Monday, October 31, 2016

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် စစ်ဦးစီးချုပ်က ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆို


နေပြည်တော် အောက်တိုဘာ ၃၁
တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်အား ယနေ့ ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီခွဲတွင် Gen. Fang Fenghui က ပေကျင်းမြို့ Ba Yi တပ်မတော်ခန်းမ မျက်နှာစာ၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် ချက်သမ္မတနိုင်ငံ စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန ၀န်ကြီးအား လက်ခံတွေ့ဆုံ


နေပြည်တော် အောက်တိုဘာ ၃၁
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါ်အောင်ဆန်းစုကြည် သည် ချက် သမ္မတနိုင်ငံ စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန ၀န်ကြီး H.E.Mr.Jan Mla’dek နှင့်အဖွဲ့အား ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဒုတိယသမ္မတ ဦးမြင့်ဆွေ ချက်သမ္မတနိုင်ငံစက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန၀န်ကြီးနှင့်အဖွဲ့အား လက်ခံ တွေ့ဆုံ


နေပြည်တော် အောက်တိုဘာ ၃၁
ဒုတိယသမ္မတ ဦးမြင့်ဆွေသည် ချက်သမ္မတနိုင်ငံ၊ စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီး H.E.Mr.Jan Mla’dek ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲ ၃ နာရီတွင် နိုင်ငံတော်သမ္မတအိမ်တော် သံတမန် ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ သည်။

ပထမအကြိမ် အင်းသားအမျိုးသားနေ့ကျင်းပ


တောင်ကြီး  အောက်တိုဘာ  ၃၁
ပထမအကြိမ်မြောက် အင်းသားအမျိုးသားနေ့ အခမ်းအနားကို ညောင်ရွှေမြို့၊ အင်းလေးဖောင်တော်ဦးဘုရားတွင် အောက်တိုဘာ ၃၁ ရက် နံနက် ၉နာရီတွင်ကျင်းပရာ အင်းလေးဒေသရှိ ရာကျော်ဆွဲလှေများဖြင့် ဖောင်တော်ဦးဘုရား သို့လှော်ခတ်လာကြပြီး ပြည်ထောင်စု လွှတ်တော်နာယက အမျိုးသား လွှတ်တော်ဥက္ကဌ ဦးမန်းဝင်းခိုင်သန်း၊ ဟိုတယ်နှင့် ခရီးသွားလာရေး ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်နှင့် တာဝန်ရှိသူတို့က ဂုဏ်ပြုဆုများ ချီးမြှင့် ပေးကြပြီး ဖောင်တော်ဦးမြတ်စွာဘုရားအား ရွှေသင်္ကန်းဆက်ကပ်ကာ ဧည့်မှတ်တမ်းတွင်လက်မှတ် ရေးထိုး ကြောင်းသိရသည်။

ဘဏ္ဍာရေးကော်မရှင် (၂/၂၀၁၆) အစည်းအဝေး ကျင်းပ


နေပြည်တော် အောက်တိုဘာ  ၃၁
ဘဏ္ဍာရေးကော်မရှင် (၂/၂၀၁၆) အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နိုင်ငံတော်သမ္မတအိမ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

တောင်ကုတ်မြို့၌ ဓာတ်မြေသြဇာ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကျင်းပ

တောင်ကုတ် အောက်တိုဘာ ၃၁
ဓာတ်မြေသြဇာ ပေးအပ်ပွဲအခမ်းအနားကို အောက်တိုဘာ ၃၁ ရက်နေ့ နံနက် (၁၀) နာရီအချိန်တွင် တောင်ကုတ်မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။

စဉ့်ကိုင်မြို့နယ်တွင် လျှပ်စီးမီးလင်းနိုင်ရန်အတွက် ကြက်လျှာကျေးရွာနှင့် မင်းကိုင်းကျေးရွာ ကွင်းဆင်း ဆောင်ရွက်


