Sunday, July 31, 2016

ကမ္ဘောဒီးယား- လာအို- မြန်မာ- ဗီယက်နမ် လေးနိုင်ငံ ခရီးစဉ် ဒေသတစ်ခု ကွန်ဖရင့်သို့ ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက် အမှာစကား ပြောကြား



ရန်ကုန် ၊ ဇူလိုင် ၃၁
ကမ္ဘောဒီးယား ၊ လာအို ၊ မြန်မာနှင့် ဗီယက်နမ် (CLMV) လေးနိုင်ငံ ခရီးစဉ်ဒေသတစ်ခု (Four Countries - One Destination) ကွန်ဖရင့်ကို လေးနိုင်ငံ ခရီးသွားလုပ်ငန်း ချိတ်ဆက် ဆောင်ရွက်ခြင်းနှင့် ဘဏ်လုပ်ငန်းများ ပိုမိုကျယ်ပြန့်စွာ ပေါင်းစည်း ဆောင်ရွက်ခြင်း (Connecting Tourism and Expanding Cooperation in Banking Sector)” ခေါင်းစဉ်ဖြင့်  ရန်ကုန်မြို့ Melia Yangon Hotel ၌ ယနေ့ ဆက်လက် ကျင်းပရာ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူ တက်ရောက် အမှာစကား ပြောကြားသည်။

ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ဒုတိယအကြိမ် မိုးရာသီ သစ်ပင် စိုက်ပျိုးပွဲ အခမ်းအနား ကျင်းပ



နေပြည်တော် ဇူလိုင်-၃၁
ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း၊ရေ၊လေ) မိသားစုများ၏ ရေဆင်းဆည် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ဒုတိယအကြိမ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက် ၇ နာရီတွင် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရေဆင်းဆည် အနီး၌ ကျင်းပရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက် အားပေးပြီး အထိမ်းအမှတ် သစ်ပင်များကို စိုက်ပျိုးပေးသည်။

ပထမအကြိမ် နိုင်ငံရေး စာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီ စာအုပ် ဈေးရောင်းပွဲ တတိယနေ့ အောင်မြင်စွာ ကျင်းပပြီးစီး



သတင်း - ရီရီမြင့်၊ ဥမ္မာသန့်
ဓာတ်ပုံ -ဇော်မင်းလတ်
ရန်ကုန် - ဇူလိုင် ၃၁
ပြန်ကြားရေး ဝန်ကြီးဌာနက ကြီးမှူး ကျင်းပသည့် ပထမအကြိမ် နိုင်ငံရေး စာပေစာတမ်း ဖတ်ပွဲနှင့် မိုးရာသီစာအုပ် ဈေးရောင်းပွဲ တတိယနေ့ကို ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာန ဗဟိုပုံနှိပ်စက်ရုံ၌ ဆက်လက် ကျင်းပသည်။

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနနှင့် လူမှုရေး အဖွဲ့အစည်းများ၊ ဖောင်ဒေးရှင်းများ တွေ့ဆုံ ဆွေးနွေး



ရန်ကုန်၊ ဇူလိုင်(၃၁)
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီးဌာနနှင့် အောက်မြန်မာပြည်ရှိ လူမှုရေး အဖွဲ့အစည်းများ၊ ဖောင်ဒေးရှင်းများ တွေ့ဆုံ ဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီက ရန်ကုန် တိုင်းဒေသကြီး၊ အလုံမြို့နယ် အမှတ်(၄) အခြေခံပညာ အထက်တန်း ကျောင်းရှိ သီရိရတနာ ခန်းမ၌ ကျင်းပသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ မျက်နှာစုံညီ အစည်းအဝေးပြီးဆုံး ဖြည့်စွက်ပြင်ဆင်ချက်များဖြင့် ဘုံသဘောထားများ ရယူစုစည်းနိုင်ခဲ့

သတင်း - ရဲခေါင်ညွန့်
ဓာတ်ပုံ - ဖိုးထောင်
မိုင်ဂျာယန် ဇူလိုင် ၃ဝ
ကချင်ပြည်နယ် မိုင်ဂျာယန်တွင် ဇူလိုင် ၂၆ ရက်မှ ၃ဝ ရက် အထိ ငါးရက်တာပြုလုပ်ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ မျက်နှာစုံညီအစည်းအဝေးတွင် အဓိကရည်ရွယ်ချက်နှစ်ခုဖြစ်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံကျင်းပရေးအတွက် အကြိုညှိနှိုင်းခြင်းနှင့် အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ခြင်းဆိုင်ရာ ဘုံသဘောထား ရပ်တည်ချက်များ ရယူရေးတို့ကို အခြေခံ၍ အပြန်အလှန် ဆွေးနွေးချက်များ၊ ဖြည့်စွက်ချက်များ၊ ပြင်ဆင်ချက်များဖြင့် ဘုံသဘောထားများကို ရယူစုစည်းနိုင်ခဲ့ကြောင်း သိရသည်။

