Monday, January 16, 2017

ဂန့်ဂေါတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြရှင်းလင်း

ဂန့်ဂေါ ဇန်နဝါရီ ၁၆
ဂန့်ဂေါမြို့နယ် မီးသတ်ဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ မီးဘေးကြိုတင်ကာကွယ်ရေး သရုပ်ပြရှင်းလင်း ပွဲနှင့် ဇတ်တိုက်လေ့ကျင့်ခြင်းကို ဇန်နဝါရီ ၁၃ ရက်က မြို့မဈေးတွင်ပြုလုပ်ရာ ဂန့်ဂေါခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ဇင်နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင်တို့က အမှာစကားပြောကြားကြသည်။

ထို့နောက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဥာဏ်ဦးက မြို့မဈေးတွင် မီးဘေးလုံခြုံရေးအတွက် ဆောင်ရွက်ထားရှိမှုများကိုလည်းကောင်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးသန်းထက်အောင်က မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးနှင့် ပတ်သက်၍ရှင်းလင်းတင်ပြကြပြီး မီးဘေးကာကွယ်ရေး ဇာတ်တိုက် လေ့ကျင့် သရုပ်ပြကြကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်

No comments:

Post a Comment