စဉ့်ကိုင် အောက်တိုဘာ ၃၀
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်တွင် မန္တလေး လျှပ်စစ်ဓါတ်အားပေးရေး ကော်ပိုရေးရှင်းမှ တာဝန်ရှိသူများနှင့် ကမ္ဘာ့ဘဏ်မှ ကိုယ်စားလှယ်အဖွဲ့များ၊ မြို့နယ်လျှပ်စစ် မန်နေဂျာ ဦးနေလင်းဖြိုးနှင့် အဖွဲ့နှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များသည် အောက်တိုဘာ (၃၀)ရက်နေ့က ကြက်လျှာကျေးရွာနှင့် မင်းကိုင်းကျေးရွာတို့ကို လျှပ်စစ်မီးလင်းရေး ဆောင်ရွက်မည့် အခြေအနေများကို ကွင်းဆင်း လေ့လာခဲ့ကြောင်း သိရသည်။

လူထုအခြေပြု အထောက်အကူ သင်တန်းဆင်းပွဲ

ပုဏ္ဏားကျွန်း  အောက်တိုဘာ ၃၁
စစ်တွေခရိုင်၊ ပုဏ္ဏားကျွန်းမြို့နယ် ခန်းမ၌ ဦးကျော်မြင့် Low Firm မှ ကြီးမှူးကျင်းပသော လူထုအခြေပြု ဥပဒေအထောက်အကူပြု သင်တန်းဆင်းပွဲကို ၃၁-၁၀-၂၀၁၆ နေ့လည်(၁) နာရီ အချိန်က ပြုလုပ်ကျင်းပရာ မြို့နယ်အုပ်ရေးမှူး နှင့် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့စည်းများနှင့် အရပ်ဖက်ပြည်သူများ၊ သင်တန်းသား/သင်တန်းသူများ စုံညီစွာ တက်ရောက်ကြသည်။

ခြံရှင်းနေစဉ် ပျားအုံအား ဓါးနှင့်ရမ်းမိရာမှ ပျားများ အကိုက်ခံရပြီး လူတစ်ဦးသေဆုံးကာ တစ်ဦး ဒဏ်ရာများ ရရှိ

ဘီးလင်း   အောက်တိုဘာ    ၃၁
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ယွန်းဒလင်းကုန်းကျေးရွာတွင် အောက်တိုဘာလ ၃၀ ရက်၊ ညနေပိုင်းက ခြံရှင်းရာမှ ပျားအုံအား ဓါးနှင့်ရမ်းမိပြီး ပျားများ အကိုက်ခံရသဖြင့် လူတစ်ဦး သေဆုံးကာ တစ်ဦး ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

ဝေါမြို့နယ်အသင်း(ရန်ကုန်)၏ နဝမအကြိမ်မြောက် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားပြုလုပ်ကျင်းပ


ဝေါ  အောက်တိုဘာ ၃၀
၂၀၁၅-၂၀၁၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား/ ကျောင်းသူများနှင့် ဂုဏ်ထူးရရန်သင်ကြားပေးသော ကျောင်းအုပ်ဆရာကြီးများနှင့် ဆရာ/ဆရာမများအား ဝေါမြို့နယ် အသင်းရန်ကုန်မှ (နဝမ) အကြိမ်မြောက် ပညာရည်ချွန်ဆုပေးပွဲကို ဝေါမြို့ဘိုး/ဘွားရိပ်သာ ဓမ္မာရုံတွင် အောက်တိုဘာလ (၃၀) ရက်နေ့ နံနက်(၉)နာရီအချိန်က ပြုလုပ်ကျင်းပခဲ့သည်။

ထီးလင်းမြို့အထွက်ကားလမ်းမပေါ်သို့ မြေသားပြိုကျမှုဖြစ်ပွား


ထီးလင်း အောက်တိုဘာ ၃၁
ဂန့်ဂေါခရိုင် ၊ ထီးလင်းမြို့နယ်တွင် အောက်တိုဘာလ (၃၀) ရက်နေ့ ည (၁၂း၀၀)နာရီခန့်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ထီးလင်း-ကျောက်ထု ကားလမ်းပိုင်း ထီးလင်းမြို့အထွက် မိုင်တိုင်အမှတ် ၂၂ လမ်းပေါ်သို့ မြေသားပြိုကျမှု ဖြစ်ပွားခဲ့သည်။

ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်


သနပ်ပင် အောက်တိုဘာ ၃၀
ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်၊ အထက(သနပ်ပင်)ခန်းမ၌ အောက်တိုဘာလ(၂၉)နှင့်(၃၀) ရက်များတွင် မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဦးဆောင်မှုဖြင့် တိုင်းကျန်းမာရေးဦးစီးဌာန၊ ရွှေပါရမီကျန်းမာရေး ဖောင်ဒေးရှင်းနှင့် မြို့သူမြို့သားများ ပူးပေါင်းစီစဉ် ကျင်းပသော ရွှေပါရမီကျန်းမာရေး ဖောင်ဒေးရှင်း၏(၃၄)ကြိမ်မြောက် ကျန်းမာရေးအလှူတော်အခမ်းအနားကို နံနက်(၁၀)နာရီအချိန်က ကျင်းပခဲ့သည်။

တတိယအကြိမ် သူနာပြု-သားဖွားဒီပလိုမာ(၃)နှစ်အောင်လက်မှတ်အပ်နှင်းခြင်းအခမ်းအနား လွိုင်ကော်မြို့၌ ပြုလုပ်


လွိုင်ကော်        အောက်တိုဘာ ၃၁
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဆေးဘက်ဆိုင်ရာ လူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီမံခန့်ခွဲရေး ဦးစီးဌာန၊ သူနာပြုနှင့် သားဖွား သင်တန်းကျောင်း(လွိုင်ကော်) မှ တတိယအကြိမ် သူနာပြု-သားဖွား ဒီပလိုမာ(၃)နှစ်အောင်လက်မှတ် အပ်နှင်းခြင်း အခမ်းအနားကို အောက်တိုဘာလ ၃၁ ရက်နေ့၊ နံနက်(၉) နာရီအချိန်က လွိုင်ကော်မြို့၊ မြို့နယ်ခန်းမ၌ ပြုလုပ်ရာ ကယားပြည်နယ် အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါက်တာ အောင်ကျော်ဌေး တက်ရောက် ဂုဏ်ပြုအမှာစကား ပြောကြားသည်။

ဒိုက်​ဦးမြို့​ဖောင်​​တော်​သီ​ကျေးရွာ၌​လောင်းကစားမှုဖမ်းဆီးရမိ


ဒိုက်ဦး အောက်တိုဘာ၃၀
အောက်တိုဘာလ ၂၉ရက်​​ နေ၅နာရီအချိန်က ပဲခူးတိုင်ဒေသကြီး ဒိုက်ဦးမြို့နယ်​​ ဖောင်​​တော်သီကျေးရွာ၊ဖောင်တ်ာသီရွာမကျောင်းပိုင်းကြီးအပိုင်းတွင်မတင်မိုးအောင်၂၇နှစ်​​ နေအိမ်​​ဈေးဆိုင်အတွင်းသို့ ဝင်​​ရောက်ရှာဖွေခဲ့ရာ ကံစမ်းမဲနံပါတ်ပါလောင်းကစားပစ္စည်းများနှင့်အတူ ကံစမ်းမဲရောင်းရငွေစက္ကူ ရောရာ (၄၁၂၅၀)ကျပ်အားတွေ့ရှိခဲ့ရသည်

လွှတ်​​တော်​ကိုယ်​စားလှယ်​များနှင့်​​ ဒေသခံပြည်​သူများ​ တွေ့ဆုံပွဲကျင်းပ


ဒိုက်ဦး အောက်တိုဘာ ၃၀
ပဲခူးတိုင်ဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ အထွေထွေအုပ်ချုပ်​​ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ အောက်တိုဘာလ ၂၉ရက်​​နေ့ မွန်းလွဲ၁နာရီအချိန်က လွှတ်​​တော်ကိုယ်စားလှယ်များနှင် ဒေသခံပြည်သူများ တွေ့ဆုံပွဲ အခမ်းအနား ကျင်းပရာ

တတိယအကြိမ် သူနာပြု-သားဖွားဒီပလိုမာ (၃) နှစ်အောင် လက်မှတ်အပ်နှင်းခြင်း အခမ်းအနား လွိုင်ကော်မြို့၌ ပြုလုပ်