နိုင်ငံရေးစာပေစာတမ်းဖတ်ပွဲအပေါ် စာတမ်းရှင်များ၏ သဘောထားအမြင်များ

တွေ့ဆုံမေးမြန်း- ရီရီမြင့်၊ ဥမ္မာသန့် ဓာတ်ပုံ- ဇော်မင်းလတ်
ရန်ကုန် ဇူလိုင် ၃ဝ
ပြန်ကြားရေးဝန်ကြီးဌာနက ကြီးမှူးကျင်းပသည့် ပထမအကြိမ် နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီ စာအုပ် ဈေးရောင်းပွဲကို ယနေ့ ဒုတိယနေ့အဖြစ် ဆက်လက်ကျင်းပရာ စာတမ်းရှင်များဖြစ်ကြသည့် ဦးသန်းဌေး(သင့်နော်)၊ ဦးကျော်ဇံလှ (ညီစေမင်း)နှင့် ဦးအောင်မြင့်ဦး (အောင်မြင့်ဦး-လူထု) တို့၏ နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲအပေါ် သဘောထားအမြင်များကို မြန်မာ့သတင်းစဉ်က ကောက်နုတ်စုစည်းတင်ပြလိုက်ရပါသည်။

လေးနိုင်ငံခရီးစဉ်ဒေသတစ်ခု ကွန်ဖရင့်ကျင်းပ

ရန်ကုန် ဇူလိုင် ၃ဝ
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့၏ဦးဆောင်မှု၊ ဗီယက်နမ်နိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးဘဏ် (BIDV)၊ Hoang AnhGiaLia (HAGL) Corporationနှင့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနိုင်ငံတို့ရှိ ဗီယက်နမ်ရင်းနှီးမြှုပ်နှံသူများအသင်းတို့၏ ပံ့ပိုးကူညီမှုဖြင့် ''လေးနိုင်ငံခရီးစဉ်ဒေသတစ်ခု (Four Countries- One Destination)'' ကွန်ဖရင့်ကို ''လေးနိုင်ငံခရီးသွားလုပ်ငန်း ချိတ်ဆက်ဆောင်ရွက်ခြင်းနှင့် ဘဏ်လုပ်ငန်းများ ပိုမိုကျယ်ပြန့် စွာ ပေါင်းစည်းဆောင်ရွက်ခြင်း (Connecting Tourism and Expanding Cooperation in Banking Sector)'' ခေါင်းစဉ်ဖြင့် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ Melia Hotel ၌ ကျင်းပသည်။

နယ်စပ်ရေးရာပြည်ထောင်စုဝန်ကြီး ထိုင်းကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံ ဧရာဝတီတိုင်းဒေသကြီးအတွင်း ဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်

နေပြည်တော် ဇူလိုင် ၃ဝ
နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်အား ထိုင်းနိုင်ငံ တရားရေးဝန်ကြီး H.E. Gen. Paiboon Koomchaya ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင် ၂၈ ရက် မွန်းလွဲ ၃ နာရီ တွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံသည်။

Saturday, July 30, 2016

ဒုတိယအကြိမ် နေပြည်တော်သို့ လေ့လာရေးခရီးလာရောက်ခဲ့ကြသော ကချင်၊ ကယား၊ မွန်နှင့် ရခိုင်တိုင်းရင်းသား အဖွဲ့များအား နှုတ်ဆက်ဂုဏ်ပြုတွေ့ဆုံပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ ဇူလိုင် ၃၀
နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူလူထုများအတွက် အခြေခံလိုအပ်ချက်များအား အချိန်တိုအတွင်း ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရန်အတွက် ပထမရက်(၁၀၀) စီမံကိန်းအား အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ မိမိတို့ ဝန်ကြီးဌာန အနေဖြင့် လုပ်ငန်းစဉ် (၉) ရပ်ချမှတ်၍  အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပြီး

ပထမအကြိမ် နိုင်ငံရေးစာပေစာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ်ဈေးရောင်းပွဲ ဒုတိယနေ့ ဆက်လက်ကျင်းပ

ရန်ကုန် ဇူလိုင် ၃၀
ပြန်ကြားရေးဝန်ကြီးဌာနက ကြီးမှူးကျင်းပသည့် ပထမအကြိမ်နိုင်ငံရေး စာပေစာတမ်း ဖတ်ပွဲနှင့် မိုးရာသီစာအုပ်ဈေးရောင်း ပွဲ ဒုတိယနေ့ကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေး ဦးစီးဌာန ဗဟိုပုံနှိပ်စက်ရုံ၌ ဆက်လက်ကျင်းပသည်။

ငြိမ်းချမ်းရေးကော်မရှင်နှင့် “၀”အထူးဒေသ-၂ ကိုယ်စားအလှယ်အဖွဲ့တွေ့ဆုံ

နေပြည်တော် ဇူလိုင်  ၃၀
ဒေါက်တာတင်မျိုးဝင်း ဥက္ကဋ္ဌအဖြစ်ဦးဆောင်သည့် ငြိမ်းချမ်းရေးကော်မရှင်နှင့် “၀”ပြည်သွေးစည်းညီညွတ်ရေးပါတီ ဗဟို ပေါလစ်ဗျူရိုအမြဲတမ်းကော်မတီ ဒုတိယ အထွေထွေအတွင်းရေးမှူးချုပ် ဦးပေါက်ယူယိ ဦးဆောင်သည့် “၀”အထူးဒေသ-၂ ကိုယ်စားအလှယ်အဖွဲ့သည် ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ တွေ့ဆုံကြသည်။

