Wednesday, August 31, 2016

(၂၁) ရာစုပင်လုံညီလာခံ ပြည်သူအများ သောင်းသောင်းဖြဖြ ချီတက်ထောက်ခံ

ရန်ကုန် သြဂုတ် ၃ဝ
ပြည်သူ့လှုပ်ရှားမှု မြှင့်တင်ရေး ကွန်ရက်ကဦးဆောင်၍ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံကို ကြိုဆို ထောက်ခံသောအားဖြင့် လူထုချီတက် ထောက်ခံပွဲကို ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ ကျောက်တံတား မြို့နယ်၌ကျင်းပ ခဲ့ရာ ချီတက်ထောက်ခံသူများ၊ ကြည့်ရှုလေ့လာသူများဖြင့် အထူးစည်ကားလှသော လူထုထောက်ခံ ပွဲကြီးတစ်ခု ဖြစ်ခဲ့သည်။ အဆိုပါ လူထုချီတက်ထောက်ခံပွဲကို ကုန်သည်လမ်းနှင့် ရွှေတိဂုံဘုရားလမ်းထောင့်မှ စတင်ထွက်ခွာလာရာ ယင်းမှတစ်ဆင့် မဟာဗန္ဓုလလမ်းအတိုင်း ဆူးလေစေတီတော်ဆီ ဦးတည်ချီတက်လာပြီး မြို့တော်ခန်းမရှေ့ရင်ပြင်တွင် အဆုံးသတ်ကာ အစီအစဉ်များ အတိုင်း ငြိမ်းချမ်းရေးနှင့်စပ်လျဉ်း၍ ဟောပြောမှုများ ပြုလုပ်ခဲ့ကြသည်။

စုံညီခုံရုံးက ရွေးကောက်ပွဲ အယူခံအမှုအမှတ် (၉)၊ (၁၀) နှင့် (၁၁) အား အပြီးသတ် အမိန့်များချမှတ်

နေပြည်တော် ဩဂုတ် ၃၀
ရခိုင်ပြည်နယ် သံတွဲမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံထားရသူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးဝင်းနိုင် အပေါ် ရခိုင်အမျိုးသားပါတီမှ ပြည်နယ်လွှတ်တော် ကိုယ်စား လှယ်လောင်း ဦးမောင်မောင်ဖြူ၏ ရွေးကောက်ပွဲကန့်ကွက်လွှာအမှုကို ၂၀၁၆ ခုနှစ် ဇွန် ၁၃ ရက်က ရွေးကောက်ပွဲခုံအဖွဲ့ (၂)က ချမှတ်ခဲ့သည့် စီရင်ချက်(အမိန့်)အား ဦးမောင်မောင်ဖြူက ကျေနပ်မှုမရှိသဖြင့် အယူခံမှုတင်သွင်းလာရာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အယူခံမှုအမှတ်(၉/၂၀၁၆)ဖြင့် လက်ခံခဲ့သည်။

အမျိုးသားလွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၇၅ (ခ) အရ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်ချက်ကို ကြေညာ

နေပြည်တော် ဩဂုတ် ၃၀
ကချင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၅) အတွက် ရွေးကောက်တင်မြှောက်ခံထားရသော လွှတ်တော် ကိုယ်စားလှယ် ဦးဇခုန်တိန့်ယိန်း၏ ရွေးကောက်တင်မြှောက်ခံရခြင်းကို ယင်းမဲဆန္ဒနယ်၌ ယှဉ်ပြိုင်အရွေးခံသူ ဦးယောနာ က ရွေးကောက်ပွဲကန့်ကွက်လွှာ တင်သွင်းသဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၆၉ အရ ရွေးကောက်ပွဲခုံ အဖွဲ့ ဖြင့်လည်းကောင်း၊ ပုဒ်မ ၇၅ အရ ရွေးကောက်ပွဲကန့်ကွက်လွှာ အယူခံမှုဖြင့်လည်းကောင်း ကြားနာ စစ်ဆေး၍ ဆုံးဖြတ်ချက်ချမှတ်ခဲ့ပြီး ဖြစ်သည်။

သံအမတ်ကြီး ဦးကိုကိုလတ်အား ဘားရိန်းနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ်ခန့်အပ်

နေပြည်တော် သြဂုတ် ၃၀

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတသည် ဆော်ဒီအာရေဗျနိုင်ငံဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီး

Tuesday, August 30, 2016

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်တို့ တွေ့ဆုံဆွေးနွေး

နေပြည်တော် သြဂုတ် ၃၀
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းတို့ သည် ယနေ့ ညနေ ၆ နာရီ ၅ မိနစ်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ တွေ့ဆုံကြ သည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များအပေါ် ကုလသမဂ္ဂမှ ဆက်လက်ကူညီပံ့ပိုးရန်နှင့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီရန်အသင့်ရှိမှု၊ လူ့အခွင့်အရေးနှင့် လူသားချင်းစာနာ ထောက်ထားမှု ကိစ္စရပ်များ၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုများ၊ မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂအကြားလက်ရှိနှင့် အနာဂတ် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း အလုပ်သဘောခရီးဖြင့် နေပြည်တော်သို့ ရောက်ရှိ

