Friday, December 30, 2016

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မြန်မာ- ဂျပန်အမျိုးသမီးကင်းထောက်များ၏ စခန်းချမီးပုံပွဲသို့ တက်ရောက်အမှာစကားပြောကြား




နေပြည်တော် ဒီဇင်ဘာ(၃၀)
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ညပိုင်းတွင် နေပြည်တော်ရှိ အားကစား လေ့ကျင့်ရေးစခန်း (Gold Camp) ၌ မြန်မာကင်းထောက် အမျိုးသမီးအဖွဲ့နှင့် ဂျပန်ကင်းထောက် အမျိုးသမီးအဖွဲ့တို့ပူးပေါင်း၍ စတုတ္ထအကြိမ် အပြည်ပြည်ဆိုင်ရာ စခန်းချသင်တန်း(Fourth International Camp for MMGG and GSJ) တက်ရောက်လျက်ရှိသည့် မြန်မာ-ဂျပန်

အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီ(၂/၂၀၁၆) လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကားပြောကြား


နေပြည်တော် ဒီဇင်ဘာ ၃၀
အနာဂတ် မျိုးဆက်သစ်များ လက်ဝယ်သို့ ပိုမိုကောင်းမွန်၊ ပိုမိုသန့်ရှင်း၊ ပိုမို ရေရှည်တည်တံ့သော သဘာဝပတ်ဝန်းကျင်ကို လွှဲပြောင်းပေးနိုင်ရန် ယနေ့ မိမိတို့အား လုံး ညီညီညွတ်ညွတ် တာဝန်သိသိ အားထုတ်ကြရန် အရေးကြီးပါကြောင်း အမျိုးသား အဆင့်  ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီ နာယက ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြားသည်။

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း ဆော်ဒီအာရေဗျနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ



နေပြည်တော် ဒီဇင်ဘာ  ၃၀ 
အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းသည်   ဆော်ဒီအာရေဗျ နိုင်ငံ သံအမတ်ကြီး H.E. MR. SAHAL  MOUSTAFA  AHMED  ERGESOUS အား ယနေ့ နံနက် ၁၁  နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံသည်။

ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ် ဆော်ဒီအာရေဗျ ဘုရင့်နိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ


နေပြည်တော်၊ ဒီဇင်ဘာ ၃၀ ရက်
ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်သည်  ဆော်ဒီအာရေဗျ ဘုရင့်နိုင်ငံ သံအမတ်ကြီး H.E.Mr. SAHAL MOUSTAFA AHMED ERGESOUS အား ယနေ့ နံနက် ၁၀  နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

မဏ္ဍိုင် ၄ ရပ် အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပ


နေပြည်တော် ဒီဇင်ဘာ ၃၀

ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး မဏ္ဍိုင် ၃ ရပ်နှင့် စတုတ္ထမဏ္ဍိုင်ဖြစ်သည့် သတင်းမီဒီယာတို့အကြား ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်မှု တိုးတက်စေရန်၊ ပြည်သူများအား တိကျခိုင်မာသည့် သတင်းအချက်အလက်များ ပေးပို့နိုင်ရန်အတွက် မဏ္ဍိုင် ၄ ရပ် အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပ သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် ဆော်ဒီအာရေဗျဘုရင့်နိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ




နေပြည်တော် ဒီဇင်ဘာ ၃၀
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်  နိုင်ငံခြားရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါ်အောင်ဆန်းစုကြည်အား ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ ဆော်ဒီ အာရေဗျဘုရင့်နိုင်ငံ သံအမတ်ကြီးအဖြစ် အသစ်ခန့်အပ်ခြင်းခံရသည့် H.E. Mr. Sahal Moustafa Ahmed Ergesous က

ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ် MMGG & GSJ တို့မှ ကင်းထောက်အမျိုးသမီး ခေါင်းဆောင်များအား လက်ခံတွေ့ဆုံ




နေပြည်တော် ဒီဇင်ဘာ ၃၀  
ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်သည်  ၂၀၁၆ ခုနှစ် 4 thInternational  Camp ကိုဒီဇင်ဘာ ၂၈ ရက်မှ ၃၁ ရက်အထိ နေပြည်တော်တွင် ကျင်းပနေသော  Gold Camp အားတက်ရောက်လာသည့် MMGG & GSJ တို့မှ မြန်မာ ကင်းထောက်အမျိုးသမီးအဖွဲ့ ကင်းထောက်ချုပ် ဒေါက်တာဒေါ်တင်လှကြည် ဦးဆောင်သော အဖွဲ့နှင့် ဂျပန် ကင်းထောက် အမျိုးသမီးအဖွဲ့မှ Ms. Chikako Fujishiro ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အားယနေ့ နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌရုံးဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။