စာပေဝါသနာရှင်များ အလွယ်တကူဝယ်ယူ ဖတ်ရှုနိုင်ရန် စာပေဗိမာန် တိုးချဲ့စာအုပ်ဆိုင်သစ် ယနေ့ဖွင့်လှစ်


ရန်ကုန် ဇူလိုင် ၂၉
စာပေဝါသနာရှင်များ စာပေကိုပိုမို လေ့လာနိုင်ရန်နှင့် အလွယ်တကူ ဝယ်ယူဖတ်ရှုနိုင်ရန် ပြန်ကြားရေးဝန်ကြီး ဌာန ၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနက ရန်ကုန်မြို့ ကုန်သည်လမ်း နှင့် ၃၇ လမ်းထောင့်တွင် ဖွင့်လှစ်ထားသည့် စာပေဗိမာန်စာအုပ်ဆိုင်အပြင် တိုးချဲ့စာအုပ်ဆိုင် အသစ်ကို ယနေ့ ဖွင့်လှစ်လိုက်သည်။

Friday, July 29, 2016

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် UWSA “၀”အဖွဲ့နှင့် NDAA(မိုင်းလား)အဖွဲ့တို့အား ရင်းရင်းနှီးနှီးတွေ့ဆုံ


နေပြည်တော်၊ ဇူလိုင်- ၂၉
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ ရှမ်းပြည်နယ်အထူးဒေသ(၂)မှ UWSA “၀ အဖွဲ့ ဒုတိယအထွေထွေအတွင်းရေးမှူးချုပ် ဦးပေါက်ယူရိ ဦးဆောင်သောအဖွဲ့နှင့် ရှမ်းပြည်နယ်အထူးဒေသ(၄)မှ NDAA (မိုင်းလား) အဖွဲ့ဥက္ကဋ္ဌ ဦးစိုင်းလင်း ဦးဆောင်သောအဖွဲ့တို့အား ခင်မင်ရင်းနှီးစွာ တွေ့ဆုံသည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံ ဆိုင်ရာ နယ်သာလန်နိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ


နေပြည်တော် ၊ ဇူလိုင် - ၂၉
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့မွန်းလွဲ ၁ နာရီတွင် ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌ မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန်နိုင်ငံသံအမတ်ကြီး H.E.Mr. Wouter Robert Marie Jurgen အား လက်ခံတွေ့ဆုံသည်။

နိုင်ငံတော် သမ္မတ ဦးထင်ကျော်ထံ မက္ကဆီကို၊ နယ်သာလန်နှင့် ပေါ်တူဂီ နိုင်ငံတို့မှ သံအမတ်ကြီးများ ခန့်အပ်လွှာပေးအပ်




နေပြည်တော် ဇူလိုင် ၂၉
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးထင်ကျော်ထံ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘော တူညီပြီးဖြစ်သောမက္ကဆီကို ပြည်ထောင်စုနိုင်ငံသံအမတ်ကြီးမစ္စတာ ရိုဂယ်လီရိုဂရန် ဂေလ်ဟုမ်းမော်ဖင်းသည် ယနေ့နံနက်(၁၀)နာရီတွင် လည်းကောင်း၊ နယ်သာလန်နိုင်ငံ သံအမတ်ကြီးမစ္စတာ ဝေါင်တာ ရောဘတ်မာရီရာဂန်စ်သည် ယနေ့နံနက်(၁၀)နာရီခွဲတွင် လည်းကောင်း၊ ပေါ်တူဂီနိုင်ငံသံအမတ်ကြီးမစ္စတာဖရန်စစ္စကိုဗာ့စ် ပါတိုကိုသည် ယနေ့ နံနက်(၁၁)နာရီတွင် လည်းကောင်းနေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်

ရခိုင်ပြည်နယ် ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များသို့ မဟာဓာတ်အားလိုင်းမှ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးရန် ဆောင်ရွက်လျက်ရှိ


နေပြည်တော် ဇူလိုင် ၂၉
ပုဏ္ဏားကျွန်း-ရသေ့တောင်-ဘူးသီးတောင်-မောင်တော ၆၆ ကေဗွီ ဓာတ်အားလိုင်း (၇၈)မိုင်ခန့်နှင့် ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော ၆၆ ကေဗွီ ဓာတ်အားခွဲရုံ များအတွက် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေ ၂ရာခိုင်နှုန်းနှင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေ ၃ရာခိုင်နှုန်း စုစုပေါင်း ၅ရာခိုင်နှုန်း ရရှိခဲ့ပြီး ဓာတ်အားလိုင်း အူကြောင်းတိုင်းတာခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိပါကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်းက ပြောကြားသည်။

နိုင်ငံတကာတွင် ကျင့်သုံးနေသည့် ပြည်သူ့ဝန်ထမ်း လေ့ကျင့်ရေးကျောင်းများမှ ဘာသာရပ်ပို့ချမှုများကို လေ့လာသုံးသပ်ပြီး နိုင်ငံတကာအဖွဲ့အစည်းများမှ ပညာရှင်များနှင့် ပူးပေါင်းကာ လက်ရှိအုပ်ချုပ်ရေး ယန္တရားအသစ်နှင့် အညီ သင်ရိုးညွှန်းတမ်းများ ပြင်ဆင်ရေးဆွဲ ဆောင်ရွက်လျက်ရှိ


