။
အဆိုပါ ထောက်ပံ့ရေးစ္စည်းများကို
မောင်တောဒေသရှိ နှစ်ဘက်လူ့မှုအသိုင်းအ၀ိုင်းအတွက် စနစ်တကျခွဲဝေထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း
သိရသည်။
မောင်တောခရိုင် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးရဲထွဋ်က ``ဒီနေ့ နံနက်ပိုင်းမှာ အင်ဒိုနီးရှားအစိုးရက
ထောက်ပံ့တဲ့ပစ္စည်း တွေ သဘောင်္ ၂ စီးနဲ့မောင်တောကို ရောက်ရှိပါတယ်။ အဲဒီသေဘာၤ ၂ စီးမွာ
တစ်အိတ်ကို ၁၃၆ ဗူး ပါတဲ့ ဂျုံအိတ်၂၁၄၆ အိတ်၊ တစ်အိတ်ကို အထုပ် ၃၀၀ စီပါတဲ့ အဟာရမှုန့် အိတ် ၁၀၅၀၊ တစ်ဖာကို အထုပ် ၄၀ စီပါတဲ့ ခေါက်ဆွဲခြောက်ထုပ်
၅၄၀၀ နဲ့ တစ်အိတ်ကို အထည် ၂၀၀ စီပါတဲ့ ပုဆိုးအိတ် ၃၅ အိတ် ပါဝင်ပါတယ်။
အဲဒီထောက်ပံ့ရေးပစ္စည်းတွေကို
ဒီနေ့ပဲ သဘောင်္ပေါ်ကချပြီး စုရပ်ဖြစ်တဲ့ ကြိမ်ချောင်းမှာ စုပုံမှာဖြစ်ပါတယ်၊ နောက်တစ်နေ့
မှာ ခရိုင်အဆင့်နဲ့ မြို့နယ်အဆင့်စီမံခန့်ခွဲမှု ကော်မတီဝင်တွေ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ၊
ဘာသာရေးအဖွဲ့ အစည်းတွေ၊ INGO နဲ့ NGO တွေ၊ ရပ်မိရပ်ဖတွေအပါအ၀င် CSO အဖွဲ့တွေကို ဖိတ်ခေါ်ပြီး
ကျီးကန်းပြင်နဲ့ ကြိမ်ချောင်း ကြားက စားနပ်ရိက္ခာနဲ့ပတ်သက်ပြီး အခက်အခဲတွေ့နိုင်တယ်
လို့ယူဆရတဲ့နေရာတွေကို ဦးစားပေးဖြန့်ခွဲနိုင်ဖို့ ကွင်းဆင်း စီမံဆောင်ရွက်သွားမှာဖြစ်ပါတယ်``ပြောကြားသည်။
မောင်ဇော်နေ(သတင်းစဉ်)
No comments:
Post a Comment