လားရှိုးမြို့အနီး လက်ပစ်ဗုံးနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ


နေပြည်တော် ဒီဇင်ဘာ ၃၀
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့မှ ၅ မိုင်ခန့်အကွာ ဘိလပ်မြေစက်ရုံ ဟောင်းအနီးတွင် ယမန်နေ့ မွန်းလွဲပိုင်းက  ပူးပေါင်းအဖွဲ့မှ ရှောင်တစ်ခင် စစ်ဆေးရာ လက်ပစ်ဗုံးနှစ်လုံး သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

မောင်တောမြို့နယ်အတွင်း အကြမ်းဖက်မှုဖြစ်စဉ်များတွင် ပါဝင်ခဲ့သူများအား ဖမ်းဆီးရမိ


နေပြည်တော် ဒီဇင်ဘာ ၃၀
ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း အကြမ်းဖက်မှုဖြစ်စဉ်များတွင် ပါဝင်ခဲ့သူ(၂)ဦးအား ယမန်နေ့ မွန်းလွဲပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဂွဆုံကျေးရွာ ရာအိမ်မှူးအား တုတ်၊ ဓား လက်နက် ကိုင်ဆောင်ထားသူများက ရိုက်နှက်၍ ဖမ်းဆီးခေါ်ဆောင်သွား

နေပြည်တော် ဒီဇင်ဘာ ၃၀
မောင်တောမြို့နယ် ဂွဆုံကျေးရွာ ရာအိမ်မှူးအား ဒီဇင်ဘာ ၂၉ ရက် ညနေပိုင်းက တုတ်၊ ဓား လက်နက်များ ကိုင်ဆောင်ထားသူ ၆ ဦးက ၀ိုင်းဝန်း ရိုက်နှက်ပြီး ကြိုးဖြင့်တုတ်ကာ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

KIA လက်နက်ကိုင် အဖွဲ့ဝင်တစ်ဦးမှ ခရီးသွားယာဉ်အား လက်နက်ငယ်ဖြင့် ပစ်ခတ်ပြီး ဆက်ကြေး ကောက်၊ ပြည်သူတစ်ဦး ဒဏ်ရာရရှိ



နေပြည်တော်၊ ဒီဇင်ဘာ ၃၀
ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ၁၂ မိုင်ကျေးရွာအနီးတွင် ဒီဇင်ဘာ ၂၉ ရက်က KIA လက်နက်ကိုင် အဖွဲ့ဝင်တစ်ဦးမှ ခရီးသွားယာဉ်အား လက်နက်ငယ်ဖြင့် ပစ်ခတ်ပြီး ဆက်ကြေးကောက်ခံခဲ့ရာ ခရီးသွားပြည်တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အောင်သာကုန်းကျေးရွာ အုပ်စု၌ နိုင်ငံသားစီစစ်ရေး ကတ်ပြား ကွင်းဆင်းဆောင်ရွက်


ဗန်းမောက် ဒီဇင်ဘာ ၃၀
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ် အောင်သာကုန်း ကျေးရွာအုပ်စု အောင်သာကုန်း ကျေးရွာမူလတန်းကျောင်း၌ ဒီဇင်ဘာ  ၂၉  ရက် ကအသက် ၁၀ နှစ်၊ ၁၈ နှစ်ပြည့် နိုင်ငံသား စီစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စု စာရင်းပြန်လည် ပြုပြင်ပေးခြင်း ကွင်းဆင်းဆောင်ရွက်သည့် လုပ်ငန်းကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ြ

၂ဝ၁၆ ခုနှစ်စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲကျင်းပ


မုံရွာ ဒီဇင်ဘာ ၃ဝ
၂ဝ၁၆ခုနှစ် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲကို ဒီဇင်ဘာလ(၃ဝ)ရက်နေ့ နံနက်(၆) နာရီခွဲက မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်ရှိ မုံရွာဂေါက်ကလပ်တွင်ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊  တိုင်းဒေသကြီး လွှတ်တော် တရားသူကြီး ချုပ်ဦးဝင်းမြင့်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာ ကိုယ်စားပြု၊ မြို့နယ်များကိုယ်စားပြု ဂေါက်သီးအားကစား သမားများဖိတ်ကြားထားသူများ တက်ရောက် ကြသည်။

Ammunition seized in Mongko and Mongngaw

December 29, 2016
While conducting an area clearance operation near Mongko yesterday morning, government troops seized 10 hand grenades, one rocket, four cartridges for an M-22, 120 bullets and a walkie-talkie hidden in a bush about three miles from Phoungsai Village.

