Wednesday, November 30, 2016

မန္တလေးမြို့ မစိုးရိမ်တိုက်သစ်ကျောင်းတိုက်ရှိ သံဃာတော်များအား တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများက ဆွမ်းဆန်တော်၊ လှူဖွယ်ပစ္စည်းများ စာအောင်ဆုထာဝရငွေပဒေသာပင် အလှူငွေများလှူဒါန်း


နေပြည်တော် နိုဝင်ဘာ ၃၀
တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများမှ မန္တလေးမြို့ မစိုးရိမ်တိုက်သစ် ကျောင်းတိုက်ရှိ ဆရာတော်၊ သံဃာတော်များအား ဆွမ်းဆန်တော်၊ ဆီ၊ လှူဖွယ်ပစ္စည်း များနှင့် စာအောင်ဆုထာဝရငွေပဒေသာပင် အလှူငွေများပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်းတိုက်၌ ကျင်းပသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် စင်ကာပူဝန်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေး


စင်ကာပူ နိုဝင်ဘာ ၃၀
စင်ကာပူနိုင်ငံတွင် တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်သည် ယနေ့ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီတွင် ရှန်ဂရီလာဟိုတယ်၌ စင်ကာပူနိုင်ငံ စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲအခမ်းအနားသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် ၊ စင်ကာပူနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဗီဗီယန် ဘာလာကရစ်ရှ်နန်၊ စင်ကာပူနိုင်ငံ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး မစ္စတာ လင်မ် ဟန့်ခိုင်နှင့် တာဝန်ရှိသူများ၊ စင်ကာပူ နိုင်ငံမှ ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ကြသည်။

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေး ပဉ္စမနေ့ကျင်းပ


နေပြည်တော် နိုဝင်ဘာ ၃၀
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေး ပဉ္စမနေ့ ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ဥပဒေကြမ်း ပူးပေါင်းကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးစတီဖန် အစား အဖွဲ့ဝင် ဦးကျော်စိုးလင်းအား တွဲဖက်အတွင်းရေးမှူးအဖြစ် တာဝန် ပေးအပ်ခြင်းနှင့် တွဲဖက်အတွင်းရေးမှူး ဦးစတီဖန်အား အဖွဲ့ဝင်အဖြစ် ပြောင်းလဲ တာဝန်ပေးအပ်ခြင်းတို့ကို လွှတ်တော်က သဘောတူကြောင်း ဆုံးဖြတ်သည်။

၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲ ကျင်းပ


 ရန်ကုန်  နိုဝင်ဘာ ၃၀
၂၀၁၅ ခုနှစ်အတွက် အမျိုးသား စာပေ တစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေ ဗိမာန်စာမူဆုများ ချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် နာရီတွင် ရန်ကုန်မြို့ မြို့မကျောင်း လမ်းရှိ အမျိုးသားဇာတ်ရုံ၌ကျင်းပရာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကားပြောကြားပြီး အမျိုးသား စာပေ တစ်သက်တာဆု ရရှိသူများကို ဆုများပေးအပ်ချီးမြှင့်သည်။

ရှမ်းနှစ်သစ်ကူးပွဲတော် လွိုင်လင်မြို့၌ကျင်းပ

လွိုင်လင်၊ နိုဝင်ဘာ ၂၉
၂၁၁၁ ခုနှစ်၊ ရှမ်းနှစ်သစ်ကူးပွဲတော် ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၂၉ ရက် ၊  ညနေ (၆)နာရီက လွိုင်လင်မြို့ ရှိ နိုင်ငံတော်သံဃာ့မဟာနာယက ဒုတိယ ဥက္ကဌဆရာတော် သီတင်းသုံးရာ သာသနာ့ဝေပုလ္လဓာတ်တော်ကျောင်းတိုက်၌ ကျင်းပကြောင်းသိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ စင်ကာပူ နိုင်ငံသို့ ရောက်ရှိ


နေပြည်တော် နိုဝင်ဘာ ၃၀
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် စင်ကာပူနိုင်ငံ ၀န်ကြီးချုပ် မစ္စတာလီရှန်လွန်း၏ ဖိတ်ကြားချက်အရ စင်ကာပူသမ္မတနိုင်ငံသို့ တရားဝင် ခရီးစဉ်အဖြစ် ယနေ့ နံနက်  ၈ နာရီ မိနစ် ၂၀ တွင် ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ်မှ လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။