လွိုင်ကော် အောက်တိုဘာ ၃၁
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဆေးဘက်ဆိုင်ရာ လူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီမံခန့်ခွဲရေးဦးစီးဌာန၊ သူနာပြုနှင့် သားဖွားသင်တန်းကျောင်း (လွိုင်ကော်) မှ တတိယအကြိမ် သူနာပြု-သားဖွား ဒီပလိုမာ (၃) နှစ်အောင်လက်မှတ် အပ်နှင်းခြင်း အခမ်းအနားကို အောက်တိုဘာလ ၃၁ ရက်နေ့၊ နံနက်(၉)နာရီအချိန်က လွိုင်ကော်မြို့၊ မြို့နယ်ခန်းမ၌ ပြုလုပ်ရာ ကယားပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါက်တာအောင်ကျော်ဌေး တက်ရောက်ဂုဏ်ပြု အမှာစကား ပြောကြားသည်။

အဆင့်မြင့်စက်ချုပ်သင်တန်း(၄/၂၀၁၆) ဆင်းပွဲ ကျင်းပ


ဒီးမော့ဆို အောက်တိုဘာ ၃၀
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများတွင် အထောက်အကူ နိုင်စေရန်အတွက် အဆင့်မြင့် စက်ချုပ်သင်တန်း (၄/၂၀၁၆) ဆင်းပွဲကို အောက်တိုဘာ ၃၀ ရက် နံနက် ၉ နာရီအချိန်က ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ် ရွှေယောက်ရပ်ကွက်တွင် ကျင်းပသည်။

ပုလဲမြို့နယ်တွင် တရားမဝင်သစ်ပိတောက်တုံး ၉၅ တုံးနှင့် မော်တော်ယာဉ်အား ပိုင်ရှင်မဲ့ သိမ်းဆည်းရမိ

ပုလဲ အောက်တိုဘာ ၃၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ် စီမံခန့်ခွဲမှုကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်သစ်တော ဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ တရားမဝင် သစ်များ ခုတ်လှဲခြင်း သယ်ဆောင်ခြင်း ခိုးယူခြင်းများကို တားဆီးကာကွယ်ဖမ်းဆီးလျက်ရှိရာ အောက်တိုဘာ ၃ဝရက်က တရားမဝင်သစ် ပိတောက်တုံး ၉၅ တုံးနှင့် မော်တော်ယာဉ်အား ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

မြစ်သားမြို့ စမုံမြစ်ရေလျှံရာမှ ကျေးရွာအုပ်စုများအတွင်း ရေ၀င်ရောက်၍ ဒေသခံများ ပြောင်းရွှေ့နေရ


မြစ်သား အောက်တိုဘာ ၃၁
မနလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်တွင် မိုးများအဆက်မပြတ် ရွာသွန်းလျက်ရှိသောကြောင့် စမုံမြစ်ရေလျှံ ရာမှ ကျေးရွာအုပ်စုများအတွင်း ရေ၀င်ရောက် ဒေသခံများ ပြောင်းရွှေ့နေရကြောင်း အောက်တိုဘာ ၃၁ နံနက် ၆ နာရီက အင်းရင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမြင့်ဆွေထံမှ သိရသည်။

ကနီမြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်များမှ လွှတ်တော်အတွေ့အကြုံများအား ဌာနဆိုင်ရာများနှင့် ပြည်သူများ တွေ့ဆုံရှင်းလင်းပွဲကျင်းပ


ကနီ အောက်တိုဘာ ၃၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်တွင် ကနီမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်မှ လွှတ်တော်အတွေ့အကြုံများကို ဌာနဆိုင်ရာ၊ ပြည်သူများနှင့် တွေ့ဆုံရှင်းလင်းပွဲကို အောက်တိုဘာ ၃၀ ရက်နေ့က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်း၌ ကျင်းပကြောင်း သိရသည်။