Kayin New Year festival held on a grand scale in National Races Village in Thaketa

December 29, 2016
A festival marking the Kayin New Year for 2756 Kayin Era was held by the Organizing Committee for East Yangon Kayin New Year at the National Races Village in Tharketa in Yangon yesterday.

State Counsellor attends Kayin National New Year Day Ceremony


December 29, 2016
Daw Aung San Suu Kyi, the State Counsellor, addressed a celebration of Kayin New Year Day to ask for peace, cooperation and unity.

Thursday, December 29, 2016

မိုးလဲဒေသမူးယစ်ဆေးဝါးကင်းစင်ပပျောက်ရေး ဟောပြောပွဲကျင်းပ

ဗန်းမော် ဒီဇင်ဘာ ၂၉
ကချင်ပြည်နယ် ဗန်းမော်ခရိုင် ဒေါ့ဖုန်းယန်မြို့ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့က ကြီးမှူး၍ မိုးလဲဒေသ မူးယစ်ဆေးဝါး ကင်းစင်ပပျောက်ရေး ဟောပြောပွဲကို မံသဲကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ဒီဇင်ဘာ ၂၈ ရက် မွန်းလွဲ ၁ နာရီက ကျင်းပခဲ့သည်။

ဆောင်းမြေပဲ (ဆင်းပဒေသာ-၁၁) မျိုးစေ့ထုတ်စံပြကွက် ကွင်းသရုပ်ပြပွဲကျင်းပ

ကျောက်မြောင်း ဒီဇင်ဘာ ၂၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်၊ ကျောက်မြောင်းမြို့ ဒေသအတွင်းရှိ ဂွေးပင်ကုန်း ကျေးရွာ တောင်သူ ဦးသိန်းတန်၏ ကွင်းအမှတ် (၂၇၁၅)၊ ဦးပိုင် (၄၄) စံပြစိုက်ကွက် (၁၀) ဧကတွင် စိုက်ပျိုးထားသော ဆောင်းမြေပဲ (ဆင်းပဒေသာ-၁၁) မျိုးစေ့ထုတ်စံပြကွက် ကွင်းသရုပ်ပြပွဲကို ဒီဇင်ဘာလ ၂၈ ရက် ညနေ ၃ နာရီက ကျင်းပပြုလုပ်သည်။

လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကျင်းပ

ဂန့်ဂေါ ဒီဇင်ဘာ ၂၉
ဂန့်ဂေါခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန နှင့် ဂန့်ဂေါမြို့နယ် ပညာရေးဌာနတို့ ပူးပေါင်း၍ (၆၉) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲကို ဒီဇင်ဘာ ၂၈ ရက် နေ့လယ်ပိုင်းတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပြည်သူ့စာကြည့်တိုက်၌ ကျင်းပရာ ကျောင်းသား/ကျောင်းသူ ၁၄ ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ကြသည်။

ဘီးလင်းမြို့နယ်၌ ကရင်နှစ်သစ်ကူးပွဲတော် စည်ကားစွာ ကျင်းပ

ဘီးလင်း ဒီဇင်ဘာ ၂၉
သထုံခရိုင် ဘီးလင်းမြို့နယ်၌ နှစ်စဉ်ကျင်းပလျက်ရှိသော ကရင်နှစ်သစ်ကူးပွဲတော်ကို မဲလံဆံတော်ဘုရား တောင်ခြေရင်း၌ ဒီဇင်ဘာ ၂၈ ရက် ည ၆ နာရီက ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ၀န်ကြီးချုပ် ဦးမင်းမင်းဦး၊ ကရင်တိုင်ရင်းသားရေးရာဝန်ကြီး ဦးအောင်မြင့်ခိုင်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ KNU တပ်မဟာ (၁) မှ တပ်မဟာမှူး ဦးစောကျော်လင်းနှင့် တာဝန်ရှိသူတို့က အမျိုးသားနှစ်သစ်ကူး မင်္ဂလာမုဒ်ဦးအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