နေပြည်တော် ဇူလိုင် ၂၉
ဗဟိုဝန်ထမ်းတက္ကသိုလ်များတွင် ဖွင့်လှစ်နေသည့် သင်တန်းများနှင့် ဘာသာရပ် ပို့ချမှုများအပေါ် ပြန်လည်သုံးသပ်သည့် အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၆ ခုနှစ် မေ(၂) ရက်နှင့်(၃)ရက်တို့တွင် ကျင်းပခဲ့ကြောင်း၊ နိုင်ငံတကာတွင် ကျင့်သုံးနေသည့် ပြည်သူ့ ၀န်ထမ်းလေ့ကျင့်ရေးကျောင်းများမှ ဘာသာရပ်ပို့ချမှုများကို လေ့လာသုံးသပ်ပြီး UNDP ၊ EU(GOPA) ၊ World Bank ၊ KOICA ၊ APCICT ၊ Hanns Seidel Foundation စသည့် နိုင်ငံတကာအဖွဲ့အစည်းများမှ ပညာရှင်များနှင့် ပူးပေါင်းကာ လက်ရှိအုပ်ချုပ်ရေး ယန္တရားအသစ်နှင့်အညီ သင်ရိုးညွှန်းတမ်းများ ပြင်ဆင်ရေးဆွဲဆောင်ရွက်လျက်ရှိပါ ကြောင်း ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာဝင်းသိမ်းက ယနေ့တွင် ကျင်းပသည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး စတုတ္ထနေ့တွင် ပြောကြားသည်။

UNESCO ၏အစီအစဉ်ဖြင့် ကျင်းပသည့် “Experts Consultation Meeting on Bagan World Heritage Outstanding Universal Value (OUV)” နှင့် “Experts Meeting on the Strategic Action Plans for the Management of Bagan” အစည်းအဝေးကျင်းပ

မန္တလေးဇူလိုင် (၂၉)
UNESCO ၏ အစီအစဉ်ဖြင့် ဇူလိုင်(၂၆)ရက်မှ (၂၉)ရက်နေ့အထိ မန္တလေးမြို့ ဟိုတယ်မန္တလေး၌ ကျင်းပပြုလုပ်သောExperts Consultation Meeting on Bagan World Heritage Outstanding Universal Value (OUV)” နှင့် “Experts Meeting on the Strategic Action Plans for the Management of Bagan” အစည်းအဝေးတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်တို့သည် ယနေ့နံနက်ပိုင်းတွင် တက်ရောက်၍ အမှာစကား ပြောကြားကြသည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် ဂျပန်နိုင်ငံ အထက်လွှတ်တော် အမတ်နှင့် ဂျပန်-မြန်မာပါလီမန် ချစ်ကြည်ရေး အသင်း ဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ


နေပြည်တော် ဇူလိုင် ၂၉
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် ဂျပန်နိုင်ငံ အထက်လွှတ်တော် အမတ်နှင့် ဂျပန်-မြန်မာ ပါလီမန် ချစ်ကြည်ရေး အသင်းဥက္ကဋ္ဌ Mr.Ichiro AISAWA ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် "ဝ"နှင့်မိုင်းလား အထူးဒေသများမှ လူငယ် ၁၀၀ ကျော် တွေ့ဆုံပွဲ အမေး အဖြေ


source - DVB
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် "၀" နှင့်မိုင်းလားအထူးဒေသမှ လူငယ် ၁၀၀ နဲ့ ဒီကနေ့ နေပြည်တော်မှာတွေ့ဆုံအမှာစကားပြောကြားပြီး မေးမြန်းချက်တွေကို ဖြေကြားပါတယ်။ အဓိကအားဖြင့် ဘာသာစကားအခက်အခဲတွေကို ကျော်လွှားဖို့၊ တခြားတိုင်းနဲ့ ပြည်နယ်တွေကို ထိတွေဆက်ဆံဖို့၊ ပညာရေးကို အလေးပေးဖို့ ဦးစားပေးပြောဆို သွားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းနဲ့ အမေးအဖြေ အစီအစဉ် အပြည့်အစုံကို ဖော်ပြပါတယ်။

ပင်လုံစိတ်ဓါတ်ကို အခြေခံ၍ တည်ဆောက်မည့် ၂၁ ရာစု ပင်လုံညီလာခံမှာ လုံခြုံမှုနှင့် လွတ်လပ်မှုပေးနိုင်သည့် ခိုင်မာသော ပြည်ထောင်စု ဖြစ်ပေါ်လာရေးအတွက် ညှိနှိုင်းဆွေးနွေးကြမည့် အရေးကြီးသော ပထမ ခြေလှမ်း ဖြစ်


နေပြည်တော် ဇူလိုင် ၂၉
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် “၀” အထူး ဒေသ(၂)မှ “၀” ပြည်သွေးစည်း ညီညွတ်ရေးပါတီ ဗဟိုပေါလစ်ဗျူရိုအမြဲတမ်း ဒုတိယ အထွေထွေ အတွင်းရေးမှူးချုပ် ဦးပေါက်ယူယိ ဦးဆောင်သည့်အဖွဲ့ဝင်များ၊ အထူး ဒေသ(၄)မိုင်းလား ငြိမ်းချမ်းရေးနှင့် စည်းလုံးရေး ကော်မတီဥက္ကဋ္ဌ ဦးစိုင်းလင်း ဦးဆောင်သည့်အဖွဲ့ဝင်များအား ယနေ့နံနက် (၉)နာရီ ၄၅ မိနစ်တွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ လက်ခံတွေ့ဆုံသည်။