နေပြည်တော် သြဂုတ် ၃၀
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းနှင့် ဇနီးတို့သည် အလုပ်သဘောခရီးဖြင့် ယနေ့ညနေ ၅ နာရီ ၂၂ မိနစ် တွင် နေပြည်တော်သို့ အထူးလေယာဉ်ဖြင့် ရောက်ရှိကြသည်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီးဒေါ်စုစုလွင် အိန္ဒိယနိုင်ငံမှ ပြန်လည်ရောက်ရှိ

နေပြည်တော် သြဂုတ် ၃၀
နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့်ဇနီး ဒေါ်စုစုလွင်တို့သည် ယနေ့နံနက်ပိုင်းတွင် နယူးဒေလီမြို့ရှိ India Gate သို့ သွားရောက်လေ့လာကြပြီး ဧည့်သည်တော် မှတ်တမ်းတွင် လက်မှတ်ရေးထိုးသည်။

ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒသမနေ့ကျင်းပ

နေပြည်တော် သြဂုတ် ၃၀
ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ(၂၁)ရာစုပင်လုံကို ပြည်ထောင်စုလွှတ်တော်က ထောက်ခံကြိုဆိုကြောင်း ကြေညာချက် ကို ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ဒသမနေ့တွင် လွှတ်တော်၏ အတည်ပြုချက်ရယူ၍ ထုတ်ပြန်ကြေညာသည်။

မြန်မာ-ထိုင်း အပြည်ပြည်ဆိုင်ရာ နယ်စပ်ဂိတ် (၃) ခုတို့တွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာ (၁) ရက်မှစ၍ eVisa ဖြင့် ပြည်ဝင်ခွင့်ပြုမည်

နေပြည်တော် သြဂုတ် ၃၀
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသည် နိုင်ငံတော်၏ ပြောင်းလဲတိုးတက်လာသည့် အခြေအနေများနှင့်အညီ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်လိုသည့် နိုင်ငံပေါင်း (၁၀၀) မှ ကမ္ဘာလှည့် ခရီးသည်များ အတွက် online မှ Visa လျှောက်ထားသည့် eVisa စနစ် ဖြင့် ကမ္ဘာလှည့်ဗီဇာ (Tourist Visa) ကို ၂၀၁၄ ခုနှစ်၊ စက်တင်ဘာ (၁) ရက်မှစ၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် စတင်ခွင့်ပြုခဲ့ပြီး ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ (၉) ရက်တွင် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်တို့တွင် ဆက်လက်ခွင့်ပြု ပေးခဲ့သည်။

ရှေးဟောင်းစေတီပုထိုးများ ပြန်လည်ပြုပြင်ရန်အတွက် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ၏ တစ်နေ့တာ နေ့တွက်စရိတ်ကို စုပေါင်းလှူဒါန်း

နေပြည်တော် သြဂုတ် ၃၀
ယနေ့ကျင်းပသည့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန် အစည်း အဝေး ၂၃ ရက်မြောက်နေ့တွင် သြဂုတ် ၂၄ ရက်က လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် ပုဂံဒေသရှိ ယဉ်ကျေးမှုအမွေအနှစ် ရှေးဟောင်းစေတီပုထိုး များ ပြန်လည်ပြုပြင်ရန်အတွက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ၏ တစ်နေ့တာနေ့ တွက်စရိတ်ကို စုပေါင်း လှူဒါန်းရန် လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်၏ သဘောထားရယူ၍ အတည်ပြုခဲ့သည်။

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ၊ ဒုတိယပုံမှန်အစည်းအဝေး (၂၃) ရက်မြောက်နေ့တွင် အရေးကြီးအဆိုတစ်ခု တင်သွင်း

နေပြည်တော် သြဂုတ် ၃၀
 ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်၊ ဒုတိယပုံမှန်အစည်းအဝေး (၂၃) ရက်မြောက်နေ့ကို ယနေ့နံနက်ပိုင်းတွင် ဆက်လက် ကျင်းပရာ ရခိုင်ပြည်နယ် ပေါက်တောမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဇံက အရေးကြီးအဆို တစ်ရပ် တင်သွင်းသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် ဂျာမနီနိုင်ငံ Friedrich-Naumann-Foundation for Freedom (FNF) ၏ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံဆိုင်ရာ စီမံကိန်းဒါရိုက်တာအား လက်ခံတွေ့ဆုံ

နေပြည်တော် သြဂုတ် ၃၀

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် ဂျာမနီနိုင်ငံ Friedrich-Naumann-Foundation for Freedom (FNF) ၏ မြန်မာ နိုင်ငံနှင့် ထိုင်းနိုင်ငံဆိုင်ရာ စီမံကိန်း ဒါရိုက်တာ Mrs. Katrin Bannach နှင့် အဖွဲ့အား

