Tuesday, May 31, 2016

တိုင်းရင်းသားလူမျိုးများ၏အရေး ကာကွယ်စောင့်ရှောက်ရန် အသစ်ဖွဲ့စည်းလိုက်သည့် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန၏ ရက် ၁ဝဝ


တွေ့ဆုံမေးမြန်း - ဖြိုးစန္ဒာမြင့်၊ ဓာတ်ပုံ - သွင်ဘုန်းသန့်
အစိုးရသစ်လက်ထက်တွင် ဝန်ကြီးဌာနများကို ပြန်လည်ပြင်ဆင် ဖွဲ့စည်းခဲ့သည်။ ယင်းတို့အနက်မှ ဝန်ကြီးဌာန အသစ်တစ်ခုဖြစ်သည့် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာနကို တိုးချဲ့ထည့်သွင်းဖွဲ့စည်းခဲ့ပြီး တိုင်းရင်းသား လူမျိုးများ ရေးရာဝန်ကြီးဌာန၏ ရက် ၁ဝဝ အတွင်း ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်များနှင့် ဖွဲ့စည်းဖြစ်တည်လာပုံများကို တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်နှင့် တွေ့ဆုံမေးမြန်းထားသည်။

ရွှေ့ပြောင်းနေထိုင်သူများနှင့် အလုပ်သမားများအား မှတ်ပုံတင်ထုတ်ပေးရေး ရှင်းလင်းပွဲကျင်းပ

ရန်ကုန် မေ ၃၀
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရွှေပြည်သာမြို့နယ်မှ ရွှေ့ပြောင်းနေထိုင်သူများနှင့် အလုပ်သမားများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သည့် မှတ်ပုံတင်ထုတ်ပေးရေးလုပ်ငန်း ရက် ၁၀၀ စီမံချက် ရှင်းလင်းပွဲကို မေ ၂၉ ရက် နံနက် ၉ နာရီက ရွှေပြည်သာမြို့နယ် အထက(၁) ရွှေပြည်ရတနာခန်းမ၌ကျင်းပရာ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးရဲထွန်းအောင်က အမှာစကားပြောကြားသည်။

အာဆီယံ ငွေရေးကြေးရေး ပေါင်းစည်းရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေး


နေပြည်တော် မေ ၃၀
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်အား Bank for Investment and Development of Vietnam., JSC (BIDV)မှ ဥက္ကဋ္ဌ Mr. Tran Bac Ha ဦးဆောင်သော အဖွဲ့သည် ယနေ့နံနက် ၁၀ နာရီ၌ နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ကံ့ကော် ခန်းမ၌ တွေ့ဆုံသည်။

SSA (ရွက်ဆစ်) အဖွဲ့မှ အဓမ္မလူသစ်စုဆောင်းခြင်းနှင့် ဆက်ကြေးကောက်ခံခြင်းကြောင့် မိုင်းပျဉ်းမြို့နယ်အတွင်းရှိ ဒေသခံတချို့ ပြောင်းရွေ့


နေပြည်တော်၊ မေ- ၃၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းပျဉ်းမြို့နယ်၊ ကိုးမိုင်ကျေးရွာသို့ မေ ၂၉ ရက်တွင် တာကော်ကျေးရွာအုပ်စု၊ နမ့်ငင်းကျေးရွာနှင့် ဝမ်မိုင်ကုန်းဆာကျေးရွာတို့မှ အိမ်ထောင်စုများ ပြောင်းရွှေ့ရောက်ရှိလာခဲ့ပြီး ၎င်းတို့သည် SSA (ရွက်ဆစ်)အဖွဲ့၏ အဓမ္မလူသစ် စုဆောင်းမှုကြောင့် ပြောင်းရွှေ့ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရှိရသည်။

ဝန်ထမ်းများ စိတ်ဓါတ်ခွန်အား တိုးပွားစေရေး ဟောပြောပွဲကျင်းပ


နေပြည်တော် မေ ၃၀
ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့်စာနယ်ဇင်း လုပ်ငန်းလက်အောက်ရှိ ဝန်ထမ်းများ စဉ်ဆက်မပြတ် ပညာဆည်းပူး လေ့လာစေရေးနှင့် စိတ်ဓာတ်ခွန်အားများ ရရှိစေရေးအတွက် ရည်ရွယ်၍ မေ ၃၀ ရက်က နေပြည်တော် ဇေယျာသီရိမြို့ နယ် ကြေးမုံသတင်းစာတိုက်ရှိ ဘိုးဝဇီရခန်းမ၌ ဟောပြောပွဲကျင်းပသည်။