Thursday, July 28, 2016

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ မျက်နှာစုံညီအစည်းအဝေး တတိယနေ့ ဆက်လက် ကျင်းပ


မိုင်ဂျာယန် ဇူလိုင် ၂၈
ကချင်ပြည်နယ် မိုင်ဂျာယန်တွင် ပြုလုပ်လျက်ရှိသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်း များ၏ မျက်နှာစုံညီအစည်းအဝေး တတိယနေ့ကို ယနေ့နံနက် ၈ နာရီ ခွဲ တွင်  ဆက်လက် ကျင်းပသည်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော် ၂၀၁၆ ခုနှစ် ၀န်ကြီးဌာနပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား တက်ရောက်အားပေး


နေပြည်တော် ဇူလိုင် ၂၈
၂၀၁၆ ခုနှစ် အဋ္ဌမအကြိမ် ၀န်ကြီးဌာနပေါင်းစုံအမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ ညနေ(၃)နာရီတွင် နေပြည်တော်ရှိ ၀ဏ္ဏသိဒ္ဓိ အားကစား ပြိုင်ကွင်း၌ကျင်းပရာ နိုင်ငံတော် သမ္မတ ဦးထင်ကျော် တက်ရောက်အားပေးသည်။

အမျိုးသားစာကြည့်တိုက် (ရန်ကုန်) အား ရန်ကုန်မြို့လယ်ကောင်သို့ ပြောင်းရွှေ့ဖွင့်လှစ်မည်


နေပြည်တော် ဇူလိုင် ၂၈
အမျိုးသားစာကြည့်တိုက် (ရန်ကုန်) အား ရန်ကုန်မြို့လယ်ကောင်ရှိ ပြည်သူများ အလွယ်တကူ ၀င်ထွက် သွားလာ နိုင်သည့်နေရာသို့ ပြောင်းရွှေ့ဖွင့်လှစ်ရေးနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ပိုင်းတွင် နိုင်ငံတော်သမ္မတ အိမ်တော်၌ ကျင်းပသည်။

အချိန်အခါကြည့်ပြီးမှ ကိုယ့်နိုင်ငံအတွက် ရသင့်ရထိုက်တာကို မျှမျှတတ တောင်းဆိုမှဖြစ်မှာ


လာအိုနိုင်ငံတွင် ဇူလိုင် ၂၃ ရက်မှ ၂၆ ရက်ထိ ကျင်းပ သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး နှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ခဲ့ သည့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာသတင်းမီဒီယာများ ဇူလိုင် ၂၆ ရက် ဒေသစံတော်ချိန် ည ၁၀ နာရီခွဲတွင် ဗီယင်ကျန်းမြို့ရှိ လာအိုနိုင်ငံဆိုင်ရာ မြန်မာသံရုံး၌ တွေ့ဆုံ ခဲ့ကြသည်။
ထိုသို့တွေ့ဆုံစဉ် သတင်းထောက်များ၏ မေးမြန်းချက် များအပေါ် ပြည်ထောင်စုဝန်ကြီး ပြန်လည်ဖြေကြားခဲ့ သည်များကို ရေးသားတင်ပြလိုက်ရပါသည်-

Wednesday, July 27, 2016

(၄၉) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေး များသို့ တက်ရောက်ခဲ့သော ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ


နေပြည်တော်၊ ဇူလိုင် ၂၇
နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် လာအို ပြည်သူ့ဒီမိုကရက် တစ် သမ္မတ နိုင်ငံ၊ ဗီယင်ကျန်း မြို့၌ ဇူလိုင် (၂၃) မှ (၂၆) ရက်အထိ ကျင်းပ ခဲ့သည့် (၄၉) ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေး များသို့ တက်ရောက်ခဲ့ပြီး ဇူလိုင် (၂၇) ရက် ညနေပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ပါသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ မျက်နှာစုံညီ အစည်းအဝေး ဒုတိယနေ့ ဆက်လက် ကျင်းပ


သတင်း..ရဲခေါင်ညွန့် ၊ ဓါတ်ပုံ..ဖိုးထောင်
မိုင်ဂျာယန် ဇူလိုင် ၂၇
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစု ပင်လုံတက်ရောက်နိုင်ရေး နှင့်  အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးတို့အတွက် နိုင်ငံရေး ဘုံသဘောတူညီချက်များ ရယူနိုင်ရန် ရည်ရွယ်ကျင်းပသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ မျက်နှာစုံညီ အစည်းအဝေး ဒုတိယနေ့ ကို ယနေ့နံနက် ၈ နာရီ ခွဲက မိုင်ဂျာယန်၌ ဆက်လက်ကျင်းပသည်။

ဥပဒေ(မူကြမ်း)နှင့် နည်းဥပဒေများ ရေးဆွဲပြဋ္ဌာန်းရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ


နေပြည်တော် ဇူလိုင် ၂၇
ဥပဒေ (မူကြမ်း)နှင့် နည်းဥပဒေများ ရေးဆွဲ ပြဋ္ဌာန်းရေးဆိုင်ရာ လုပ်ငန်း ညှိနှိုင်း အစည်း အဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး တတိယနေ့ ဆက်လက်ကျင်းပ