ဒုံဝန်းဘူတာအနီး ရထားလမ်းကူးပေါ်တွင် သဲတင်ကားနှင့် ရထား တိုက်မိ



သထုံ  အောက်တိုဘာ  ၃၀
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာအုပ်စု၊ ဒုံဝန်းကျေးရွာနှင့် ကမာစိုင်ကျေးရွာအကြား ရထားလမ်းကူးပေါ်တွင် အောက်တိုဘာ ၃၀ရက်၊ မွန်းလွဲ ၁နာရီ ၃၀ မိနစ် အချိန်ခန့်က ရန်ကုန်ဘက်မှ မော်လမြိုင်ဘက်သို့ မောင်းနှင်​​လာသော အမှတ်(၈၉) အဆန် လူစီးရထားသည် ဒုံဝန်းကျေးရွာမှ သဲတင်​​ဆောင်မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးမှ ရထားလမ်းအားဖြတ်​​ကူးစဉ် တိုက်မိ ခဲ့ကြောင်း သိရသည်၊၊

ကျွန်တော်နဲ့ပြည်သူ့ဝန်ထမ်းများ




ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်

ကျွန်တော်ဟာ လွန်ခဲ့တဲ့နှစ် ၅ဝ ကတည်းက ဝန်ထမ်းတစ်ဦးဖြစ်ခဲ့ တယ်။ ပြည်တွင်းမှာသာမက ပြည်ပနိုင်ငံများမှာလည်း ဝန်ထမ်းတစ်ဦးအနေနဲ့ တာဝန်ယူခဲ့တယ်။ အခုထိလည်း ပုံစံအမျိုးမျိုးနဲ့ တာဝန်ယူဆဲဖြစ်တယ်။ ဝန်ထမ်းတစ်ဦးဖြစ်တာကိုလည်း ဂုဏ်ယူမိတယ်။ ကျွန်တော်တို့ ငယ်ငယ်တုန်း က ရွေးချယ်စရာက သိပ်မရှိလှဘူး။ ဘွဲ့ရပြီး အစိုးရအလုပ်ကိုဝင်ကြရတာ။ မိဘ လက်ငုတ်လက်ရင်းရှိကြသူတွေက ကိုယ်ပိုင်အလုပ်လုပ်ကြတယ်။ ဒါပေမယ့် ဒါကအနည်းစု။ ခေတ်ကာလကလည်း စီးပွားရေး လုပ်ငန်းတွေ အားပေးမှုနည်းပါးတာမို့လည်း ဖြစ်တယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တရုတ်နိုင်ငံ မြန်မာသံရုံး၌ သင်တန်းသားများအား တွေ့ဆုံ






နေပြည်တော် အောက်တိုဘာ ၃ဝ

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ ရောက်ရှိနေသော တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အဖွဲ့အား ယမန်နေ့ ညပိုင်းက Shan Xi ပြည်နယ်စစ်ဒေသမှူး Maj-Gen. Gao Longfu က Xian မြို့ Hyatt Regency ဟိုတယ်၌ ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံသည်။

ပြည်သူလွှတ်တော် ဥက္ကဌ ဦးဝင်းမြင့် ခေါင်းဆောင်သော ကိုယ်စားလှယ်အ ဖွဲ့ ကိုရီးယားသမ္မတနိုင်ငံ၊ဂယောင်းဘို့နန်းတော် နှင့် ပြတိုက်သို့ သွားရောက် လေ့လာ




နေပြည်တော်၊အောက်တိုဘာ-၃၀

ကိုရီးယားသမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသော ပြည်သူ့ လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်ခေါင်းဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ် အဖွဲ့သည် ယနေ့နံနက် ဒေသစံတော်ချိန် ၉ နာရီခွဲတွင် ဆိုးလ်မြို့ရှိ ဂယောင်းဘို့ နန်းတော်နှင့်ပြတိုက်သို့သွားရောက် လေ့လာရာ တာဝန် ရှိသူများက နန်းတော်နှင့်ပြတိုက် အတွင်း လိုက်လံရှင်းလင်းပြသ ခဲ့ကြောင်း သတင်း ရရှိသည်။ 


(သတင်းစဉ်)