ကရင်အမျိုးသားနှစ်သစ်ကူးနေ့သဝဏ်လွှာ

ပြည်တွင်းစစ်မီး မကြာမီကာလမှာ ငြိမ်းစေရမယ်ဆိုတဲ့ မျှော်လင့်ချက်အကောင်အထည်ပေါ်လာဖို့ တိုင်းရင်းသား များအားလုံး အကြား အပြန်အလှန်နားလည်မှု၊ ယုံကြည်လေးစားမှုတွေ ပြုစုပျိုးထောင်
နေပြည်တော် ဒီဇင်ဘာ ၂၈
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်နေ့တွင် ကျရောက်သည့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အတွက် သဝဏ်လွှာတစ်စောင်ပေးပို့သည်။
အဆိုပါ သဝဏ်လွှာအပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်

Wednesday, December 28, 2016

လူရည်ချွန် (၁၉၆၄-၈၈)အဖွဲ့၏ ၂၀၁၆ ခုနှစ် နှစ်ပတ်လည်ညီလာခံနှင့်ညစာ စားပွဲကျင်းပ


သတင်း - ရီရီမြင့်
ဓာတ်ပုံ - ရဲထွဋ်
ရန်ကုန် - ဒီဇင်ဘာ ၂၈
လူရည်ချွန် (၁၉၆၄-၈၈)အဖွဲ့၏ ၂၀၁၆ ခုနှစ် နှစ်ပတ်လည်ညီလာခံနှင့်  ညစာ စားပွဲကို ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ ဆေးတက္ကသိုလ်(၁) စာသင် ခန်းမနှင့် မြက်ခင်းပြင်တို့၌ ကျင်းပသည်။

ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် ဇနီး ယေရှုခရစ်တော်၏ မွေးနေ့တော် (ခရစ္စမတ်) နှင့် နှစ်သစ်ကူး အကြို ကျေးဇူး တော်ချီးမွမ်းခြင်း ညစာစားပွဲတက်ရောက်


နေပြည်တော် ဒီဇင်ဘာ ၂၈
မြန်မာနိုင်ငံဧ၀ံဂေလိ ခရစ်ယာန်မဟာမိတ်အဖွဲ့ချုပ် (MECA)က ကြီးမှူးကျင်းပ သည့် ယေရှုခရစ်တော်၏ မွေးနေ့တော် (ခရစ္စမတ်) နှင့် နှစ်သစ်ကူးအကြို ကျေးဇူး တော်ချီးမွမ်းခြင်း ညစာစားပွဲကို ယနေ့ညနေ ၅နာရီခွဲတွင် နေပြည်တော်ရှိ သင်္ဂဟ ဟိုတယ် ၌ ကျင်းပရာ ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူ နှင့်ဇနီး တက်ရောက်ချီးမြှင့် သည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရန်ပုံငွေဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ရန်ပုံငွေဆိုင်ရာပေါင်းစပ် ညှိနှိုင်းရေးအဖွဲ့ အစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြား



နေပြည်တော်၊  ဒီဇင်ဘာလ  ၂၈
ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရန်ပုံငွေဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ ဥက္ကဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၌ ကျင်းပသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရန်ပုံငွေဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ (Joint Coordinating Body for Peace Process Funding-JCB)အစည်း အဝေးသို့တက်ရောက်အမှာ စကားပြောကြား သည်။

မြောက်ဦးမြို့၌ ဥပဒေအထောက်အကူပြုသင်တန်းဖွင့်လှစ်


မြောက်ဦး      ဒီဇင်ဘာ ၂၈
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့တွင် ဦးကျော်မြင့် Law Firm မှ ကျင်းပပြုလုပ်သည့် ဥပဒေ အထောက်အကူပြု သင်တန်းဖွင့်ပွဲ အခမ်းအနားကို ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့ နံနက ၉ နာရီ အချိန်က မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

CALDINA ​မော်​​တော်​ယာဉ်​ မှ LIFAN ​ထော်​လာဂျီအား​နောက်​မှ ၀င်​တိုက်​မှုဖြစ်​ပွား