မြန်မာ-ထိုင်းကုန်စည်ပြပွဲနှင့် ကုန်စည် ဈေးရောင်းပွဲတော် ဘားအံ၌ ကျင်းပမည်


ဘားအံ နိုဝင်ဘာ ၃၀
ကရင်ပြည်နယ်၏မြို့တော် ဘားအံမြို့တွင် ငွေစန္ဒာလမင်းကုမ္ပဏီလီမိတက်နှင့် Kaokrai Creative Co,Ltd တို့  ပူးပေါင်း၍ မြန်မာ - ထိုင်း ကုန်စည်ပြပွဲနှင့် ကုန်စည်ဈေးရောင်းပွဲတော်ကို နိုဝင်ဘာလ ၁၆ ရက်နေ့မှ ၂၀ ရက်နေ့ထိ ငါးရက်တိုင်တိုင် နေ့စဉ် နံနက် ၉ နာရီမှ ည ၉ နာရီအချိန်ထိ စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

Golden Paddy Fields, Mount May Yu and Northern Road of Maungtaw (Part 2)

November 29, 2016

Maungtaw-Kyikanpyin-Kyeinchaung road is the main street in northern Maungtaw district, but its surface could be generously described as “tertiary” — basically coarse stones and rocks. We left Kyeinchaung for Khamaungseik in the far north, so as to be able to present our readers — the public — with actual situations on the ground. 

One-stop service provided for licensing of Kalay industrially produced jeeps

November 29, 2016
One-stop service is provided for those seeking licensing of jeeps produced in the Kalay industrial zone starting from 27 November, according to the Kalay Industrial Zone supervisory committee.

Commander-in-Chief of Defence Services speaks words of encouragement to injured Tatmadawmen

November 29, 2016
Accompanied by officials, Senior General Min Aung Hlaing, Commander-in-Chief of Defence Services met with the rank-and-file of Tatmadaw and their families receiving medical treatment at the Tatmadaw Hospital in Pyin Oo Lwin yesterday morning, giving cordial talks and speaking words of encouragement.

KIA, TNLA armed group launch artillery attacks, fire shells in Muse

November 29, 2016
Armed groups from the Kachin Independence Army (KIA) and the Ta’ang National Liberation Army (TNLA) on Monday launched artillery attacks, fired shells and extorted money from workers in factories in Homon and Kaunghmuton wards in Muse, the State Counsellor Office’s Information Committee said.

Two local residents injured by KIA landmine

November 29, 2016
Two local residents were seriously injured on Monday afternoon in the explosion of a landmine that had been planted by a KIA armed group in Shweku township, Kachin State, according to the Office of the Commander-in-Chief of Defense Services.

World Food Programme to help villagers in Koetankauk & Cheinkhali

November 29, 2016
The UN’s World Food Programme will support 424 families in the village tracts of Koetankauk and Cheinkhali in Yathetaung township, Rakhine State, according to the State Counsellor Office’s Information Committee.

Group trying to emigrate to Bangladesh arrested


November 29, 2016
Security forces detained 10 people apparently trying to emigrate to Bangladesh on Monday evening near the demarcation fence in Maungtaw township, according to the State Counsellor Office’s Information Committee.

Two Policemen From Namphatka Outpost Missing

November 29, 2016
Two policemen from the Namphatka outpost in Kutkai went missing on Monday as they returned from justice court, according to the Office of the Commander-in-Chief of Defence Services.

KIA, TNLA & MNDAA armed groups’ attack drives people from Monekoe into China

November 29, 2016
The combined troops of the Kachin Independence Army (KIA), the Ta’ang National Liberation Army (TNLA) and the Myanmar National Democratic Alliance Army (MNDAA) attacked the Monekoe area in northern Shan State on Monday, forcing many local residents to flee into Mansi township in China, according to the State Counsellor Office’s Information Committee.

Four more M150 bottles found at Yangon Airport

November 29, 2016
Four energy drink bottles suspected of being hand-made bombs were found yesterday at Terminal 1 of Yangon International Airport. But, a squad of local mine experts did not find any explosive substances or chemicals, according to the State Counsellor’s Office Information Committee.

Four improvised landmines found on Union Highway

November 29, 2016
Four improvised landmines, found in a conduit tube under the Lashio-Muse Union Highway between Kutkai and Theinni yesterday and security forces had to defuse them, according to the Office of Commander-in-Chief of Defence Services.