နေပြည်တော် ဇူလိုင် ၂၇
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ လေရှီးမြို့နယ်အတွင်းရှိ လေယုံ ၊ ငကျန် ၊ ဂျီလာ ၊ ရန်ပိုမိုနွေး ၊ မော်နွမ်း ၊ ထ၀ိုင် ၊ နမီးယူပီ ၊ ဆပ်ပြာ ၊ ချယ်ရာ ၊ ခိုလာ ၊ ၀မ်းဘဲနှင့် မိုဒွန့်ရွာမကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက်အဦများ ဆောက်လုပ်ရန် (၂၀၁၆-၂၀၁၇) ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေတွင် ပါဝင်ခြင်း မရှိသေးပါကြောင်း ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် စိုက်ပျိုးစရိတ်ချေးငွေ ကျပ်(၁၇၀၀)ဘီလီယံခန့် ထုတ်ချေးရန်လျာထား


နေပြည်တော် ဇူလိုင် ၂၇
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေဖြင့် ပြီးခဲ့သည့် (၁၀)နှစ်တာကာလကို ပြန်လည်သုံးသပ်ကြည့်ပါက ၂၀၀၆-၂၀၀၇ ဘဏ္ဍာရေးနှစ်မှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေး နှစ်အထိ အသားတင်အမြတ်စုစုပေါင်း ကျပ်(၅၄ ဒသမ ၇၄)ဘီလီယံရရှိခဲ့ပြီး နိုင်ငံတော် သို့ ထည့်ဝင်ငွေအနေဖြင့် စုစုပေါင်းကျပ် (၄၁ ဒသမ ၀၅၄) ဘီလီယံ ထည့်သွင်းနိုင်ခဲ့ ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်းမြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောကြားသည်။

စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို မြန်မာနိုင်ငံချည်မျှင်နှင့် အထည်အလိပ် လုပ်ငန်းရှင် များအသင်း၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီ ဖွဲ့စည်းရေး အခမ်းအနားသို့ တက်ရောက်


နေပြည်တော်၊ ဇူလိုင် ၂၇
စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုသည် ယနေ့ နံနက် ၁၀  နာရီခွဲတွင် စက်မှု ဝန်ကြီးဌာန၊ ရုံးအမှတ် (၃၇)၊ အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံ ချည်မျှင်နှင့် အထည်အလိပ် လုပ်ငန်း ရှင်များ အသင်း (Myanmar Textile Manufacturers Association – MTMA)၊ ဗဟိုအလုပ်အမှု ဆောင်ကော် မတီဖွဲ့စည်းရေး အခမ်းအနားသို့တက်ရောက်ချီးမြှင့်သည်။

ပြန်ကြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက် ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်းများအား ခွင့်ပြုပေးမှုအခြေအနေ

ပြန်ကြားရေး ဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရ၏ သဘောတူညီချက်ဖြင့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်း နည်းဥပဒေများကို အမိန့်ကြော်ငြာစာအမှတ် (၄၈/၂၀၁၄) ဖြင့် ၂၀၁၄ခုနှစ်၊ အောက်တိုဘာလ (၁၀)ရက်နေ့ တွင် ထုတ်ပြန်ခဲ့ပြီး နောက် လုပ်ငန်းအသိအမှတ်ပြုလက်မှတ်လျှောက် ထားလာပါက ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်း နည်းဥပဒေများနှင့်အညီ စိစစ်၍ လုပ်ငန်းအသိ အမှတ်ပြုလက်မှတ်များကို ခွင့်ပြုပေး လျက်ရှိပါသည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒုတိယနေ့ တွင် ပြည်သူ့ကျန်းမာရေး ၀န်ဆောင်မှု ဆိုင်ရာ ကိစ္စရပ်များအပေါ် အထူးအလေးထားဆွေးနွေး


နေပြည်တော် ဇူလိုင် ၂၆
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်သူ့ လွှတ်တော် အဆောက်အဦ၌ ဆက်လက်ကျင်းပရာ ကြယ်ပွင့်ပြ မေးခွန်း (၃) ခုမေးမြန်းခြင်းနှင့် ဖြေကြားခြင်း၊ အဆိုတစ်ခုတင်သွင်းခြင်းနှင့် ယင်းအဆိုနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ၀ိုင်းဝန်းဆွေးနွေးခြင်း၊ ဥပဒေကြမ်း တစ်ခုကို အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ကို ရယူခြင်း များ ဆောင်ရွက်ကြသည်။

အမျိုးသား လွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေး ဒုတိယနေ့ ကျင်းပ


နေပြည်တော် ဇူလိုင် ၂၆
မြန်မာနိုင်ငံသည် ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့သို့ ၂၀၁၂ ခုနှစ်တွင် အဖွဲ့ဝင်အဖြစ် ၀င်ရောက်ပြီး ကမ္ဘာ့နိုင်ငံများ အတွင်း ရွှေ့ပြောင်း အလုပ်သမား များအား ကာကွယ်စောင့်ရှောက်ရေးနှင့် ယင်းတို့၏ လူမှုစီးပွား ဘ၀များ တိုးမြှင့်ပေးနိုင် ရေးတို့ကို အထူး အလေးပေးဆွေးနွေး ဆောင်ရွက် လျက်ရှိ ပါကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့ အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဦးဥက္ကာမင်း၏ “မြန်မာရွှေ့ပြောင်း အလုပ်သမား များ ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲပြဿနာ များ၊ စိန်ခေါ်မှုများ ကို ပြည်ထောင်စု အစိုးရ အနေဖြင့် လုပ်ငန်းစဉ် များ ချမှတ်ကာ ဥပဒေနှင့်အညီ ကာကွယ် စောင့်ရှောက်ပေးရန် အစီအစဉ်ရှိ/မရှိ” မေးခွန်းနှင့် စပ်လျဉ်း ၍ ဖြေကြားခဲ့ သည်။

သီအိုရီ၊ ဥပဒေသများအခြေခံပြီး သင်ကြားလေ့ကျင့်ပေးသည်များကို လက်တွေ့နယ်ပယ်တွင် ဆင်ခြင် တုံ တရားနှင့် မှန်မှန်ကန်ကန်ဦးဆောင်


နေပြည်တော် ဇူလိုင် ၂၆
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် သံတောင်ကြီး တပ်နယ် တပ်မတော် (ကြည်း) တိုက် ခိုက်ရေး ကျောင်း(ဘုရင့်နောင်)ရှိ အားကစားခန်းမ၌ တပ်နယ်မှ အရာရှိ၊ စစ်သည် မိသားစုများနှင့် သင်တန်းသားများအားတွေ့ဆုံ၍ အမှာ စကားပြောကြား ရာတွင် သင်တန်းများတွင် အဆင့်ဆင့်သော တပ်မတော် တာဝန်များကို မှန်ကန်စွာ ဦးဆောင်မှုပေး၍ တာဝန် ထမ်းဆောင်နိုင်ရန် သင်ကြားလေ့ကျင့်ပေးနေကြောင်း၊ သီအိုရီများ၊ ဥပဒေသများကိုအခြေခံပြီး သင်ကြားလေ့ကျင့်ပေးသည်များကို လက်တွေ့နယ်ပယ်တွင် မိမိ၏ဆင်ခြင်တုံ တရားနှင့်ပေါင်းစပ်၍ မှန်မှန်ကန်ကန် ဦးဆောင်မှုပေးနိုင်ရမည် ဖြစ်ကြောင်း။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အစည်းအဝေး ကချင်ပြည်နယ် မိုင်ဂျာယန်၌ စတင်ကျင်းပ


မိုင်ဂျာယန် ဇူလိုင် ၂၆
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ မျက်နှာစုံညီအစည်းအဝေးကို ယနေ့ နံနက် ၈ နာရီခွဲက ကချင် ပြည်နယ် မိုင်ဂျာယန်၌ စတင်ကျင်းပသည်။

မကြာမီပြီးမြောက်အောင်မြင်တော့မည့် ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံ(သို့)၂၁ရာစုပင်လုံ


သန်းဖြိုးနိုင်(ကညင်ကျိုး)
မေ ၁ ရက်မှစတင်ခဲ့သည့် အစိုးရသစ်၏ ပြည်သူ့အတွက် ပထမရက် ၁ဝဝ စီမံချက် အကောင်အထည်ဖော်ရေး လုပ်ငန်းများသည် ယခုဆိုလျှင် ရက်ပေါင်း ၉ဝ အတွင်းသို့ ရောက်ရှိလာခဲ့ပြီ မကြာမီ ကုန်ဆုံးတော့မည်ဖြစ်ပါ သည်။

မျော်လင့်မိသည့်အရာ


မူမူ
ခေတ်များပြောင်းလဲကာ အချိန်ကာလတို့ ရွေ့လျားချိန်ဝယ် ကျွန်မတို့ကိုင်ဆောင် သုံးစွဲနေသောငွေကြေးတို့၏ ပြောင်းလဲမှုကိုလည်း အမှတ်ရမိကြမည်ထင်သည်။ ကျွန်မတို့ငယ်စဉ်က တစ်ပြားစေ့ကိုမြင်ဖူးပြီး မသုံးစွဲခဲ့ရပါ။

ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် (၄၉) ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေး၏ ဆက်စပ်အစည်းအဝေးများ သို့ တက်ရောက်


ဗီယင်ကျန်း - ဇူလိုင် ၂၆
(၄၉) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၏ ဆက်စပ်အ စည်းအဝေးများဖြစ်သည့် (၁၇) ကြိမ်မြောက် အာဆီယံ+ ၃ နိုင်ငံခြားရေး ၀န်ကြီးများ အစည်း အဝေး၊ (၆)ကြိမ်မြောက် အရှေ့ အာရှ ထိပ်သီးအစည်းအဝေးဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးများ အစည်း အဝေး၊ (၂၃)ကြိမ်မြောက် အာဆီယံဒေသ ဆိုင်ရာ ဖိုရမ် သီးသန့် အစည်းအဝေးနှင့် (၂၃)ကြိမ်မြောက် အာဆီယံဒေသဆိုင်ရာ မျက်နှာစုံညီ အစည်းအဝေး တို့ကို ယနေ့ နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့တွင် ကျင်းပရာ နိုင်ငံခြားရေး ၀န်ကြီး ဌာန ပြည်ထောင် စု ၀န်ကြီး ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဆွေးနွေး သည်။