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ ဖွင့်ပွဲအခမ်းအနား တိုက်ရိုက်ထုတ်လွှင့်မည်

နေပြည်တော် သြဂုတ် ၂၉

သြဂုတ် ၃၁ ရက် နံနက်ပိုင်းတွင် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂)၌ ကျင်းပမည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ ဖွင့်ပွဲအခမ်းအနားကို မြန်မာ့ရုပ်မြင်သံကြား (News Channel)နှင့် မြန်မာ့အသံ ရေဒီယိုအစီအစဉ်တို့မှ ယင်းနေ့ နံနက် ၉ နာရီ ၄၅ မိနစ်မှ စတင်၍ တိုက်ရိုက်ထုတ်လွှင့်ပေးသွားမည်ဖြစ်ပါကြောင်း သိရှိရသည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း အလုပ်သဘောခရီး လာရောက်မည်

နေပြည်တော် သြဂုတ် ၂၉

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရ၏ ဖိတ်ကြားချက်အရ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသို့ ၂ဝ၁၆ ခုနှစ် သြဂုတ် ၃ဝ ရက်မှ ၃၁ ရက်အထိ အလုပ် သဘောခရီး လာရောက်မည်ဖြစ်သည်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်နှင့်အတူ ၎င်း၏ဇနီး Mrs.Ban Soon-taek လည်း အတူလိုက်ပါလာမည်ဖြစ်သည်။

Monday, August 29, 2016

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မြန်မာ-ထိုင်း နှစ်နိုင်ငံ ချစ်ကြည်ရေး အထိမ်းအမှတ် ဂီတဖျော်ဖြေပွဲ တက်ရောက်အားပေး


နေပြည်တော် သြဂုတ်၂၉
မြန်မာ-ထိုင်းနှစ်နိုင်ငံချစ်ကြည်ရေး အထိမ်းအမှတ် အဖြစ် နိုင်ငံတကာမှ ဂီတ ပညာရှင် ၉၅ ဦး ပါဝင်သော The Thailand Philharmonic Orchestra(TPO) ဂီတ ဖျော်ဖြေပွဲကို ယနေ့ညနေ ၆ နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)တွင် ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ကြည့်ရှု အားပေးသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁)ရာစုပင်လုံ ပူးတွဲကျင်းပရေးကော်မတီ အစည်းအဝေးကျင်းပ


နေပြည်တော် သြဂုတ် ၂၉
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ ပူးတွဲကျင်းပရေးကော်မတီ အစည်းအဝေးကို ယနေ့ နံနက်(၉)နာရီတွင် နေပြည်တော် သင်္ဂဟဟိုတယ်၌ကျင်းပသည်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီး တို့အားအိန္ဒိယနိုင်ငံသမ္မတက ဂုဏ်ပြုကြိုဆိုသည့် အခမ်းအနားဖြင့် ကြိုဆို


နယူးဒေလီ သြဂုတ် ၂၉
နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီး ဒေါ်စုစုလွင်တို့အား အိန္ဒိယသမ္မတနိုင်ငံ သမ္မတ မစ္စတာ ပရာနာ့ဗ် မူခါဂျီးက ဂုဏ်ပြုကြိုဆိုသည့် အခမ်းအနားကို ယနေ့နံနက် (၉)နာရီတွင် နယူးဒေလီမြို့ရှိ သမ္မတ အိမ်တော်ဝင်း (Rashtrapati Bhavan) ၌ ကျင်းပသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သမ္မတ၏ အိန္ဒိယနိုင်ငံခရီးစဉ်အတွင်း ထုတ်ပြန်သော ပူးတွဲကြေညာချက်

Sunday, August 28, 2016

နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့်ဇနီး တာ့ဂ်ျမဟာသို့ သွားရောက်လေ့လာ


နယူးဒေလီ သြဂုတ်  ၂၈
နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့်ဇနီး ဒေါ်စုစုလွင်နှင့် အဖွဲ့ဝင်များသည် ယနေ့ နံနက်ပိုင်းတွင် ဂယာမြို့မှ အိန္ဒိယအထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့ကြရာ  အဂရာမြို့သို့ ဒေသ စံတော်ချိန် နံနက် ၉ နာရီ ၃၅ မိနစ်တွင် ရောက်ရှိကြသည်။
နိုင်ငံတော်သမ္မတနှင့်ဇနီးတို့အား အဂရာမြို့၌ ပြည်နယ်အုပ်ချုပ်ရေးမှူး မစ္စတာ ရှရီ ချန်ဒရာ ကန့်၊ ပြည်နယ်တရားသူကြီး မစ္စတာ ရှရီ  ဂလိုဘယ် ဒိုင်ယာ နှင့် ပြည်နယ် အဆင့်အကြီးအကဲများက အဂရာမြို့လေဆိပ်၌  ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် ခေတ္တတည်းခိုနားနေမည့် Oberoi Amarvilas ဟိုတယ်သို့ ရောက်ရှိ ကြသည်။

