Tuesday, January 17, 2017

မူဆယ်မြို့အနီး လက်နက် သိမ်းဆည်းရမိ



နေပြည်တော် ဇန်န၀ါရီ ၁၇
ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ မူဆယ်မြို့အနီးမှ ကာဘိုင် သေနတ်တစ်လက် နှင့် လက်ပစ်ဗုံး တစ်လုံးကို ဇန်န၀ါရီ ၁၅ ရက် ညနေပိုင်းက သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

မူဆယ်မြို့ အတွင်း တပ်မတော် စစ်ကြောင်းက နယ်မြေ ရှင်းလင်း ဆောင်ရွက်လျက် ရှိရာ ဇန်န၀ါရီ ၁၅ ရက် ညနေ ၃ နာရီခွဲခန့် မူဆယ်မြို့၏ တောင်ဘက် ၁ မိုင်ခန့် အကွာရှိ တောင်ယာတဲအနီး ငှက်ပျောပင်များကြားမှ ကာဘိုင် သေနတ် တစ်လက်၊ ကျည်အိမ် တစ်ခုနှင့် လက်ပစ်ဗုံး တစ်လုံးတို့ကို တွေ့ရှိ သိမ်းဆည်း ရမိခဲ့ခြင်း ဖြစ်သည်။
အဆိုပါ နေရာတစ်ဝိုက်အား တပ်မတော် စစ်ကြောင်းများက နယ်မြေရှင်းလင်း ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment