Tuesday, January 17, 2017

အမြန်လမ်းတွင် လမ်းဖြတ်ကူးသူ AD VAN ကားဖြင့် တိုက်မိသေဆုံး



နေပြည်တော် ဇန်န၀ါရီ ၁၇
ရန်ကုန်- မန္တလေး အမြန်လမ်းမကြီး၏ တံတားဦးမြို့နယ် မိုင်တိုင်အမှတ် ၃၄၀/၄ နှင့် ၃၄၀/၅ အကြား နေပြည်တော်ဘက်မှ မန္တလေးဘက်သို့ ယာဉ်မောင်းဦးမြင့်ဝေ မောင်းနှင်လာသော AD VAN မော်တော်ယာဉ်မှာ ယနေ့နံနက် ၈ နာရီခွဲက တံတားဦးမြို့နယ် ဘူးနောက် ကျေးရွာနေ မောင်နေလင်းဦး (၁၀)နှစ်သည် အမြန် လမ်းမကြီး အရှေ့ဘက်ခြမ်းမှ နောက်ဘက်သို့ ဖြတ်ကူးစဉ် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်တွင် ယာဉ်မောင်းပါ အမျိုးသား (၂)ဦး အမျိုးသမီး (၃)ဦး ပေါင်း (၅)ဦးမှာ ထိခိုက်မှု မရှိသော်လည်း လမ်းဖြတ်ကူးသူ မောင်နေလင်းဦးမှာ ၀ဲ/ ယာ ဂျိုစောင်း ဖူးရောင် ပေါက်ပြဲပြီး၊ နောက်ကျောပွန်းပဲ့ ဒဏ်ရာများရရှိပြီး အခင်း ဖြစ်ပွားသည့် နေရာတွင် သေဆုံး သွားခဲ့သည်။သေဆုံးသူအား စကားအင်း အမြန် လမ်းမကြီး ရဲစခန်းပိုင်ယာဉ်ဖြင့် တံတားဦး ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ အမြန်လမ်းမကြီးပေါ် တက်ရောက် သွားလာခွင့်မရှိဘဲ လမ်းဖြတ်ကူးရာမှ ယာဉ် မတော်တဆမှု ဖြစ်ပွားခြင်း ဖြစ်၍ လမ်းဖြတ်ကူးသူအား အရေးယူပေးရန် တိုင်ကြားသဖြင့် ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
သန်းဦး(လေးမျက်နှာ)
ဓါတ်ပုံ (အမြန်လမ်းရဲတပ်ဖွဲ့)

No comments:

Post a Comment