Friday, August 26, 2016

မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ Multi Channel Playout System တွင် ရုပ်သံလိုင်း ထည့်သွင်း ထုတ်လွှင့်ခြင်း လုပ်ငန်း ဆောင်ရွက်လိုသူများ အနေဖြင့် EOI တင်သွင်းရာ၌ ပါဝင်ရမည့် အချက်အလက်များ





မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ Multi Channel Playout System တွင် ရုပ်သံလိုင်း ထည့်သွင်း ထုတ်လွှင့်ခြင်း လုပ်ငန်း ဆောင်ရွက်လိုသူများ အနေဖြင့် EOI တင်သွင်းရာ၌ ပါဝင်ရမည့် အချက်အလက်များ

ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဗြိတိန်နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုး တက်မှုဝန်ကြီးဌာနမှ Minister of State ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ အား တွေ့ဆုံ


နေပြည်တော်၊ သြဂုတ် -၂၆
ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်များ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် ဗြိတိန်နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနမှ Minister of State Mr.Roderick James

ပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အား ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူးလာရောက်တွေ့ဆုံ


နေပြည်တော် သြဂုတ် ၂၆
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်အား ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Ms. Daisy Dell သည် ယနေ့နံနက် (၁၁)နာရီတွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက်တွေ့ ဆုံသည်။

နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စ ဆွေးနွေး


နေပြည်တော် သြဂုတ် ၂၆
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းသည်  ဗြိတိန်နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုး တိုးတက်မှုဝန်ကြီးဌာနမှ Minister of State  Mr.Roderick James Nugent Stewart ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား

မြန်မာနိုင်ငံ ပိုင်နက် ပင်လယ်နှင့် ပင်လယ်ဇုန်များ ဥပဒေကို အမျိုးသားလွှတ်တော်က အတည်ပြု


နေပြည်တော်  သြဂုတ် ၂၆
ယနေ့နံနက်ပိုင်းတွင် ကျင်းပသည့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေး ၂၁ ရက်မြောက်နေ့တွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက “မြန်မာနိုင်ငံ ပိုင်နက်ပင်လယ်နှင့် ပင်လယ်ဇုန်များဥပဒေ”ကို တစ်ပိုဒ်ချင်းစီအလိုက် လွှတ်တော်၏ အဆုံးအဖြတ်ရယူ၍ ပြင်ဆင်ထားသည့်အတိုင်း အတည်ပြုခဲ့သည်။

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ၊ ဒုတိယပုံမှန်အစည်းအဝေး (၂၁) ရက်မြောက်နေ့ဆက်လက် ကျင်းပ



နေပြည်တော် သြဂုတ် ၂၆
ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်၊ ဒုတိယပုံမှန်အစည်းအဝေး(၂၁)ရက်မြောက် နေ့ကို ယနေ့နံနက်ပိုင်းတွင် ဆက်လက်ကျင်းပရာ  ဖယ်ခုံမဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် ဦးဖိုးမောင်၏ ရွှေပြည်အေး လူငယ်ပြန်လည် ထူထောင်ရေး စခန်းအား ပြန်လည်ဖွင့်လှစ်ပေးရန်  အစီအစဉ်ရှိ မရှိ သိလိုကြောင်း မေးခွန်းကို ပြည်ထဲရေးဝန်ကြီး ဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်စိုးက ရွှေပြည်အေးစခန်းကို  ပြန်လည်ဖွင့်လှစ်ရန် အစီအစဉ်မရှိကြောင်း ဖြေကြားသည်။

Thursday, August 25, 2016

နိုင်ငံတော်သမ္မတ ဦးထင်ကျော် ငလျင်ဒဏ်သင့်ခဲ့သည့် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေမှ စေတီပုထိုးများနှင့် သာသနိက အဆောက်အအုံများကို ကြည့်ရှုစစ်ဆေး


နေပြည်တော်  သြဂုတ် ၂၅
နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် မန္တလေးတိုင်းဒေသကြီး ပုဂံ-ညောင်ဦး ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအတွင်း သြဂုတ် (၂၄)ရက်က လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့်ပျက်စီးခဲ့သည့် ရှေးဟောင်း စေတီပုထိုးများနှင့် သာသနိက အဆောက်အအုံများအား သွားရောက်ကြည့်ရှုစစ်ဆေး သည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန အလှကုန်ဆိုင်ရာ အသိပေး ကြေညာချက်

 ၁။         ကျန်းမာရေးဝန်ကြီး ဌာနသည် ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဥပဒေ လုပ်ပိုင်ခွင့်အရ အလှကုန်ပစ္စည်း ဆိုင်ရာ အမိန့်(၁/၂၀၁၀)ကို ၂၀၁၀ပြည့်နှစ်၊ အောက်တိုဘာလ (၁၅) ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ပါသည်။ 

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၂၀) ရက်မြောက်နေ့ ဆက်လက်ကျင်းပ


နေပြည်တော် သြဂုတ် ၂၅

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်၊ ဒုတိယပုံမှန်အစည်းအဝေး (၂၀) ရက် မြောက်နေ့ကို ယနေ့ နံနက်ပိုင်းတွင် ဆက်လက်ကျင်းပရာ  မရမ်းကုန်းမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဒေါ်မေ၀င်းမြင့်၏ ပရဟိတ ဘုန်းတော်ကြီးကျောင်း များတွင် မှီခိုပညာသင်ကြားနေရသော မိမိနိုင်ငံသား တိုင်းရင်းသားမိဘမဲ့ ကလေးငယ်များအား နိုင်ငံသားကတ် စိစစ်ထုတ်ပေးရေး အစီအစဉ်ရှိ မရှိ သိလိုကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် ဂျပန်နိုင်ငံ ၀န်ကြီးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် H.E. Mr. Hiroto IZUMI နှင့် အဖွဲ့အား တွေ့ဆုံ


နေပြည်တော် သြဂုတ် ၂၅

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ဂျပန်နိုင်ငံ ၀န်ကြီးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် H.E. Mr. Hiroto IZUMI နှင့်အဖွဲ့အား ယနေ့နံနက်(၁၀)နာရီတွင် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမတွင် လက်ခံတွေ့ဆုံသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး မြေငလျင်ကြောင့် အသက်ဆုံးရှုံးမှုများကို လိုက်လံကြည့်ရှု အားပေး


နေပြည်တော် သြဂုတ် ၂၅

သြဂုတ်လ ၂၄ ရက်နေ့ ညနေပိုင်းတွင် ဖြစ်ပေါ်ခဲ့သော မြေငလျင်ကြောင့် မြန်မာနိုင်ငံ ဒေသအချို့တွင် စေတီပုထိုးများ ပြိုကျပျက်စီးခြင်း၊ ဘုန်းကြီးကျောင်းနှင့် လူနေအဆောက်အဦးများ ပျက်စီးခြင်း၊ လမ်းတံတားများ ပျက်စီးခြင်းနှင့် လူများ ထိခိုက် ဒဏ်ရာရရှိခြင်း၊ လူ(၃)ဦး သေဆုံးခြင်းများ ဖြစ်ပေါ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် 

ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ ၊ ILO (ရန်ကုန်) ရုံးတွင် Liasion Officer အဖြစ် တာဝန်ထမ်းဆောင် မည့် မစ္စတာ ရိုရီမန်ဂိုဗန် နှင့် လက်ခံ တွေ့ဆုံ


 နေပြည်တော်     သြဂုတ် ၂၅            
                                                                       
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ သည် ILO (ရန်ကုန်)ရုံးတွင် Liasion Officer အဖြစ်တာဝန်ထမ်းဆောင်မည့်  မစ္စတာရိုရီမန်ဂိုဗန် နှင့်  ယနေ့ မွန်းလွဲ (၁) နာရီတွင် နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

ရုပ်သံလွှင့်မီဒီယာ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေး


နေပြည်တော် သြဂုတ် ၂၅

ရုပ်သံလွှင့်မီဒီယာ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ရုပ်သံလွှင့်လုပ်ငန်း လုပ်ကိုင်ရန် စိတ်ဝင်စားသူများနှင့် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေး ၀န်ကြီးဌာန၊ ၀န်ကြီးရုံး အစည်းအဝေး ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။

ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း ဂျပန်နိုင်ငံ ဝန်ကြီးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် H.E.Mr. Hiroto IZUMI အား လက်ခံတွေ့ဆုံ


နေပြည်တော် သြဂုတ် ၂၅


စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းသည် ယနေ့နံနက် (၈) နာရီခွဲတွင် ဂျပန်နိုင်ငံဝန်ကြီးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် H. E. Mr. Hiroto IZUMI အားစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊

ဒုတိယသမ္မတ ဦးမြင့်ဆွေ တရုတ်ပြည်သူ့သမ္မတနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးအား လက်ခံတွေ့ဆုံ


နေပြည်တော်  သြဂုတ်  ၂၅
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေသည် တရုတ် ပြည်သူ့သမ္မတနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ အင်ဒိုနီးရှား သမ္မတနိုင်ငံ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌအား တွေ့ဆုံ


နေပြည်တော် သြဂုတ် ၂၅

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် အင်ဒိုနီးရှားသမ္မတနိုင်ငံ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ မစ္စတာ အိတ်ခ်ျမာယူဒင်အား ယနေ့နံနက် (၉)နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မအိမ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း အင်ဒိုနီးရှား သမ္မတနိုင်ငံ People’s Consultative Assembly မှ Vice Chairman, H.E. Mr. H. MAHYUDIN နှင့် အဖွဲ့အား လက်ခံတွေ့ဆုံ


နေပြည်တော် သြဂုတ် ၂၅

အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းသည် အင်ဒိုနီးရှား သမ္မတနိုင်ငံ People’s Consultative Assembly မှ Vice Chairman, H.E. Mr. H. MAHYUDIN နှင့်

ဒုတိယသမ္မတ ဦးမြင့်ဆွေ ပြည်သူ့ဝန်ထမ်း ပြုပြင်ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာ စီမံချက်ရေးဆွဲရေး အကြံပြု အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်အမှာစကား ပြောကြား


နေပြည်တော် သြဂုတ် ၂၅

ဌာနဆိုင်ရာ တာဝန်ရှိသူများ ကိုယ်တိုင် ပြုပြင်ပြောင်းလဲရေးအပေါ် ကိုယ်ရော စိတ်ပါ လက်ခံယုံကြည် ဦးဆောင်သွားနိုင်သည့် အခြေအနေကို ရောက်ရှိမှသာပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်ကြီးက အောင်မြင်နိုင်မည်ဖြစ်ကြောင်း ဒုတိယသမ္မတ ဦးမြင့်ဆွေ က ပြောကြားလိုက်သည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (၂၁)ရာစု ပင်လုံကို ဂုဏ်ပြုအထိမ်းအမှတ် အထူးထုတ် စာပို့ တံဆိပ်ခေါင်း ရောင်းချမည်


နေပြည်တော် သြဂုတ် ၂၅

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ ၂၀၁၆ ခုနှစ် တိုင်းရင်းသားလူမျိုးများ အားလုံး ပါဝင်သော ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ - (၂၁)ရာစု ပင်လုံအား ဂုဏ်ပြုသည့်

Wednesday, August 24, 2016

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) တွေ့ဆုံ



နေပြည်တော် သြဂုတ် ၂၄
ငြိမ်းချမ်းရေးရရှိစေရန် စောင့်နေရသည့်အချိန်တွင် မိမိတို့နိုင်ငံ မည်မျှနစ်နာနေသည်ကို စဉ်းစားကြရန် လိုကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောကြားလိုက်သည်။

ရေနှင့် ဆက်နွယ်သည့် မူဝါဒများ၊ ဥပဒေနှင့် နည်းဥပဒေများကို ခေတ်ကာလ နှင့်အညီ ပြန်လည် သုံးသပ် ပြင်ဆင်မှုများ ဆောင်ရွက်ရမည်



နေပြည်တော် သြဂုတ် ၂၄
ရေဆိုင်ရာ စီမံခန့်ခွဲမှုများကို စနစ်တကျ ဆောင်ရွက်နိုင်ခြင်း မရှိလျှင် ရေရှည်တွင် ရေကြီး ရေလျှံမှုများနှင့် ရေရှားပါးမှုများကြောင့် စီးပွားရေးဖွံ့ဖြိုးမှုဆုတ်ယုတ်ခြင်း၊ လူမှုရေး မတည်မငြိမ်ဖြစ်ခြင်း၊ ရောဂါထူပြောခြင်းနှင့်  အာဟာရချို့တဲ့ခြင်းစသည့် အကြပ်အတည်းများသို့ ဦးတည်သွားနိုင်ကြောင်း အမျိုးသားအဆင့်ရေအရင်းအမြစ် ကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ကပြောကြားသည်။

ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူ အမေရိကန်နိုင်ငံ သံအမတ်ကြီးအား လက်ခံ တွေ့ဆုံ



နေပြည်တော် သြဂုတ် ၂၄
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူ သည် မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စတာ စကော့မာရှယ် အား နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ ယနေ့ နံနက် ၉ နာရီတွင် လက်ခံ တွေ့ဆုံသည်။

တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် အကောင် အထည်ဖော်မှု ဆိုင်ရာ ညှိနှိုင်း အစည်းအဝေး (JICM) ကျင်းပ



နေပြည်တော်  သြဂုတ်  ၂၄
တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် အကောင် အထည် ဖော်မှုဆိုင်ရာ ညှိနှိုင်း အစည်းအဝေး (JICM)ကို ယနေ့ မွန်းလွဲ ၂ နာရီတွင် သင်္ဂဟ ဟိုတယ်၌ ကျင်းပသည်။

ဒုတိယအကြိမ် ပြည်သူ့ လွှတ်တော် ၊ ဒုတိယ ပုံမှန် အစည်းအဝေး (၁၉) ရက်မြောက်နေ့ ဆက်လက် ကျင်းပ