နေပြည်​​တော်၊ ဒီဇင်ဘာ- ၂၈
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ မိုင်တိုင်အမှတ်၃၄၉/၁ နှင့်၃၄၉/၂ အကြား ယာဉ်​​မောင်ကျော်ဇင်လတ် မောင်နှင် လာသော lifan ထော်လာဂျီယာဉ် အား နေပြည်​​တော်ဘက်မှ မန္တလေးဘက်သို့ ယာဉ်​​မောင်း ဦးခင်​​မောင်ကြည် မောင်နှင်​​သော caldina ယာဉ်မှ ယနေ့နံနက် ၆နာရီ ၅ မိနစ်က ထော် လာဂျီယာဉ် နောက်ပိုင်းအား ၀င်​​ရောက်တိုက်မှုဖြစ်ပွားခဲ့ သည်။

ကလေးအားကစားပြိုင်ပွဲများ ကျင်းပ


မန္တလေး၊ ဒီဇင်ဘာ  ၂၈
၂၀၁၆ခုနှစ်၊ ကလေးအားကစား ပြိုင်ပွဲများကို ဒီဇင်ဘာ ၂၈ ရက် နံနက် (၈)နာရီက မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန ကြီးကြပ်မှုအောက်ရှိ ဒေးဝန်းမူလတန်းကြို ကျောင်းဝန်းအတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

မင်းဘူးမြို့တွင် ရွှေ့လျားဆေးကုသ ယာဉ်ဖြင့် အခမဲ့ကွင်းဆင်း ဆေးကုသမှုပေးခြင်းဆောင်ရွက်


မင်းဘူး            ဒီဇင်ဘာ            ၂၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့တွင် မြို့နယ်လူမှုဖူလုံရေးရုံးနှင့် သုခမင်္ဂလာ ဆေးခန်းတို့ ပူးပေါင်း၍ လူမှုဖူလုံရေး အကျုံးဝင် မှတ်ပုံတင်ထားသော အလုပ်ဌာနများရှိ အာမခံ အလုပ်သမားများအား ရွှေ့လျား ဆေးကုသယာဉ် (MMU) ဖြင့် အခမဲ့ကွင်းဆင်း ဆေးကုသမှုပေးခြင်းကို ဒီဇင်ဘာလ ၂၇ရက်နေ့က မြို့နယ် လျှစ်စစ်ရုံးဝန်းအတွင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

SEZs, sea port, airport to be established in southern Yangon

December 27, 2016
The Yangon government disclosed a plan yesterday to establish special economic zones in the southern district of the Yangon Region.

Radio tracking used to learn about elephants

December 27, 2016
Radio collars were fitted on five elephants in the second week of December to explore the habitat of wild elephants at Myainghaywun elephant camp, Taikkyi Township, Yangon Region, said a responsible person from the World Wildlife Fund (WWF).

Maungtaw man active in development killed

December 27, 2016
A body was found beside the Pyuma Creek between Wat Kyein village and Badakar village, Maungtaw on 26 December, it is learnt. The victim was identified as Sirazuhut from Wet Kyein village (North).

Tatmadaw columns seize point 768 (Lai Hpawng by KIA) and surrounding minor camps

December 27, 2016
After the Tatmadaw had seized outposts of KIA insurgents including the fortified Gidon Post in Waingmaw Township, Kachin State on 16 this month, its columns launched a trail attack on the point 768 (Lai Hpawng by KIA) which is located seven miles east of Myitkyina-Bhamo road and where 3rd battalion under 5th brigade of KIA insurgents headquartered on 21 this month.

Six villagers forcibly abducted by TNLA

December 27, 2016
Six villagers from Mongko village, Moemeik Township, were forcibly abducted by the Ta’an National Liberation Army (TNLA) on Sunday evening. Security forces are searching for the missing villagers.

Heroin, yaba, opium seized in Mohnyin Township


December 27, 2016
After a tip-off to police, members of the Anti-Drugs Squad Unit 1 simultaneously raided four houses in Mongnaung village, Hopim, Mohnyin Township on Monday, discovering heroin, opium and thousands of yaba tablets.

Illegal timber confiscated in Pauk township

December 27, 2016
Police from Pauk township confiscated over 50 tonnes of illegal timber in Pauk township on Sunday in Magwe region.

Two wounded in mine blasts

December 27, 2016
U Shan Lay of NamParChi village was ploughing the field on his farm to cultivate corn when he rolled over a land mine and was injured by shrapnel Tuesday morning in Kutkai Township in northern Shan State.