Monday, May 30, 2016

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး (၆၉) ကြိမ်မြောက် ကမ္ဘာ့ကျန်းမာရေး ညီလာခံသို့ တက်ရောက်

နေပြည်တော်၊ မေ ၃၀
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ကျင်းပသည့် ကမ္ဘာ့ကျန်းမာရေးညီလာခံသို့ တက်ရောက်ခဲ့ရာ မေ (၂၂) ရက် ညနေပိုင်းတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဌာနချုပ်ရုံးတွင် ကျင်းပပြုလုပ်သည့် အရှေ့တောင်အာရှဒေသ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဝင် နိုင်ငံများတွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ပြီး အရှေ့တောင်အာရှ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဒေါက်တာပူနမ်ဆင်းနှင့် တာဝန်ရှိသူများ အားတွေ့ဆုံ၍ ညီလာခံတွင် တင်ပြဆွေးနွေးမည့် အကြောင်းအရာများအား ညှိနှိုင်းဆွေးနွေးသည်။

မြန်မာ့ရုပ်ရှင်လောကဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များဆွေးနွေး

နေပြည်တော် မေ-၃၀
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် Memory Cinema မှ Co-Managing Director Ms.Severine Wemaere နှင့်အဖွဲ့သည် ယနေ့နံနက်(၁၁)နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေး(၃၂)ရက်မြောက်နေ့ကျင်းပ


နေပြည်တော် မေ  ၃၀
ဖလမ်းမြို့ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းသို့ ပြောင်းရွှေ့လိုသူများအား လူမှုအဆောက် အအုံဇုန် Proposed Location for Sport Complex နှင့် အထက်တန်းကျောင်း ဆောက်ရန် လျာထားသည့်နေရာတွင် ကျူးကျော်ပြောင်းရွှေ့ခွင့်မပြုဘဲ လူနေဇုန်လျာ ထားသည့် နေရာများတွင်သာ ပြောင်းရွှေ့ခွင့်ပြုရန် အစီအစဉ် ရှိ၊ မရှိနှင့် အစိုးရ သက်တမ်းကုန်ဆုံးမည့်အချိန်တွင် မြို့ပြစီမံကိန်း မည်သည့်အဆင့်ရောက်ရှိနေသည်ကို သိရှိလိုကြောင်း ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)မှ ဦးဇုန်လှယ်ထန်းက ယနေ့ကျင်းပ သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် မေးမြန်းသည်။

ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး ၃၅ ရက်မြောက်နေ့ကျင်းပ


နေပြည်တော် မေ ၃၀
ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့နယ်အတွင်းရှိ ပင်လယ်ကမ်းခြေတွင် ဒီရေတောများ ဖွဲ့စည်းပေးရန်အတွက် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို ပြည်သူ့လွှတ်တော်က လက်ခံဆွေးနွေးရန် ဆုံးဖြတ်ခဲ့သည်။
ဒေးဒရဲမဲဆန္ဒနယ်မှ ဒေါက်တာဒေါ်ခင်ညိုက ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် တင်သွင်းခဲ့ခြင်း ဖြစ်ပြီး ကမ်းရိုးတန်းဒေသများ ပင်လယ်ကမ်း ခြေဒေသများရှိ ပြည်သူများ၏ သဘာဝ ဘေးအန္တရာယ်လုံခြုံရေးနှင့် ဂေဟစနစ်များ မပျက်သုန်းစေရေးအတွက် ဒီရေတောများဖွဲ့စည်းသင့်ကြောင်းကို ထောက်ပြထားသည်။

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း စင်ကာပူ တပ်မတော်ထောက်လှမ်းရေး ညွှန်ကြားရေးမှူးအား လက်ခံတွေ့ဆုံ


နေပြည်တော် မေ-၃၀
ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ စင်ကာပူတပ်မတော် ထောက်လှမ်းရေးညွှန်ကြား ရေးမှူး Brigadier General Ong Tze-Ch'in အား လက်ခံတွေ့ဆုံသည်။

ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ဂျပန် - မြန်မာ ချစ်ကြည်ရေးအသင်းဥက္ကဌ Mr. Hideo WATANABE နှင့်အဖွဲ့အား နေပြည်တော်၌ တွေ့ဆုံ၊ ဂျပန် - မြန်မာ နှစ်နိုင်ငံအကြား လူဝင်မှု ကြီးကြပ်ရေးနှင့် အလုပ်သမားရေးရာကိစ္စရပ်များ ပူးပေါင်း ဆောင်ရွက်ရေးဆွေးနွေး


နေပြည်တော်၊ မေ ၃၀
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် ဂျပန် - မြန်မာ ချစ်ကြည်ရေးအသင်းဥက္ကဌ Mr. Hideo WATANABE နှင့် အဖွဲ့အား ယနေ့မွန်းလွဲ (၁) နာရီခွဲတွင် နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော် ထံ ဖီဂျီသမ္မတနိုင်ငံ သံအမတ်ကြီးနှင့် ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးတို့ ခန့်အပ်လွှာများပေးအပ်


နေပြည်တော် မေ ၃၀
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးထင်ကျော်ထံ မြန်မာနိုင်ငံဆိုင်ရာ ဖီဂျီသမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန်သဘောတူညီပြီး ဖြစ်သော သံအမတ်ကြီး မစ္စတာဖီလီမုန်းကူးသည် ယနေ့နံနက် ၁၀ နာရီတွင် လည်းကောင်း၊ ကိုရီးယားဒီမိုကရက်တစ် သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာဂျုံဟိုဘွန်သည် ယနေ့ နံနက် ၁၀ နာရီခွဲတွင်လည်းကောင်း နေပြည်တော်ရှိ သမ္မတအိမ်တော်၌ သံအမတ်ခန့် အပ်လွှာများ ပေးအပ်ကြသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ဧရာဝတီတိုင်းဒေသကြီးအတွင်း လယ်ယာနှင့် သားငါးထုတ်လုပ်မှု ပိုမိုဖွံ့ဖြိုးရေး ကွင်းဆင်းဆွေးနွေး


နေပြည်တော် မေ ၃၀
လယ်ယာကဏ္ဍနှင့် သားငါးကဏ္ဍတို့မှ ထုတ်လုပ်မှုများသည် စားနပ်ရိက္ခာဖူလုံပိုလျှံ ရေးသာမက အာဟာရပြည့်ဝသော စားသောက်မှုစနစ်သစ် ထူထောင်နိုင်ရေးအတွက် အလွန်အရေးပါသော ကဏ္ဍကြီးဖြစ်ပါကြောင်း၊ နိုင်ငံတကာစံချိန်စံညွှန်းမီ ဈေးကွက်ဝင်သော ထုတ်ကုန်များအဖြစ် ရေရှည်တည်တံ့သော လုပ်ငန်းစဉ်များဖြစ်ပေါ်လာရေးနှင့် ကဏ္ဍပေါင်းစုံမှ တစ်ပြိုင်တည်းဖွံ့ဖြိုး တိုးတက်လာရေးတို့အတွက် ပညာရှင်များ၊ လုပ်ငန်းရှင်များနှင့် တောင်သူများအနေဖြင့် ညီညီ ညွတ်ညွတ်ဖြင့် ပူးပေါင်းဆောင်ရွက် ကြစေလိုကြောင်းဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း လယ်ယာနှင့် သားငါး ထုတ်လုပ်မှု ပိုမိုဖွံ့ဖြိုးရေးဆိုင်ရာများ ကွင်းဆင်းဆောင်ရွက်စဉ် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ဆွေးနွေး ပြောကြားသည်။

ကန်သာယာ အဆင့်မြင့် ရုပ်ရှင်ရုံသစ် ဖွင့်လှစ်



ရန်ကုန် မေ ၂၉
ရုပ်ရှင်ဝါသနာရှင်များအတွက် နာမည်ကြီး ရုပ်ရှင် ဇာတ်ကားကောင်းများကို အချိန်နှင့်တစ်ပြေးညီ ကြည့်ရှုနိုင်ရန် Royal Ace Mega ကုမ္ပဏီက ကန်သာယာအဆင့်မြင့် ရုပ်ရှင်ရုံသစ်ကြီးကို မေ ၂၅ ညနေ ၅ နာရီက ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်ရှိ Kantharyar Shopping Mall ၌ ဖွင့်လှစ်လိုက်သည်။