ဇေယျာသီရိမြို့နယ်တွင် အဆင့်မြင့်စက်ချုပ်သင်တန်း အမှတ်စဉ်(၁/၂၀၁၆) ဆင်းပွဲကျင်းပ

နေပြည်တော်၊ နိုဝင်ဘာ ၂၉
ကျေးလက်နေ အမျိုးသမီးများ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်နှင့် ကျွမ်းကျင်သည့် အပ်ချုပ်သမားများ ပေါ်ထွက်လာစေရန် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း(ဗဟို)မှ ကြီးမှူဖွင့်လှစ်သော အဆင့်မြင့် စက်ချုပ်သင်တန်း အမှတ်စဉ် (၁/၂၀၁၆) ဆင်းပွဲအခမ်းအနားကို နိုဝင်ဘာ ၂၉ ရက် နံနက် ၁၀  နာရီခွဲက နေပြည်တော် ဇေယျာသီရိမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် သန့်ရှင်းလတ်ဆတ်မှု ရှိစေရေးအတွက် ကျန်းမာရေးဆိုင်ရာ အသိပညာပေး ဆွေးနွေး ဟောပြော

နေပြည်တော်၊ နိုဝင်ဘာ ၂၉
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ကျန်းမာရေးဌာနမှ အများပြည်သူများ အစားအသောက်ဘေးအန္တရာယ် ကင်းရှင်းစေ ရေးနှင့် သန့်ရှင်းလတ်ဆတ်မှုရှိစေရေးအတွက် ရည်ရွယ်ပြုလုပ်သည့် ကျန်းမာရေးဆိုင်ရာ အသိပညာပေး ဆွေးနွေး ဟောပြောပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်မြို့မဈေး ဓမ္မာရုံ၌ကျင်းပရာ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ကျန်းမာရေးဌာနမှ ဌာနမှူး ဒေါက်တာဝေဖြိုးအောင်နှင့် ဒေါက်တာမျိုးမင်းတို့က ဆွေးနွေးဟောပြောကြရာ မြိ့မဈေးရှိ စားသောက်ဆိုင်များမှ ချက်ပြုတ်သူများနှင့် ဈေးသူဈေးသားများ တက်ရောက်ကြသည်။

ပုလဲမြို့နယ်တွင် ကျွန်းသစ်အပါအ၀င် တရားမ၀င် သစ် ၂၉ တုံး ပိုင်ရှင်မဲ့သိမ်းဆည်းရမိ

ပုလ၊ဲ နိုဝင်ဘာ ၃၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်စီမံခန့်ခွဲမှုကော်မတီ၏ဦးဆောင်မှုဖြင့်  မြို့နယ်သစ်တောဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ တရားမ၀င်သစ်များ ခိုးယူခြင်း၊ ခုတ်လှဲခြင်း၊     သယ်ဆောင်ခြင်းများကို  တားဆီး ကာကွယ် ဖမ်းဆီးလျှက်ရှိရာ နိုဝင်ဘာ   ၂၉ ရက်က ကျွန်းသစ်အပါအ၀င် တရားမ၀င်သစ် ၂၉ တုံးကို ပိုင်ရှင်မဲ့ သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

Tuesday, November 29, 2016

တတိယအကြိမ် မြန်မာ-ဂျပန် နိုင်ငံတကာသုတေသန စာတမ်းဖတ်ပွဲကို ပုသိမ်တက္ကသိုလ်တွင် ပြုလုပ်မည်

ပုသိမ်၊   နိုဝင်ဘာ   ၂၈
မြန်မာနိုင်ငံပညာရေးဝန်ကြီးဌာနနှင့် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပုသိမ်တက္ကသိုလ် ဘွဲ့နှင်း သဘင်ခန်းမတွင် နိုင်ငံတကာသုတေသနစာတမ်းဖတ်ပွဲကို ယခုနှစ် ဒီဇင်ဘာလ (၃) ရက်နေ့မှ (၅) ရက်နေ့အထိ ကျင်းပ ပြုလုပ်မည် ဖြစ်ပါသည်။ ထို့စာတမ်းဖတ်ပွဲကို ဂျပန်နိုင်ငံ၊ အမေရိကန်နိုင်ငံ၊  သြစတြေးလျနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နိုင်ငံများရှိ တက္ကသိုလ်များမှ ပါမေါက္ခများ၊ သုတေသနပညာရှင်များနှင့် ပူးပေါင်း၍မြန်မာနိုင်ငံအတွင်းရှိ တက္ကသိုလ်များမှ  ပါမေါက္ခများ   သုတေသန ပညာရှင်  ဆရာ/မများနှင့်   အခြားသော နယ်ပယ်အသီးသီးမှ သုတေသနပညာရှင်များက   သုတေသနစာတမ်းများကို   ဖတ်ကြား ကြမည် ဖြစ်ပါသည်။ စာတမ်းများမှာ ပြည်ပစာတမ်း (၁၃၇) စောင်နှင့် ပြည်တွင်းစာတမ်း (၂၉၄) စောင်၊   စုစုပေါင်း (၄၃၁) စောင်     ဖတ်ကြားကြမည် ဖြစ်ပါသည်။

