Tuesday, January 17, 2017

ဘူးသီးတောင် မြို့နယ်အတွင်း အကြမ်းဖက် စီးနင်း တိုက်ခိုက်မှု ဖြစ်စဉ်တွင် ပါဝင်သူ နှစ်ဦး ထပ်မံ ဖမ်းဆီးရမိ



နေပြည်တော်၊ ဇန်န၀ါရီ - ၁၇
ဘူးသီးတောင်မြို့နယ် အတွင်း အကြမ်းဖက် စီးနင်း တိုက်ခိုက်မှု ဖြစ်စဉ်များတွင် ပါဝင်ခဲ့သူ နှစ်ဦးအား ယနေ့နံနက်ပိုင်းတွင် ဘဒကားကျေးရွာ လမ်းဆုံ၌ ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

တပ်မတော် စစ်ကြောင်းများနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များသည် ဘူးသီးတောင်မြို့နယ် အတွင်း အကြမ်းဖက်စီးနင်း တိုက်ခိုက်မှု ဖြစ်စဉ်များတွင် ပါဝင် ပတ်သက်ခဲ့သူများကို စစ်ဆေး ဖော်ထုတ်လျက် ရှိရာ ယနေ့နံနက် ၁၀ နာရီခန့်တွင် အကြမ်းဖက် စီးနင်းတိုက်ခိုက်မှု ဖြစ်စဉ်များတွင် ပါဝင် ပတ်သက်ခဲ့ပြီး တိမ်းရှောင်နေသည့် ကျေးနှုတ် သီးရွာနေ အဘ မာမော့ဟူဆောင်း၏ သား ဂျာမာဟူးဆင်းနှင့် အဘ အဒူဆူရီ၏ သား ရာဟတ် တို့ နှစ်ဦးအား ဘဒကား ကျေးရွာ လမ်းဆုံ၌ ဖမ်းဆီး ရမိခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဖမ်းဆီးရမိသူ နှစ်ဦးအား တရားဥပဒေနှင့် အညီ အရေးယူ ဆောင်ရွက် နိုင်ရေး ဘူးသီးတောင်မြို့ရှိ အမှတ်(၃) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲသို့ စနစ်တကျ လွှဲပြောင်း အပ်နှံသွားမည် ဖြစ်ကြောင်းနှင့် တပ်မတော် စစ်ကြောင်းနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်း အဖွဲ့များက နယ်မြေ ရှင်းလင်းရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)

No comments:

Post a Comment