Thursday, January 19, 2017

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း မြန်မာနိုင်ငံ ဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံ သံအမတ်ကြီးနှင့် တွေ့ဆုံဆွေးနွေး


နေပြည်တော် ဇန်န၀ါရီ ၁၉
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်  ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌ မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံ သံအမတ်ကြီး H. E. Mr. Paul R. Seger နှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ထာဝရငြိမ်းချမ်းရေးအတွက် အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပြည်သူ ပြည်သားများမှ လိုလားစွာ ဆောင်ရွက်နေမှု အခြေအနေများနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ဆွစ်ဇာလန်နိုင်ငံမှ ပါဝင်ကူညီ ဆောင်ရွက်ပေးနိုင်မှု အခြေအနေများကို ဆွေးနွေးကြသည်။
(သတင်းစဉ်)

No comments:

Post a Comment