ငွေချေး သက်သေခံ လက်မှတ် ကုမ္ပဏီများသို့ ကြည့်ရှုစစ်ဆေး စည်းမျဉ်း စည်းကမ်းများနှင့် အညီ ဆောင်ရွက်ရေး မှာကြား



ရန်ကုန် - မေ ၂၉
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ၊ ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်း ကြီးကြပ်ရေး ကော်မရှင် ဥက္ကဋ္ဌ ဦးမောင်မောင်ဝင်းသည် မေ ၂၇ ရက် နံနက်ပိုင်းတွင် ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်း ကြီးကြပ်ရေး ကော်မရှင် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးဝန်ထမ်းများနှင့် တွေ့ဆုံ၍ ဖွဲ့စည်းမှုကိစ္စ၊ လုပ်ငန်း လည်ပတ် ဆောင်ရွက်မှုကိစ္စ၊ အုပ်ချုပ်မှုကိစ္စ၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေးကိစ္စများကို ဆွေးနွေးမှာကြားပြီး နေ့လယ်ပိုင်းတွင် ငွေချေးသက်သေခံလက်မှတ် ကုမ္ပဏီများမှ တာဝန်ရှိသူများနှင့်အတူ လုပ်ငန်း ညှိနှိုင်း အစည်းအဝေး ကျင်းပသည်။

ပညာရေးမြှင့်တင်မှု အကောင် အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ (အဆင့်မြင့် ပညာကဏ္ဍ) ကျင်းပ



ရန်ကုန် မေ ၂၉
၂ဝ၁၆ခုနှစ် ပညာရေးမြှင့်တင်မှု အကောင် အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ (အဆင့်မြင့် ပညာကဏ္ဍ)ကို မေ ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် ရန်ကုန်မြို့ တက္ကသိုလ် စိန်ရတုခန်းမ၌ ကျင်းပခဲ့ရာ တက္ကသိုလ် အသီးသီးမှ စာတမ်းရှင်များက စာတမ်း ၆ စောင် တင်သွင်းခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို ဝန်ထမ်း အိမ်ယာများကို ကြည့်ရှု စစ်ဆေး



နေပြည်တော်၊မေ ၂၉
စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုသည် မေ (၂၈)ရက် ညနေပိုင်း၌ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဝဏ္ဏသိဒ္ဓိ ရပ်ကွက်ရှိ ချယ်ရီ အိမ်ရာ၊ မင်္ဂလာသိဒ္ဓိ ရပ်ကွက်ရှိ ကံ့ကော်အိမ်ရာနှင့် (၂၉)ရက်နေ့ နေ့လည်ပိုင်း၌ ဘောဂသိဒ္ဓိ ရပ်ကွက်ရှိ ပိတောက် အိမ်ယာ၊ သဇင်(၃)နှင့် (၄) အမျိုးသမီးဆောင်၊ စက်မှု ဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများ နေထိုင်သည့် အိမ်ယာများသို့ သွားရောက်၍ သီးပင်/စားပင်များ စိုက်ပျိုးထားရှိမှု အခြေအနေ၊ အဆောက်အဦနှင့် အဆောက်အဦ ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး ဆောင်ရွက် ထားရှိမှု အခြေအနေ၊ အိမ်ယာများအတွင်း ဝန်ထမ်းမိသားစုများ နေထိုင်လျက် ရှိသည့် အခြေအနေ၊ လျှပ်စစ်နှင့် ရေသုံးစွဲမှု အခြေအနေ၊ ရေဆိုးနှင့် ရေမြောင်းများ ရေစီးရေလာ ကောင်းမွန်မှု ရှိ/မရှိ အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး လိုအပ်ချက်များကို စီစဉ်ဖြည့်ဆည်း ပေးခဲ့သည်။

အသေးစား စက်မှုလက်မှု ထုတ်ကုန် ပစ္စည်းပြပွဲနှင့် ဈေးရောင်းပွဲ ပြခန်းပေါင်း (၆၃)သန်း ခင်းကျင်း ပြသရောင်းချ



