Monday, January 16, 2017

ဇလွန်မြို့နယ် အရန်သားဖွား သင်တန်းဆင်းပွဲ ကျင်းပ

ဇလွန် ဇန်န၀ါရီ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ် ကျန်းမာရေးဦးစီးဌာန အရန်သားဖွားသင်တန်းဆင်းပွဲ အခမ်းအနားကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ဇန်န၀ါရီလ (၁၆)ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်ထွန်း၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဇော်ဝင်းသန်းတို့မှ  အရန်သားဖွား ဆရာမများသည် တစ်ရွာတစ်ယောက် ပြည်သူများအတွက် ကျန်းမာရေးပြုစုစောင့်ရှောက်နိုင်ရန် ဖြစ်ပြီး ကျန်းမာရေး စီမံချက်အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်  ပါဝင်ကူညီနိုင်ရေး သားဖွားဆရာမနှင့်တွဲဖက်၍ လိုအပ်သည်များ ကူညီပေးရန်နှင့် ကျေးလက်နေပြည်သူများ  ကျန်းမာရေးအတွက် အထူးကူညီ ဆောင်ရွက်နိုင်ရန် အသီးသီးအမှာစကားပြောကြားကာ အောင်လက်မှတ် များအား မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဇော်ဝင်းသန်းမှ ပေးအပ်ကာ ပထမဆုရ သင်တန်းသူ မအေးမွန်ကျော်၊ ဒုတိယဆုရ မသွယ်ယဉ်ထွန်း၊ တတိယဆုရ အငယ်ထွေးတို့အား မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ဇော်ဝင်းသန်း၊ မြို့နယ်ကျန်းမာရေး ဆရာမ ဒေါ်မြ၀င်းနုတို့မှ ပေးအပ်ကာသင်တန်း တွင်  ပထမဆုရ မအေးမွန်ကျော် မှ ကျေးဇူးတင်စကား ပြောကြားသည်။
သင်တန်းတွင် မြို့နယ်အရန်သားဖွားဆရာမ (၂၅)ယောက် တက်ရောက်သင်ကြားပြီး သင်တန်းကာလမှာ   လက်တွေ့ (၃)လ ၊ စာတွေ့ (၃)လဖြစ်ပြီး ဇလွန်မြို့နယ် ကျန်းမာရေး ဦးစီးဌာနသည် အရန်သားဖွားဆရာမ သင်တန်းကို (၃)ကြိမ်မြောက် ဖွင့်လှစ်ပြီး ဖြစ်ကြောင်း သိရသည်။

( ငွေသန်း ) ၊ ပြန် / ဆက်

No comments:

Post a Comment