Saturday, October 29, 2016

ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်း အဝေး ဒုတိယနေ့ကျင်းပ


နေပြည်တော် အောက်တိုဘာ ၂၉
ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ဟိုတယ်ဇုန်ရှိ သင်္ဂဟ ဟိုတယ်၌ ကျင်းပသည်။

မဟာဓါတ်အားလိုင်းပြင်ပ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သုံး အသေးစား လျှပ်စစ်မီးလင်းရေးစနစ် ဓါတ်အားလိုင်း မီးလင်းရေး ဖွင့်ပွဲ အခမ်းအနားကျင်းပ


နေပြည်တော် အောက်တိုဘာ ၂၉
ဂျပန်နိုင်ငံသူ/နိုင်ငံသားများမှ ပံ့ပိုးကူညီသော ရန်ပုံငွေဖြင့် အာရှဖွံ့ဖြိုးရေးဘဏ်(ADB) နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော နေရောင်ခြည် စွမ်းအင်သုံး အသေးစားလျှပ်စစ် မီးလင်းရေးစနစ်ဖွင့်ပွဲ

ပုဂံဒေသ ငလျင်ဒဏ်သင့် ရှေးဟောင်းဘုရားစေတီပုထိုးများ ပြုပြင်ထိန်းသိမ်းမွမ်းမံရန် အလှူငွေပေးအပ်၊ ဆဌသင်္ဂါယနာ မဟာပါသာလှိုဏ်ဂူသိမ်တော်ကြီး အနောက်ဘက်မုခ်ဦးနှင့် ကမ္ပည်းစာတမ်းများ ဖွင့်လှစ်


ရန်ကုန်- အောက်တိုဘာ ၂၉
ပုဂံဒေသငလျင်ဒဏ်သင့် ရှေးဟောင်းဘုရားစေတီ ပုထိုးများနှင့် သာသနိက အဆောက်အဦးများပြုပြင် ထိန်းသိမ်း မွမ်းမံရန်အတွက် အလှူငွေပေးအပ်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲက ရန်ကုန်မြို့ ကမ္ဘာအေး စေတီလမ်းရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန (ရန်ကုန်ရုံးခွဲ)၌ကျင်းပရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို က  အမှာစကားပြောကြားသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် ကိုရီးယားသမ္မတနိုင်ငံ စစ်သမိုင်းပြတိုက်နှင့် အမျိုးသားပြတိုက် တို့ကို ကြည့်ရှုလေ့လာ


နေပြည်တော်- အောက်တိုဘာ ၂၉
ကိုရီးယားသမ္မတနိုင်ငံ၌ ချစ်ကြည်ရေးခရီးရောက်ရှိနေသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့်အဖွဲ့သည် ယနေ့ ဒေသစံတော်ချိန် နံနက် ၁၀ နာရီတွင် ကိုရီးယားသမ္မတနိုင်ငံ စစ်သမိုင်းပြတိုက်သို့ ရောက်ရှိပြီး ဧည့်သည် တော် မှတ်တမ်းတွင် လက်မှတ်ရေးထိုးကာ ပြတိုက်အတွင်း လှည့်လည်ကြည့်ရှုလေ့လာသည်။

အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ခေတ္တစွန့်ခွါလာကြသည့် ဒုက္ခသည်များ စစ်တွေမြို့မှ နေရပ်အသီးသီး သို့ ပြန်လည်ပို့ဆောင်


စစ်တွေ အောက်တိုဘာ၂၉
၂၀၁၆ ခုနှစ်အောက်တိုဘာလ ၉ရက်နေ့ နံနက်ပိုင်းက မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ ရသေ့ တောင်မြို့နယ် အတွင်း၌ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် စစ်တွေ၊ ကျောက်တော်နှင့် မြောက်ဦး မြို့နယ်များ သို့ ခေတ္တနေရပ်စွန့်ခွာ လာကြသည့် ဒုက္ခသည်များ အား အောက်တိုဘာလ ၂၉ရက်နေ့၊ နံနက် ၇နာရီက မလိခ အမြန်ရေယာဉ်ဖြင့် ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ပြဒါးလင်းဂူနှင့် ကမ်းပါးနီကျောက်နံရံဆေးရေးပန်းချီများ စနစ်တကျ ထိန်းသိမ်းရန်ဆောင်ရွက်