မအူပင်ခရိုင်စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ဆောင်ရွက်

မအူပင်၊ နိုဝင်ဘာ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် ခရိုင်အဆင့် စားသုံးသူရေးရာ အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့၏ လုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို နိုဝင်ဘာ ၂၉ ရက် နံနက် ၉း၃၀ အချိန်က အမှတ် (၁) ရပ်ကွက်ရှိ စားသုံးသူရေးရာဦးစီးဌာန အစည်းအဝေးခန်းမတွင် ဆောင်ရွက်သည်။

လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်း (၂/၂၀၁၆) သင်တန်းဖွင့်လှစ်

မြစ်သား၊ နိုဝင်ဘာ ၂၈
မြစ်သားမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများလုပ်ငန်း စွမ်းဆောင် ရည်မြင့်မားရေးသင်တန်း (၂/၂၀၁၆) ဖွင့်ပွဲအခမ်းအနားကို (၂၈-၁၁-၂၀၁၆) ရက်နေ့ နံနက် (၀၉၀၀) နာရီ အချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ကျောက်ဖြူမြို့တွင်မော်တော်ယာဉ်များနှင့်ယာဉ်မောင်းများအားစစ်ဆေး


ကျောက်ဖြူ နိုဝင်ဘာ ၂၉
ကျောက်ဖြူမြို့နယ်၊ ရန်ကုန်-ကျောက်ဖြူကားလမ်းပေါ်ရှိ ပွိုင့်လမ်းဆုံတွင် နိုင်ဘာလ ၂၉ ရက်နေ့၊ နံနက်(၇) နာရီမှ စတင်၍ မော်တော်ယာဉ်အား စစ်ဆေးပညာပေးခြင်း၊ အရက်သောက်စားထားခြင်းရှိ/မရှိ အရက်မူးတိုင်းကရိယာဖြင့် စစ်ဆေးပညာ ပေးခြင်းနှင့် ထိုင်ခုံခါးပါတ်မပါတ်သော ယာဉ်မောင်းများအားစစ် ဆေးခြင်းများအားဆောင်ရွက်လျှက် ရှိပါကြောင်းသိရှိရပါသည်။

ခရိုင်(ပြန်/ဆက်)

ရန်​ကုန်​မှ​မော်​လမြိုင်​အထိ ဝှီးချဲတွန်းကာ သန်​စွမ်းမှုပြသသည့်​ မသန်​စွမ်းသူများအဖွဲ့ ပေါင်​မြို့နယ်​သို့ရောက်ရှိ


ပေါင်​    နိုဝင်ဘာ    ၂၉
အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ကို ကြိုဆိုဂုဏ်ပြုသည့် အကြိုလှုပ်ရှားမှုအဖြစ် ရန်ကုန်မှ မော်လမြိုင်အထိ ၀ှီးချဲတွန်းကာ သန်စွမ်းမှုစွမ်းရည်ပြသကြသည့် မသန်စွမ်းသူများအဖွဲ့သည်​ မွန်ပြည်နယ်၊ ​ပေါင်​မြို့နယ်​ ဇင်းကျိုက်​မြို့သို့ နိုဝင်ဘာ ၂၉ရက်၊ နံနက်၁၀နာရီက ရောက်ရှိခဲ့ကြကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စွမ်းရည်မြှင့်သင်တန်း (၂/၂၀၁၆) ဖွင့်လှစ်

နေပြည်တော်၊ နိုဝင်ဘာ ၂၈
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ ကြီးမှူးဖွင့်လှစ်သည့် စွမ်းရည်မြှင့်သင်တန်း (၂/၂၀၁၆) ဖွင့်ပွဲ အခမ်းအနားကို နိုဝင်ဘာလ (၂၈)ရက်နေ့ (နံနက် (၈) နာရီခွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန (ရုံးချုပ်) သင်တန်းကျောင်း ပျဉ်းမနားမြို့၌ ကျင်းပသည်။

အဆင့်မြင့်ရော်ဘာပြား ထုတ်လုပ်ခြင်းသင်တန်း ဖွင့်လှစ်

ရေး၊ နိုဝင်ဘာ၂၈
မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း စိုက်ပျိုးထုတ်လုပ်သော ရော်ဘာများ အရည်အသွေးမြင့် ထုတ်လုပ်ရေး၊ ရေရှည် အကျိုးဖြစ်ထွန်းရေးကို ရည်ရွယ်ပြီး အဆင့်မြင့်ရော်ဘာပြားထုတ်လုပ်ခြင်း သင်တန်းအမှတ်စဉ် (၂/၂၀၁၆) ကို နိုဝင်ဘာ (၂၈)ရက်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ဖွင့်လှစ်ခဲ့သည်။

အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး(မွန်းမံ)သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

ဖရူဆို၊ နိုဝင်ဘာ  ၂၈
ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ်၊ ထီးပေါ်ဆိုကျေးရွာအုပ်စု၊ ထီးပေါ်ဆိုကျေးရွာလူငယ်ဓမ္မာရုံ၌ ကျေးရွာအရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွန်းမံ) သင်တန်းဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၂၈ ရက်နံနက် ၁၀ နာရီက ကျင်းပပြုလုပ်သည်။

တရုတ်-အာဆီယံ အပျော်တမ်းကားမောင်းပြိုင်ပွဲ ဘားအံမြို့မှ ပြန်လည်ထွက်ခွာ



ဘားအံ နိုဝင်ဘာ ၂၉

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် Myanmar Tourim Resources Co.Ltd ၏ စီစဉ်မှုဖြင့် ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတားမှတစ်ဆင့် နိုဝင်ဘာ ၂၇ ရက်နေ့က မြန်မာနိုင်ငံအတွင်းသို့ ၀င်ရောက်လာသော တရုတ်နှင့် အာဆီယံနိုင်ငံ သားများ ပါဝင်သည့် အပျော်တမ်း  ကားမောင်းအဖွဲ့သည် နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက် ၇ နာရီခွဲအချိန်က တည်းခိုရာ သိရိဘားအံဟိုတယ်ရှေ့၌ အပျော်တမ်းကားမောင်းပြိုင်ပွဲ တာလွတ်ပြိုင်ပွဲကို ကျင်းပ၍ ပြန်လည်ထွက်ခွာ သွားကြကြောင်း သိရသည်။

Schools & banks in Muse reopened

November 28, 2016
Due to the recent armed attacks in Muse, northern Shan State, schools were temporarily closed. Now that the area has regained some peace and stability, schools and banks have started to reopen.

Golden Paddy Fields, Mount May Yu & Northern Road Of Maungtaw

November 28, 2016
It was round about 6 o’clock in the morning. Being the winter season, the atmosphere of the surrounding area was very cool. The grass was wet with dew sprayed for the whole night. Reflected gentle rays of the morning sun were casting pleasant sunshine over the whole environment.

Monday, November 28, 2016

"တရုတ်-မြန်မာ နှစ်နိုင်ငံစာပေနှင့် အနုပညာဖလှယ်ရေး သွားရောက်ခဲ့သော စာရေးဆရာ အဖွဲ့ပြန်လည်ရောက်ရှိ"


ရန်ကုန် နိုဝင်ဘာ ၂၈
တရုတ်-မြန်မာနှစ်နိုင်ငံ စာပေနှင့်အနုပညာဖလှယ်ရေး အစီအစဉ်အရ တရုတ် ပြည်သူ့သမ္မတနိုင်ငံ ကူမင်း၊ ပေကျင်းနှင့် ချင်းတောင်မြို့များသို့ လေ့လာရေးခရီး သွားရောက်ခဲ့သည့် မြန်မာနိုင်ငံမှ စာရေးဆရာ ဦးကျော်စွာ (ချစ်ဦးညို)ဦးဆောင်သာ

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင် အထည်ဖော်ရေးဗဟိုကော်မတီ ညှိနှိုင်းအစည်းအဝေး ကျင်းပ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မိန့်ခွန်းပြောကြား


နေပြည်တော် နိုဝင်ဘာ ၂၈
နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည် ဖော်ရေးဗဟိုကော်မတီ ညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၂နာရီတွင် နေပြည်တော် ရှိ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပရာ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မိန့်ခွန်း ပြောကြားသည်။

အမျိုးသားလွှတ်တော် တတိယ ပုံမှန်အစည်းအဝေး သတ္တမနေ့ကျင်းပ


နေပြည်တော် နိုဝင်ဘာ ၂၈
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် တတိယ ပုံမှန်အစည်းအဝေး သတ္တမနေ့ကို ယနေ့ နံနက်(၁၀)နာရီ တွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပ သည်။

ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်းနှင့် စပ်လျဉ်းသည့် အစည်းအဝေးပွဲကျင်းပ


နေပြည်တော် နိုဝင်ဘာ  ၂၈ 
၂၀၁၆-၂၀၁၇ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယေန့မွန်းလွဲ ၁ နာရီခွဲက ပြည်ထောင်စု လွှတ်တော်(D)ဆောင်၌ ကျင်းပသည်။

