Tuesday, January 17, 2017

ကွမ်းလုံမြို့နယ် အတွင်း ကျပ်သိန်း ၃၇၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ



နေပြည်တော်၊ ဇန်န၀ါရီ ၁၇
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ်၊ ကွမ်းလုံနှင့် နားတီးကြား၌ လမ်းလုံခြုံရေး ဆောင်ရွက်နေသော တပ်မတော် စစ်ကြောင်းက ကျပ်သိန်း ၃၇၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ယနေ့ မွန်းလွဲပိုင်းတွင် သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

ကွမ်းလုံနှင့် နားတီး အကြား၌ လမ်းလုံခြုံရေး ဆောင်ရွက်နေသော တပ်မတော် စစ်ကြောင်းသည် ယနေ့မွန်းလွဲ ၃ နာရီခွဲခန့်တွင် မသင်္ကာဖွယ် Harrier အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့် စစ်ဆေးရာ မောင်းနှင် ထွက်ပြေးသဖြင့် လိုက်လံ ရှင်းလင်းခဲ့ရာ မိုင်တိုင် အမှတ် ၃၇ နေရာ၌ ယာဉ်မောင်းမှာ မော်တော်ယာဉ်ကို ရပ်တန့်ပြီး ထွက်ပြေး သွားသဖြင့် ယာဉ်အား စစ်ဆေးရာ ယာဉ်ပေါ်မှ အိုက်စ် ၁ ထုပ်လျင် ၁ ကီလိုဂရမ်ပါ ၁၈ ထုပ်နှင့် ၁ ထုပ်လျင် ဒသမ ၇ ကီလိုဂရမ်ခန့်ပါ ၁ ထုပ် စုစုပေါင်း ၁၉ ထုပ်၊ စုစုပေါင်း တန်ဖိုး ကျပ်သိန်း ၃၇၀၀ ကျော်ကို သိမ်းဆည်းရမိခဲ့သည်။
သိမ်းဆည်းရမိ ယာဉ်နှင့် မူးယစ်ဆေးဝါးများအား ကွမ်းလုံမြို့နယ် ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်း အပ်နှံပြီး တပ်မတော် စစ်ကြောင်းက နယ်မြေ ရှင်းလင်း ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။           
(သတင်းစဉ်)

No comments:

Post a Comment