မန္တလေး အောက်တိုဘာ ၂၈
သမိုင်းမတင်မီ ရှေးခေတ်လူသားများ နေထိုင်ရေးဆွဲခဲ့ကြသည့် ကျောက်ခေတ် ကာလနံရံဆေးရေးပန်းချီများ တည်ရှိရာရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ် ဓနု ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသရှိ ပြဒါးလင်း ဂူနှင့် ကမ်းပါးနီကျောက်နံရံပန်းချီ များ စနစ်တကျ ထိန်းသိမ်းနိုင်စေရန် ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ)မှ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

အောင်စိုးမိုးကျော်-၂ ရေယာဉ်မောင်းသူ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးသို့ လာရောက်အဖမ်းခံ


ကနီ အောက်တိုဘာ ၂၈
ယင်းမာပင်ခရိုင် ကနီမြို့နယ် မိချောင်းတွင်းကျေးရွာအနီး တိမ်းမှောက်နစ်မြုပ်သော အောင်စိုးမိုးကျော်-၂ ခရီးသည် တင်အမြန်ရေယာဉ်ကို မောင်းနှင်သည့် ကိုဇော်မျိုး ဝင်းသည် တိမ်းမှောက်အပြီး ၁၃ ရက်မြောက်နေ့ အောက်တိုဘာ ၂၈ ရက် နံနက် ၁ဝ နာရီ ခန့်က စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးသို့ လာရောက် အဖမ်းခံခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူထံမှ သိရသည်။

သထုံမြို့တွင် အမှိုက်များစွန့်ပစ်ရန် ယာယီမြေနေရာသတ်မှတ်


သထုံ - အောက်တိုဘာ - ၂၉
မွန်ပြည်နယ်၊ သထုံမြို့တွင် မြို့တွင်းမှထွက်ရှိသည့် အမှိုက်များကို စနစ်တကျ စွန့်ပစ်နိုင်ရေးအတွက် ယခင်စက်မှု ၂ က ပြန်လည်စွန့်လွှတ်မြေ ဖြစ်သည့်သထုံမြို့နယ် ကြာပန်းကျေးရွာအနီးရှိမြေ ၃၈ ဧကပေါ်တွင် ၁၀ ဧကအားအမှိုက်များ စွန့်ပစ်ရန် ယာယီမြေနေရာ အဖြစ် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးမင်းမင်းဦးက ကွင်းဆင်းစစ်ဆေးကြည့်ရှုမှု အပြီး သတ်မှတ်ပေးခဲ့ကြောင်း သိရသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်နိုင်ငံ ကူမင်းမြို့သို့ရောက်ရှိ


နေပြည်တော် အောက်တိုဘာ ၂၈
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင် တရုတ်ပြည်သူ့ လွတ် မြောက်ရေးတပ်မတော် စစ်ဦးစီး ချုပ် Gen. Fang Fenghui ၏ ဖိတ်ကြားချက်အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

Friday, October 28, 2016

နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့်ဇနီး ဒေါ်စုစုလွင် ဟနွိုင်းမြို့တွင်း ကြည့်ရှုလေ့လာခဲ့ပြီး နေပြည်တော်သို့ ပြန်လည်ရောက်ရှိ


 နေပြည်တော် အောက်တိုဘာ ၂၈

ဗီယက်နမ်နိုင်ငံ၌ ရောက်ရှိနေသော  ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီး ဒေါ်စုစုလွင်တို့သည် ယနေ့နံနက်ပိုင်းတွင် ဟနွိုင်းမြို့ရှိ ဗီယက်နမ် အမျိုးသားခေါင်းဆောင် ဟိုချီမင်းနေအိမ်သို့ ရောက်ရှိပြီး နေအိမ်နှင့် ဟိုချီမင်း အသုံးပြုခဲ့သည့် စာကြည့်ခန်း၊ အိပ်ခန်း၊ အသုံးအဆောင်များကို ကြည့်ရှုလေ့လာကြကာ ဧည့်သည်တော် မှတ်တမ်းတွင် လက်မှတ်ရေးထိုးသည်။