မူဆယ်ဒေသနယ်မြေတည်ငြိမ်အေးချမ်းလာ၍ နေရပ်စွန့်ခွာတိမ်းရှောင်သူများ နေရပ်အသီးသီးသို့ပြန်လည်ထွက်ခွာ


မူဆယ် နိုဝင်ဘာ ၂၈
မူဆယ်မြို့ရှိ ကယ်ဆယ်ရေးစခန်းများတွင် ရောက်ရှိနေသည့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင် သူများသည် ယခုအခါ နယ်မြေတည်ငြိမ်အေးချမ်းမှု ရရှိလာပြီ ဖြစ်၍ ၎င်းတို့၏ဆန္ဒအလျောက်  နေရပ်အသီးသီးသို့ ပြန်လည်ထွက်ခွာနေကြရာ

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး သတ္တမနေ့ကျင်းပ


နေပြည်တော် နိုဝင်ဘာ ၂၈
ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး သတ္တမနေ့ တွင် လွှတ်တော်ကိုယ်စားလှယ် များက လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းကဏ္ဍ ဆိုင်ရာ မေးခွန်း ၇ ခုမေးမြန်းပြီး စိုက်ပျိုးစရိတ်ထုတ် ချေးခြင်းဆိုင်ရာ အဆို ၁ ခု တင်သွင်း သည်။

မန္တလေးမြို့၌ဓါတ်ပုံပညာသင်တန်းဖွင့်ပွဲကျင်းပ

မန္တလေး၊ နိုဝင်ဘာ ၂၈
ပန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးချုပ်မှကြီးမှူးကျင်းပသော ဓါတ်ပုံပညာ သင်တန်း (၃/၂၀၁၆) ဖွင့်ပွဲကို မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်ရှိ မန္တလေးတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနရုံး သင်ခန်းခန်းမ၌ နိုဝင်ဘာ ၂၈ ရက် နံနက် ၉ နာရီ ကကျင်းပ ပြုလုပ်သည်။

ဂန့်ဂေါတွင် စပ်မျိုးနေကြာကို ဆောင်းသီးနှံအဖြစ် စိုက်ပျိုးထား၊ မိုးစပါးအပြီးတွင်လည်း လယ်သီးထပ်အဖြစ် စိုက်ပျိုးသွားရန် စီစဉ်ဆောင်ရွက်လျှက်ရှိ

ဂန့်ဂေါ နိုဝင်ဘာ ၂၈
မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်တွင် စပ်မျိုးနေကြာ ရေဆင်း(၁) မျိုးကို ဆောင်းသီးနှံအဖြစ် ၂၉၅ ဧက စိုက်ပျိုးထားကြောင်းနှင့် မိုးစပါးများ ရိတ်သိမ်းပြီးပါကလည်း လယ်သီးထပ်အဖြစ် ဆက်လက်စိုက်ပျိုးသွားရန် စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

ကုန်စည်စီးဆင်းမှုမြန်ဆန်စေရေး ကျေးရွာချင်းဆက်လမ်းများ ကျောက်ချောခင်းခြင်း ဆောင်ရွက်


 တောင်သာ  နိုဝင်ဘာ ၂၈ 
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့ နယ် ကျေးလက်ဒေသ ဖွံ့ ဖြိုးတိုးတက်ရေး ဦးစီးဌာန ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်ခွင့်ပြုရန် ပုံငွေများဖြင့်မြို့ နယ် အတွင်းကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားရေးနှင့်လမ်းပန်း ဆက်သွယ်ရေး လွယ် ကူချောမွေ့ စေရေးအတွက် မကြီးကုန်း-ညောင်ကုန်း-ပန်းပေါင်းလမ်း ကျောက်ချောခင်းခြင်းများ ကိုတင်ဒါစနစ်ဖြင့်

လွှတ်တော်ရန်ပုံငွေဖြင့်ကျေးရွာခြင်းဆက်မြေသားလမ်း ဂျင်းမြေခင်း


ဘုတလင် နိုဝင်ဘာ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ် လေးမြေကျေးရွာအုပ်စုအတွင်းရှိ ယုန်လှေးကုန်း ကျေးရွာနှင့် သမ္မတောကျေးရွာတို့ကို ဆက်သွယ်ထားသော မြေသားလမ်းအား ဂျင်းမြေခင်းခြင်းလုပ်ငန်းများ ကို လုပ်ဆောင် လျက်ရှိကြောင်း သိရသည်။