Four farmworkers wounded in land mine explosion



December 27, 2016
Four people were wounded on Sunday when they stepped on land mines as they were returning home Sunday afternoon from a farm where they worked in Myitkyina.

Tuesday, December 27, 2016

ဘားအံ၌ လက်ရက်ကန်း(၆)လသင်တန်းဆင်း


ဘားအံ ဒီဇင်ဘာ ၂၇
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် အသက်မွေးဝမ်းကျောင်းပညာရပ်များ သင်ကြားရခြင်းဖြင့် ပညာရပ်တစ်ခုအဖြစ် အသုံးပြု၍ မိသားစုဝင်ငွေရရှိစေပြီး ဆင်းရဲနွမ်းပါးမှုလျော့ချရေးကို အထောက်အကူပြုစေရန် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း (ဘားအံ)၏ ၂၀၁၆-၂၀၁၇ ပညာသင်နှစ် လက်ရက်ကန်း(၆)လ သင်တန်းဆင်းပွဲကို ဒီဇင်ဘာလ ၂၇ ရက်နေ့ မွန်းလွှဲ ၁ နာရီအချိန်ကအဆိုပါသင်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

ကနီမြို့နယ်တွင် ၂၀၁၆-၂၀၁၇ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စုလွှတ်တော်ရန်ပုံငွေသိန်း(၁၀၀)ဖြင့် ဆောင်ရွက်လျက် ရှိသော လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်

ကနီ၊   ဒီဇင်ဘာ   ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်တွင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွင်း လမ်း၊ တံတား၊ ဌာနဆိုင်ရာ အဆောက်အဦများနှင့် မြို့နယ်အတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိ သလို ပြည်ထောင်စု လွှတ်တော်ဖွံ့ဖြိုးရေးရန်ပုံငွေများဖြင့် ကျေးလက်ဒေသရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော လင်ပုန်းရည် ကျေးရွာအုပ်စု မိုးကောင်းကျေးရွာတွင် ရေတွင်းတူဖော်နေမှုနှင့်  အိုင်တောင်ကျေးရွာအုပ်စု နှောတောကျေးရွာ ရေပိုက်လိုင်းသွယ်တန်းခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

(၁၅) ကြိမ်မြောက် နှစ်ကျိတ်ရှစ်ဆူ ဆင်းတုတော်များ လှည့်လည်အပူဇော်ခံပွဲကျင်းပ

မြစ်ကြီးနား        ဒီဇင်ဘာ ၂၇
ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ၁၅ကြိမ်မြောက် နှစ်ကျိတ်ရှစ်ဆူ ဗုဒ္ဓဆင်းတုတော် များလှည့်လည်အပူဇော်ခံပွဲကို ယနေ့နံနက် ၉နာရီခွဲက မြစ်ကြီးနားမြို့ သာသနာ့ဗိမာန်တော်ကြီးရှိ သာသနာ့ နဂ္ဂအသင်းများ၌ ကျင်းပပြုလုပ်သည်။

ဖဲနှပ်ကောက်သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

မြစ်ကြီးနား        ဒီဇင်ဘာ ၂၇

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရန်ကြီးအောင်ရပ်ကွက်ရှိ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းတွင် ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက် ၉ နာရီက ဖဲနှပ်ကောက် သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

ခရမ်းချဉ်များ လှိုင်လှိုင်ပေါ်၍ ဈေးနှုန်းကျဆင်းသဖြင့် တောင်သူသင့်တင့်သော အကျိုးအမြတ်သာ ရရှိ

စစ်ကိုင်း ဒီဇင်ဘာ ၂၇
စစ်ကိုင်းမြို့နယ်မှ ဒေသထွက် ခရမ်းချဉ်သီးများ လှိုင်လှိုင်ပေါ်ပြီဖြစ်၍ ဈေးကွက်အတွင်း အပြိုင်ဝင်ရောက်လျက်ရှိပြီး ဈေးနှုန်းကျဆင်းလာသဖြင့် ခရမ်းချဉ်စိုက်တောင်သူများ သင့်တင့်သော အကျိုးအမြတ်သာ ရရှိကြကြောင်း ခရမ်းချဉ် ဈေးကွက်မှ သိခဲ့ရသည်။                           