နေပြည်တော် မေ ၂၉
မြန်မာ့အသေးစား စက်မှုလက်မှုထုတ်ကုန်များကို ပြည်သူများပိုမိုသိရှိလာစေရန်၊ ပြပွဲမှတဆင့် လုပ်ငန်းရှင်များ ချင်းချင်းချိတ်ဆက်မိပြီး ပြည်ပဈေးကွက်အထိ ထိုးဖောက် နေရာ ယူနိုင်မည့် စံချိန် စံညွှန်းမီ အရည်အသွေးမြင့် တန်ဘိုးမြင့်ကုန်ချော ထုတ်ကုန်များ တိုးတက် ထုတ်လုပ်နိုင်ရေး ရည်ရွယ်ချက်များဖြင့် အသေးစားစက်မှုလက်မှု ထုတ်ကုန် ပစ္စည်းပြပွဲနှင့်ဈေးရောင်းပွဲဖွင့်ပွဲအခမ်းအနားကို မေ(၂၈)ရက် နံနက်(၈)နာရီက မြောက်ဥက္ကလာပ မြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနရုံးဝင်း အတွင်း၌ကျင်းပသည်။

Sunday, May 29, 2016

ဝန်ကြီးဌာနအလိုက် ပြောရေးဆိုခွင့်ရှိသူတွေ ဘယ်လောက်ပြောခွင့်ရမှာလဲ

မြင့်ကျော် (ဇလွန်)
ပြည်သူကို မျက်နှာမူပြီး ပြည်သူ့အကျိုး စီးပွားကို ရှေးရှုဆောင်ရွက်မည့် အစိုးရသစ်သည် ဝန်ကြီးဌာန အလိုက် ပြောရေး ဆိုခွင့်ရှိသူများ စာရင်းကို ထုတ်ပြန်ကြေညာ ထားပြီးဖြစ်သည်။ ဝန်ကြီးဌာနအလိုက် ပြောရေးဆိုခွင့် ရှိသူ များနှင့် သတင်းမီဒီယာ ကျွမ်းကျင်သူများ တွေ့ဆုံဆွေးနွေးပွဲကို ၂၀၁၆ ခုနှစ် မေလ ၂၃ ရက်နေ့က နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာနတွင် ကျင်းပခဲ့သည်။

Saturday, May 28, 2016

ရွေးကောက်ပွဲတွင်အုပ်ချုပ်သူများ ပေးခဲ့သော ကတိက၀တ်များအတွက် မီဒီယာဘယ် အခန်းကဏ္ဍကပါဝင်မလဲ


ရန်ကုန် မေ   ၂၈
သတင်း… ရဲခေါင်ညွန့်၊ မြတ်သန္တာမောင်၊ ဓါတ်ပုံ..ဖိုးထောင်
၂၀၁၅ ရွေးကောက်ပွဲအပြီး ကတိ က၀တ်များနှင့် အုပ်ချုပ်ရေး၊ မီဒီယာ အခန်းကဏ္ဍများနှင့် ပတ်သတ် ၍ မြန်မာဂျာနယ်လစ် ကွန်ယက် (MJN) နှင့် Asian Network for Free Elections (ANFREL) တို့ပူးပေါင်းပြီး မြန်မာအယ်ဒီတာ ဖိုရမ် (ဒုတိယအကြိမ်) ကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ Park Royal ဟိုတယ်တွင် ကျင်းပသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ(၂၁ ရာစုပင်လုံ)အကြိုပြင်ဆင်ရေး ဆပ်ကော်မတီအစည်းအဝေးကျင်းပ


နေပြည်တော် မေ  ၂၈
မျိုးမြင့်(သတင်းစဉ်)
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁ ရာစုပင်လုံ) အကြိုပြင်ဆင်ရေး ဆပ်ကော် မတီ အစည်း အဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ Horizon Lake View Resort တွင် ကျင်းပသည်။

နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ်ဈေးရောင်းပွဲတော် ဇူလိုင်လကုန်ခန့်တွင် ကျင်းပရန်စီ စဉ်လျက်ရှိ