Monday, July 25, 2016

အမျိုးသားစာပေဆုသည် နိုင်ငံတော်က ချီးမြှင့်သည့် အမြင့်ဆုံး စာပေဆုဖြစ် ယခုနှစ် အကောင်း ဆုံး ရွေးချယ် နိုင်ရန်ကြိုးပမ်းဆောင်ရွက်


ရန်ကုန် - ဇူလိုင် ၂၅
အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေး ကော်မတီအနေဖြင့် သဘောထား အယူအဆ မတူညီခြင်းများ၊ ပြင်ဆင်လိုသည့် ကိစ္စရပ်များကို ယခုဆွေးနွေးပွဲတွင် ပွင့်ပွင့်လင်းလင်း ညှိနှိုင်း ဆွေးနွေးကြစေလိုကြောင်း၊ အမျိုးသား စာပေဆုသည် နိုင်ငံတော်က

ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် အာဆီယံနှင့် ဆွေးနွေးဘက်နိုင်ငံများ၏ အစည်းအဝေးများသို့ တက်ရောက်


ဗီယင်ကျန်း  ဇူလိုင် ၂၅
လာအိုနိုင်ငံ၌ ရောက်ရှိနေသော နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် သည်  ယနေ့နံနက်ပိုင်း တွင် ဗီယင်ကျန်းမြို့ရှိ အမျိုးသားကွန်ဗင်းရှင်း ဗဟိုဌာန၌ ကျင်းပသည့် အာဆီယံနှင့် ဆွေးနွေးဘက်နိုင်ငံများ၏ ၀န်ကြီးအဆင့်အစည်း အဝေးဖြစ်သည့် အာဆီယံ - တရုတ် နိုင်ငံခြားရေး ၀န်ကြီးများအစည်းအဝေးသို့  တက်ရောက်သည်။

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့ကျင်းပ


နေပြည်တော် ဇူလိုင် ၂၅
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့ကို ယနေ့နံနက် ၁၀နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်ခန်းမ၌ စတင် ကျင်းပသည်။

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့ စတင်ကျင်းပ



နေပြည်တော် ဇူလိုင် ၂၅
ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့ လွှတ်တော်အဆောက်အဦ၌  စတင် ကျင်းပရာ တပ်မတော်သားပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှစ်ဦး ကတိ

ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့ကျင်းပ


နေပြည်တော် ဇူလိုင် ၂၅
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁နာရီခွဲတွင် နေပြည် တော် ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ စတင်ကျင်းပသည်။

ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းသည် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီးနှင့် Myanmar Fiber Optic Communication Network Co.Ltd မန်နေဂျင်းဒါရိုက်တာ တို့အား သီးခြားစီ တွေ့ဆုံ


နေပြည်တော် ဇူလိုင် ၂၅  
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းသည် မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Tateshi HIGUCHI  ဦးဆောင်သည့် အဖွဲ့အား ယနေ့ နံနက် ၉ နာရီတွင် စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာန၊  ရုံးအမှတ် (၁) ၌ တွေ့ဆုံသည်။

Sunday, July 24, 2016

ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် (၄၉) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေး ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်




ဗီယင်ကျန်း  ဇူလိုင် ၂၄

(၄၉) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးဖွင့်ပွဲ အခမ်းအနားကို လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ ဗီယင်ကျန်းမြို့ရှိ Don Chan Palace Hotel ၌ ယနေ့ ဒေသစံတော်ချိန် နံနက် ၈ နာရီခွဲတွင် ကျင်းပသည်။

ပြည်သူ့စာကြည့်တိုက်များ



မြတ်စန်းငြိမ်း
ပြည်သူ့စာကြည့်တိုက်များဟာ ပြည်သူတွေရဲ့ ပညာရေးနဲ့ အသိပညာ တိုးတက်ဖွံ့ဖြိုးစေတဲ့နေရာ၊ အစိုးရရဲ့လုပ်ဆောင် ချက်၊ စီမံကိန်းတွေကို ပြည်သူလူထုသိအောင် ပြန်ကြား ဖြန့်ဖြူးတဲ့နေရာ၊ သတင်းအချက်အလက်များ လက်လှမ်းမီ၊ အချိန်နဲ့တစ်ပြေးညီရရှိနိုင်တဲ့နေရာ (Access to Know- ledge and Information)တစ်ခုဖြစ်ပါတယ်။

နေ့စဉ်ငွေပေးဝယ်နေကြသော ကင်ဆာ



ရွှေလင်းပြည့်စုံ
မြန်မာမှု နယ်ပယ်၏ လောကီမင်္ဂလာ (၁၂) ပါးတွင် ဖွားမြင်ပြီး နောက် ၇၅ ရက်မြောက်၌ ကွမ်းဦးခွံ့ခြင်း ဟူသော တမ္ဗူလပတ္တ မင်္ဂလာကို သုတေသန သရုပ်ပြ အဘိဓာန်တွင် လည်းကောင်း၊ သုခမှတ်စု အဆိုတွင် တမ္ဗူလပတ္တ မင်္ဂလာ၊ ကွမ်းခွံ့ခြင်း မင်္ဂလာကို လည်းကောင်း ပြုလုပ်သည့် ဓလေ့ ရှိသည်ကို မှတ်သားရသည်။