နေပြည်တော် သြဂုတ် ၂၄
ဒုတိယအကြိမ် ပြည်သူ့ လွှတ်တော် ၊ ဒုတိယ ပုံမှန် အစည်းအဝေး (၁၉) ရက် မြောက်နေ့ကို ယနေ့ နံနက်ပိုင်းတွင် ဆက်လက် ကျင်းပရာ မကွေး တိုင်းဒေသကြီး ၊ မင်းဘူး မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းဝင်း၏ ဆွဲခန့် ဆရာ ၊ ဆရာမများအား အစိုးရခန့် ပညာရေး ၀န်ထမ်း ဆရာ ၊ ဆရာမများ အဖြစ် ခန့်ထားပေးရန် အစီအစဉ် ရှိ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက အခြေခံပညာ ဦးစီးဌာနသည် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် နေ့စားလပေး (မူလတန်းပြ) ဆရာ ၊ ဆရာမများကို ၂၀၁၃ ခုနှစ်တွင် စတင် ခေါ်ယူခဲ့ပြီး အတည်ပြု ခန့်အပ်မှု အနေဖြင့် ၂၀၁၄ ခုနှစ်တွင်  (၂၈၅၈၈) ဦး ၊ ၂၀၁၅ ခုနှစ်တွင် (၄၂၆၃၉) ဦး ၊ စုစုပေါင်း (၇၁၂၂၇) ဦး ခန့်အပ်ပေးခဲ့ပြီး ဖြစ်ပါကြောင်း ၊ ၂၀၁၆ -၁၇ ပညာသင်နှစ်တွင်လည်း (၂၄၆၈၈) ဦးကို ကျောင်းမဖွင့်မီ ခန့်ထားပေးနိုင်ခဲ့ပြီး ဖြစ်ကြောင်း

“သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ် တီထွင်မှု ဥပဒေကြမ်း” အား လွှတ်တော် ကိုယ်စားလှယ်များ ဆွေးနွေး



နေပြည်တော်  သြဂုတ် ၂၄
ဥပဒေကြမ်း တစ်ခုလုံးကို အသေးစိတ် လေ့လာသည့် အခါ အခြေခံကျပြီး အရေးကြီးသည့်  အခြေခံနည်းပညာ နားလည် တတ်ကျွမ်းသည့် သုတေသန ၀န်ထမ်းများနှင့် သုတေသန ပညာရှင်များ ရွေးချယ် ခန့်ထား တာဝန် ပေးမှုများ မပါရှိသည့် အပြင် ဆန်းသစ် တီထွင်မှုများ ဆောင်ရွက်ရန်သာ ဦးတည် ရေးဆွဲ ထားသည်ကို တွေ့ရှိရသော ကြောင့် အခြေခံ အုတ်မြစ် မခိုင်မာဘဲ လေထဲ တိုက်အိမ် ဆောက်သည့် ဥပဒေဖြစ်နေ သည်ကို တွေ့ရပါကြောင်း ရန်ကုန် တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁၂)မှ ဦးကျော်နိုင် က ပြောကြားသည်။

ရခိုင်ပြည်နယ်၏ သိမ်မွေ့နက်နဲသည့် အရေးကိစ္စများကို ဖြေရှင်းရန် အကြံပေးကော်မရှင် ဖွဲ့စည်းရှာဖွေတွေ့ရှိချက်များနှင့် အကြံပြုချက်များပါဝင်သည့် အစီရင်ခံစာကို ကော်မရှင်တည်ထောင်ပြီး ၁၂ လထက် နောက်မကျဘဲ တင်ပြရမည်

နေပြည်တော် သြဂုတ် ၂၄
နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာနက ယနေ့ရက်စွဲဖြင့် သတင်းထုတ်ပြန်ချက်တစ်ရပ်ကို ထုတ်ပြန်လိုက်သည်။ အဆိုပါ သတင်းထုတ်ပြန်ချက် အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့်ဇနီး အိန္ဒိယနိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်မည်

နေပြည်တော် ဩဂုတ် ၂၄

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီး ဒေါ်စုစုလွင်တို့သည် အိန္ဒိယသမ္မတနိုင်ငံ သမ္မတ မစ္စတာ ပရာနာ့ဗ် မူခါဂျီး ၏ ဖိတ်ကြားချက်အရ အိန္ဒိယသမ္မတနိုင်ငံသို့ မကြာမီကာလအတွင်း ချစ်ကြည်ရေးခရီး သွားရောက်မည်ဖြစ်ပါသည်။

Tuesday, August 23, 2016

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး အဌမ မြောက်နေ့ကျင်းပ

နေပြည်တော် သြဂုတ် ၂၃
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး အဌမမြောက်နေ့ကို ယနေ့နံနက် (၁၀) နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ သမဝါယမတက္ကသိုလ်၊ ကောလိပ်များနှင့် အသေးစားစက်မှုလက်မှု လုပ်ငန်ဦးစီးဌာနတို့တွင် စတင်တာဝန်ထမ်းဆောင်ကြမည့် အရာထမ်းများအား တွေ့ဆုံမှာကြား