ရန်ကုန်- မန္တလေးအမြန်လမ်းမကြီးတွင် ယာဉ်တိုက်မှုဖြစ်ပွား၍ ဆိုင်ကယ်မောင်းနှင်သူ သေဆုံး

တံတားဦး ဒီဇင်ဘာ  ၂၇ 
ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်အမှတ် ၃၄၉/၄ နှင့် ၅ အကြားတွင် ဒီဇင်ဘာလ ၂၇ နံနက်(၁၀)နာရီ (၃၀) မိနစ် အချိန်က ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ စကားအင်းအမြန်လမ်းစခန်း စခန်းမှူး ရဲအုပ်သိန်းဗိုလ် ဦးဆောင်ပြီးတပ်ဖွဲ့ဝင်များ အသိသက်သေအဖြစ် အမြန်လမ်းမီးသတ်ဦးစီးဌာန လက်ထောက်မီးသတ်ဦးစီးမှူး ဟိန်းသက်ဆွေနှင့် တပ်ဖွဲ့ဝင်များ အမြန်လမ်း အရေးပေါ်လူနာတင်အဖွဲ့မှ ဦးသန်းစိုးဝင်းနှင့် အဖွဲ့ဝင်များနှင့်အတူ သွားရောက် ကြည့်ရှုစစ်ဆေး ကြကြောင်း သိရသည်။

ကျောက်ဆည်ခရိုင် ပြေးခုန်ပစ် အားကစားပြိုင်ပွဲကျင်းပ

ကျောက်ဆည် ဒီဇင်ဘာ ၂၇
၂၀၁၇-ခုနှစ်၊ ဇန်န၀ါရီလ(၆)ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ပညာရေးစုံညီပွဲတော်ကျင်းပရေး အတွက် ကျောက်ဆည်ခရိုင်အတွင်းရှိ ကျောက်ဆည်၊ စဥ့်ကိုင်၊ တံတားဦး၊ မြစ်သားမြို့တို့မှ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှ ကျောင်းသား/သူများအား ပြေးခုန်ပစ် အားကစားလူရွေးချယ်ပွဲကို ဒီဇင်ဘာလ    (၂၇) ရက် နံနက် (၈) နာရီက ကျောက်ဆည်မြို့ ပြည်သူ့အားကစားကွင်းတွင် ကျင်းပကြောင်း သိရသည်။

မြန်မာ-ထိုင်း- လာအို သုံးနိုင်ငံ နယ်စပ်လူကုန်ကူးမှုပူးပေါင်းတိုက်ဖျက်ရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေး

တာချီလိတ်   ဒီဇင်ဘာ ၂၇
မြန်မာ-ထိုင်း- လာအို  သုံးနိုင်ငံ နယ်စပ်လူကုန်ကူးမှုပူးပေါင်းတိုက်ဖျက်ရေးဆိုင်ရာ  ညှိနှိုင်းဆွေးနွေးမှုကို ဒီဇင်ဘာ ၂၅ ရက်၊ နံနက်က  ထိုင်းနိုင်ငံ၊ ချင်းရိုင်းခရိုင်၊ ချင်းခေါင်မြို့၊  Fortune  River View ဟိုတယ်ရှိ  အစည်း အဝေးခန်းမ၌  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။                                  

မွန်ပြည်နယ် အခြေခံပညာကျောင်းသား အားကစားပွဲတော်ဖွင့်ပွဲ ကျင်းပ

မော်လမြိုင် ဒီဇင်ဘာ ၂၇
မွန်ပြည်နယ် အခြေခံပညာကျောင်းသား အားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၆ ရက် မွန်းလွဲ ၃ နာရီက မော်လမြိုင်မြို့ရာမည အားကစားပြိုင်ပွဲကွင်း၌ ကျင်းပပြုလုပ်ရာ ဖွင့်ပွဲတွင် မွန်ပြည်နယ် အစိုးရအဖွဲ့ဝင်လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်းက အဖွင့်မိန်ခွန်းပြောကြားပြီး အားကစားပြိုင်ပွဲကို ဖွင့်လှစ်ပေးခဲ့သည်။

ကံကောင်း-အရာတော်လမ်းရှိ ရေကျော်တံတားတည်ဆောက်ပြီးစီးပါက ဒေသခံများ ရာသီမရွေး သွားလာနိုင်တော့မည်