မင်းဘူး(စကု)မြို့နယ် မန်းရွှေစက်တော် မန်းချောင်းအတွင်း သင်ပုတ်ပလ္လင် တစ်ခု တွေ့ရှိ


မင်းဘူး    နိုဝင်ဘာ      ၂၈
နိုဝင်ဘာလ ၂၆ ရက် နေ့လည် (၁၂) နာရီ အချိန်က  သင်ပုတ်ပလ္လင် တစ်ခုကို မန်းရွှေစက်တော် ဘုရားပွဲ အတွက် သောင်ပြင်ဆင်ရေးလုပ်ရာမှ မြေထိုးစက်များဖြင့် မြေများသယ်ပို့စဉ် မန်းရွှေစက်တော် ရဲကင်းတည့်တည့် သောင်ပြင်အလယ်မှ အမရပူရခေတ် သင်ပုတ်ပလ္လင်တစ်ခု တွေ့ရှိရကြောင်းသိရသည်။

ရပ်ကွက်၊ကျေးရွာ အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး သင်တန်းဖွင့်


ဂန့်ဂေါ၊ နိုဝင်ဘာ ၂၈
မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ နိုဝင်ဘာ ၂၈ ရက် နံနက် ၈ နာရီက ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး သင်တန်းဖွင့်ပွဲ ကျင်းပရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဥာဏ်လှိုင်က သင်တန်းဖွင့်အမှာစကား ပြောကြားသည်။

ဇောတိက စာသင်ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲ ကျင်းပ

ပဲခူး၊ နိုဝင်ဘာ ၂၇
ပဲခူးမြို့ ပုဏ္ဏားစုရပ်ကွက၊် အခြေခံပညာ အလယ်တန်းကျောင်းဆောင်၌ နိုဝင်ဘာလ (၂၇) ရက်နေ့ နံနက် (၉)နာရီ အချိန်တွင် “ပညာပြည့်ဝနှလုံးလှသော နိုင်ငံသားများ ပေါ်ထွက်လာရေး အရှည်မျှော်တွေးကာ မွန်မြတ်သော စိတ်ထားဖြင့်” တည်ဆောက်ခဲ့သော ဇောတိကကျောင်းဆောင်သစ် အဆောက်အဦအား ပညာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။

Driving Etiquettes

November 27, 2016
Yangon is facing traffic congestions of mammoth proportions. These traffic jams are causing frustrations not only to the motorists and commuters, but also extremely annoying to the bystanders---the edestrians and the residents in the neighbourhoods of busy traffic areas. Along with the traffic congestions came the frequent cases of accidents, incidents of road rage resulting in exchanges of foul languages and sometimes even turned into scuffles.

Maungtaw paddies harvested on time

November 27,2016
The paddies in Maungtaw are being harvested in large part because peace has been restored to Maungtaw area, farmers said.

Humanitarian aid delivered to Maungtaw

November 27, 2016
The union government, state government and international organisations are delivering humanitarian aid and cash to internally displaced persons who have been forced into relief camps.

Monetary aid given to residents and staff in Muse township

November 27, 2016
The recent armed attacks in the Muse area of northern Shan State forced locals and staff members residing in Mongkoe township and Pansang (Kyugok) to take shelter in a neighboring country, which caused some hardship.

KIA, TNLA Armed Group attacks and extorts money from vehicles

November 27, 2016
Six people from Panwa village of Mangton township and one from Mongpaw village of Muse township were injured Friday in an attack by combined armed forces of the the Kachin Independence Army (KIA) and the Ta’ang National Liberation Army (TNLA), who also reportedly extorted people lorries and trucks traveling between Moegaung and Phakant as well as from merchants in Muse, according to the State Counsellor Office’s Information Committee.

Muse border trade value reaches almost $3.2 billion

November 27, 2016
The total trade value of the Muse border trade camp reached nearly US$3.2 billion this year, a decrease of over $140 million compared to the same period last year, according to the Commerce Ministry.

Sunday, November 27, 2016

အသက်မွေးဝမ်းကျောင်း လုပ်ငန်းအသစ် ဖော်ထုတ်နိုင်ရေးညှိနှိုင်းဆွေးနွေး




ရန်ကုန် နိုဝင်ဘာ ၂၇
မြန်မာ - ထိုင်း နှစ်နိုင်ငံ သဘောတူညီချက်ဖြင့် အောက်တိုဘာ ၂၆ ရက်က နှစ်နိုင်ငံ နယ်စပ်ရှိ ဒုက္ခသည်စခန်းမှ ပြန်လည်ခေါ်ယူခဲ့သည့် မိသားစုများ အနက် ရန်ကုန်တိုင်းဒေသ ကြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးမှူးရုံးတွင် ယာယီလက်ခံ စောင့်ရှောက် ထားသည့် အိမ်ထောင်စု(၄)စုအား ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး သွားရောက်တွေ့ဆုံသည်။