နေပြည်တော်၊ သြဂုတ် ၂၃
သမဝါယမတက္ကသိုလ်၊ ကောလိပ်များနှင့် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနတို့တွင် စတင်တာဝန်ထမ်းဆောင် မည့် လက်ထောက်ကထိကများနှင့် လက်ထောက်အင်ဂျင်နီယာများ အရာထမ်း (၈၀) ဦးတို့အား တွေ့ဆုံခြင်း အခမ်းအနားကို  သြဂုတ် ၂၂ ရက် နေ့ နံနက် (၉) နာရီက ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက လုပ်ငန်းဆိုင်ရာများ ဆွေးနွေးမှာကြားသည်။

လယ်ယာထွက်ကုန်များ စားသုံးသူများထံ တိုက်ရိုက်ရောက်ရှိနိုင်မည့် Whole Sale Market ပေါ်ထွန်းလာရေးဆွေးနွေး

နေပြည်တော် သြဂုတ် ၂၂
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူသည် KOICA မှ စီမံကိန်းမန်နေဂျာ Dr. Dong Hwan KIM နှင့် အဖွဲ့ဝင် (၅)ဦး တို့အား ယနေ့နံနက် (၁၀)နာရီက ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံ၍ Project for Establishment of the Agricultural Marketing Centre အား မြန်မာနိုင်ငံတွင် တည်ထောင်ဆောင်ရွက်ရေး ဆိုင်ရာများ ဆွေးနွေးကြသည်။

ပြည်ထောင်စုရှေ့နေချုပ်က ADB မှ ဌာနေညွှန်ကြားရေးမှူး Mr. Winfried F. Wicklein အားတွေ့ဆုံ

နေပြည်တော်၊ သြဂုတ် ၂၃
ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် ADB မှ ဌာနေညွှန်ကြားရေးမှူး Mr. Winfried F.Wicklein ဦးဆောင်သော အဖွဲ့အားယနေ့ နံနက် ၁၀နာရီတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးရှိ သံတမန်ခန်းမ၌ တွေ့ဆုံသည်။

ရေဘေးသင့်ပြည်သူများအတွက် ဌာနအဖွဲ့အစည်းများမှ အလှူငွေများပေးအပ်

နေပြည်တော် သြဂုတ် ၂၃
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား  ယနေ့မွန်းလွဲ (၃) နာရီတွင် Four Paws Interna tional  အဖွဲ့အစည်းမှ Director of Relief Unit ,Mr. Jackson Zee ဦးဆောင်သည့် အဖွဲ့ဝင်များ လာရောက်တွေ့ဆုံခဲ့သည်။

2016 Asian Men's Club Volleyball Championship ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကျင်းပ


နေပြည်တော် ဩဂုတ် ၂၃
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အာရှဘော်လီဘောအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ဘော်လီဘောအဖွဲ့ချုပ်တို့ ပူးပေါင်းပြီး မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပသော ၂၀၁၆ ခုနှစ်၊ အာရှအမျိုးသားကလပ် ဘော်လီဘောပြိုင်ပွဲ "SMM" 2016 Yangon Aerodrome Asian Men's Club Volleyball Championship ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀) နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ (B)၌ ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် တာဝန်ရှိသူများ၊ အာရှဘော်လီဘော အဖွဲ့ချုပ်ဥက္ကဌနှင့် တာဝန်ရှိသူများ မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်ဥက္ကဌ ဦးထွန်းမြင့်နိုင်နှင့် တာဝန်ရှိသူများ၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်မှ ကိုယ်စားလှယ်များ ၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်နိုင်ငံ (၁၄) နိုင်ငံမှအားကစားသမားများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လမ်း ၊ တံတားဖွံ့ဖြိုးတိုးတက်ရေးနှင့်‌ ပြုပြင်ထိန်းသိမ်း ရေးလုပ်ငန်းများဆောင်ရွက်

နေပြည်တော် သြဂုတ် ၂၃
ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် သြဂုတ် (၂၁) ရက် နံနက်ပိုင်းတွင် ကျောက်ဆည်-ရဲရွာ-ပြင်ဦးလွင်လမ်း (ပြင်ဦးလွင်-ရဲရွာအပိုင်း) အား လမ်းဦးစီးဌာန၊ ပြင်ဦးလွင်ခရိုင်မှ ပြုပြင်ထိန်းသိမ်းထားရှိမှု အခြေအနေ ကိုလည်းကောင်း၊ တံတားဦးစီးဌာန၊ တံတား အထူးအဖွဲ့ (၄) မှ ဒုဌဝတီတံတား (ရဲရွာ-ကဗျူး) တည်ဆောက်ပြီးစီးမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက တံတားအချောသပ်လုပ်ငန်းများ လက်ရာသေသပ်ကောင်းမွန်အောင် ဆောင်ရွက်ရန်၊ တံတားပေါ်တွင် ကတ္တရာကွန်ကရစ် (AC) အမြန်ခင်းနိုင်ရေး ဆောင်ရွက်ရန်တို့ကို တာဝန်ရှိသူများအား မှာကြားသည်။