မိတ္ထီလာ ဒီဇင်ဘာလ ၂၇
မိတ္ထီလာမြို့နယ်အတွင်း၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်ဒေသများတွင် သွားလာမှု လွယ်ကူစေရန် လမ်းတံတားများတည်ဆောက်ခြင်းလုပ်ငန်း၊ သောက်သုံးရေအခက်အခဲမရှိစေရေးအတွက် အဝီစိတွင်းများ တူးဖော်ခြင်းလုပ်ငန်းနှင့် ကျေးလက်မီးလင်းရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ၂၀၁၆-၂၀၁၇ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ကံကောင်း-အရာတော်လမ်းပေါ်ရှိ ချောင်းအား ဒီဇင်ဘာလ ပထမပတ်မှ စတင်၍  ရေကျော်တံတားတည်ဆောက်လျက်ရှိကြောင်း သိရသည်။

ကျောက်သင်ပုန်း အသုံးပြုမှုနည်းပါးသော်လည်း စီးပွားရေးလုပ်ငန်း အဖြစ်ဆက်လက်လုပ်ကိုင်လျက်ရှိ

ချောင်းဆုံ ဒီဇင်ဘာ ၂၇
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် မုဒွန်းကျေးရွာတွင် ထွက်ရှိသည့် ကျောက်သင်ပုန်းသည် အသုံးပြုမှုနည်းပါးသော်လည်း အိမ်တွင်းမှု စီးပွားဖြစ်လုပ်ငန်းတစ်ခုအဖြစ် ဆက်လက်လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

ကျောင်းကုန်းမြို့တွင် အခြေခံပညာ ကျောင်းပေါင်းစုံ အားကစားစွမ်းရည်ဖော်ထုတ်ပွဲကျင်းပ

ဒီဇင်ဘာ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် အခြေခံပညာကျောင်းပေါင်းစုံ အားကစား စွမ်းရည်ဖော်ထုတ်ပွဲကို အ.ထ.က(၁)ကျောင်း ဘောလုံးကစားကွင်းတွင်  ဒီဇင်ဘာ ၂၆ ရက်နေ့မှစတင်၍  ဒီဇင်ဘာ ၂၇ ရက်နေ့အထိ ကျင်းပခဲ့သည်။
မူလတန်းအဆင့်တွင် မီတာ ၅၀၊မီတာ ၇၅၊ မီတာ၁၀၀၊ အလျားခုန်၊ အမြင့်ခုန် ယှဉ်ပြိုင်ခဲ့ကြပြီး၊ အလယ်တန်းဆင့်တွင် မီတာ ၁၀၀၊ မီတာ ၂၀၀၊ မီတာ ၄၀၀၊ မီတာ ၁၀၀ လက်ဆင့်ကမ်း၊ အလျားခုန်၊ အမြင့်ခုန်  ၊ သုံးဆင့်ခုန်၊ သံလုံးပစ်၊ သံပြားပစ် ယှဉ်ပြိုင်ခဲ့ကြသည်။

ပေါက်မြို့နယ်နှင့် မြိုင်မြို့နယ်အကြားတွင် တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပေါက် ဒီဇင်ဘာ ၂၇
မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ် သစ်တောဦးစီးဌာန သစ်တောဦးစီးမှူး ဦးငြိမ်းချမ်း(၄)ပါ (၈) ဦး၊ သစ်တော လုံခြုံရေးအဖွဲ့မှ အရာခံ ကံပေါ်ပါ(၅)ဦး၊ ဇီးပြား  နယ်မြေစခန်းမှူး ရဲအုပ် မောင်မောင်စိန်ပါ(၄)ဦး တို့က ဒီဇင်ဘာ ၂၅ ရက်နေ့ နံနက်ပိုင်းက ပေါက်မြို့နယ် ဇီးပြားစခန်း  ပိုင်နယ်မြေ

လူငယ်ဘောလုံးပြိုင်ပွဲကျင်းပနိုင်ရေး အလှူငွေပေးအပ်

ဂန့်ဂေါ ဒီဇင်ဘာ ၂၇
မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်တွင် လူငယ်ဘောလုံးပြိုင်ပွဲ ကျင်းပနိုင်ရေး အလှူငွေ ပေးအပ်ပွဲကို ဒီဇင်ဘာ ၂၇ ရက်က ဂန့်ဂေါခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနတွင် ပြုလုပ်ရာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ဇင်က ဂုဏ်ပြုစကား ပြောကြားခဲ့သည်။