ဝန်ထမ်းမိသားစုများအတွက် ထောက်ပံ့ပေးအပ်ခြင်း




မူဆယ် နိုဝင်ဘာ ၂၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ရိုင်၊ မူဆယ်ဒေသအတွင်း ဖြစ်ပွားခဲ့သော ပစ်ခတ်တိုက်ခိုက်မှုများကြောင့် မုံးကိုးမြို့နယ်နှင့် ပန်ဆိုင်း(ကြူကုတ်)မြို့များရှိ ၀န်ထမ်းများနှင့် ပြည်သူများသည် စစ်ဘေးတိမ်းရှောင်ရန်အတွက် တစ်ဖက်နိုင်ငံမှ တစ်ဆင့် မူဆယ်မြို့အတွင်းသို့ ခိုလှုံ့ရောက်ရှိခဲ့သည်။ အဆိုပါ စစ်ဘေးတိမ်းရှောင် ပြည်သူများအနက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေသော ၀န်ထမ်းများနှင့် မိသားစုဝင်များအား ထောက်ပံ့ခြင်းကို ယနေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမအတွင်း ကျင်းပ သည်။

၅၂ ကြိမ်မြောက် အရှေ့တောင်အာရှဗဟိုဘဏ်ဥက္ကဌများနှင့် ၃၆ ကြိမ်မြောက် အရှေ့တောင် အာရှဗဟိုဘဏ်ဥက္ကဋ္ဌများ၏ ဘုတ်အဖွဲ့ အစည်းအဝေးများ ဒုတိယနေ့ဆက်လက်ကျင်းပ




နေပြည်တော်- နိုဝင်ဘာ ၂၇
မြန်မာနိုင်ငံမှ အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပသည့် (၅၂) ကြိမ်မြောက် အရှေ့တောင် အာရှဗဟိုဘဏ်ဥက္ကဋ္ဌများနှင့် အဆင့်မြင့်အရာရှိများအစည်းအဝေးနှင့် (၃၆) ကြိမ်မြောက် အရှေ့တောင် အာရှဗဟိုဘဏ်ဥက္ကဌများ၏ ဘုတ်အဖွဲ့အစည်းအဝေးများ (52nd SEACEN Governors’ Conference / High- Level Seminar and 36th Meeting of the SEACEN Board of Governors) ကို ဒုတိယနေ့အဖြစ် ယနြေ့ နံနက် (၉ျ) နာရီတွင် နေပြည်တော်၊ The Lake Garden Hotel ၌ ဆက်လက်ကျင်းပသည်။

မြန်မာ့ကင်းထောက်ရာပြည့်အထိမ်းအမှတ်အကြိုဖွင့်ပွဲအခမ်းအနားကျင်းပ


ရန်ကုန် - နိုဝင်ဘာ ၂၇

 မြန်မာ့ကင်းထောက်ရာပြည့် အထိမ်းအမှတ်အကြို ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ရန်ကုန်တက္ကသိုလ်စိန်ရတုခန်းမမျက်နှာစာ၌ ကျင်းပသည်။ အခမ်းအနားတွင် အထက(၂) လသာကင်းထောက်များက ဘင်ခရာနှင့်ပန်းပွားအက၊ တက္ကသိုလ်ကင်းထောက် များက ကင်းထောက်စွမ်းရည်လေ့ကျင့်ခန်းများဖြင့် သရုပ်ပြကြပြီး တက္ကသိုလ်ရိုဗာ ကင်းထောက်ကြီး ဆရာကြီးဒေါက်တာ ဦးသန်းဦး ၊ အမျိုးသမီးကင်းထောက်ကြီး ဒေါ်ဘာဘရာအိုး ၊ မြန်မာနိုင်ငံ အမျိုးသားကင်းထောက်ချုပ် ဒေါက်တာတင်ညိုနှင့် အမျိုးသမီးကင်းထောက်ချုပ် ဒေါက်တာ ဒေါ်တင်လှကြည်တို့က အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် စင်ကာပူနိုင်ငံသို့ သွားရောက်မည်



နေပြည်တော် နိုဝင်ဘာ ၂၇
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် စင်ကာပူသမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာလီရှန်လုံး၏ ဖိတ်ကြား ချက်အရ စင်ကာပူနိုင်ငံသို့ မကြာမီ ကာလအတွင်း တရားဝင်ခရီး သွားရောက် မည် ဖြစ်သည်။