သတင်း - ရီရီမြင့်၊ ဥမ္မာသန့်
ဓာတ်ပုံ - ဇော်မင်းလတ်
ရန်ကုန် - မေ ၂၈
နိုင်ငံရေး စာပေ စာတမ်းဖတ်ပွဲနှင့် ပတ်သက်ပြီး ယခင်က ဆွေးနွေးလေ့ မရှိကြောင်း၊   နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲ ခေါင်းစဉ် အောက်တွင် ဆွေးနွေးစရာ  အကြောင်း အရာများ အများကြီး ရှိကြောင်း၊ စာတမ်း ဖတ်ပွဲတွင် နိုင်ငံရေး နောက်ခံဝတ္ထု၊ ခေတ် အဆက်ဆက် နိုင်ငံရေးသမိုင်း၊ နိုင်ငံရေးအတ္ထုပ္ပတ္တိ စသဖြင့် ခေါင်းစဉ်အမျိုးမျိုးရှိကြပြီး မည်သည့်စာတမ်းရှင်က မည်သည့်ခေါင်းစဉ်ဖြင့် စာတမ်းဖတ်ကြမည်ကိုဆွေးနွေးကြ စေလိုကြောင်း ယနေ့ မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန ဗဟိုပုံနှိပ်စက်ရုံ အစည်းအဝေးခန်းမတွင်  နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ်ဈေး ရောင်းပွဲ တော်ကျင်းပရေး အကြိုညှိနှိုင်းအစည်းအဝေး၌ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့် က ပြောသည်။

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို အမျိုးသားပြတိုက် (နေပြည်တော်) ၏ခင်းကျင်းပြသမှုလုပ်ငန်းများကို စစ်ဆေး


နေပြည်တော် မေ ၂၈
အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားမှုများကို ဖော်ထုတ်ပြသရန်၊ ကြွယ်ဝပြီး အဆင့် အတန်း မြင့်မားသည့်  မြန်မာ့ယဉ်ကျေးမှု များကို ဖော်ထုတ်ပြသရန်၊ မြန်မာလူမျိုး၏ (Soft Power) စွမ်းဆောင်ချက်  များကို ဖော်ထုတ် ပြသရန်၊ အမျိုးသား အဆင့်နှင့် လျော်ညီသော၊ နိုင်ငံတော်နှင့် လူမျိုး၏ ဂုဏ်ဒြပ်ကိုထင် ဟပ်ပေါ်လွင်စေသော ပြတိုက်ဖြစ်စေရန်၊ ခေတ်မီဆွဲဆောင်မှုရှိပြီး ထိန်းသိမ်းမှုစနစ်၊ ပြသမှုစနစ်မှန်ကန်ပြီး အဆင့်အတန်းမြင့်မားသည့် ပြတိုက်ဖြစ်စေရန်   စသည့်ရည်ရွယ်ချက်များဖြင့် အများ ပြည်သူအတွက် ဖွင့်လှစ်ပြသထားရှိသော အမျိုးသားပြ တိုက် (နေပြည်တော်)၏ ခင်းကျင်းပြသမှုလုပ်ငန်းများကို သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ယနေ့မွန်းလွဲ(၁)နာရီခွဲက   ကြည့်ရှုစစ်ဆေးသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ် ရေး ဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေး


 
နေပြည်တော် မေ ၂၇
ထိုင်းနိုင်ငံ၌ ချစ်ကြည်ရေးခရီး ရောက်ရှိနေသော တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့်ကာကွယ်ရေးဝန်ကြီး General Prawit Wongsuwan နှင့် မေ ၂၇ ရက် ဒေသစံတော်ချိန် နံနက် ၉ နာရီတွင် ထိုင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန၌ တွေ့ဆုံသည်။

ဒုတိယသမ္မတ ဦးမြင့်ဆွေ ရုရှားသံအမတ်ကြီးအား လက်ခံတွေ့ဆုံ


နေပြည်တော် မေ ၂၇
တာဝန်ပြီးဆုံး၍ ပြန်လည် ထွက်ခွာတော့မည့် ရုရှားသံအမတ်ကြီး မစ္စတာ ဗက်စလီ ဘီ ပိုစပယ်လော့ဗ် သည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေအား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော် ရှိ နိုင်ငံတော် သမ္မတအိမ်တော် ဧည့်ခန်းမ၌  လာရောက်တွေ့ဆုံသည်။

Friday, May 27, 2016

၂၁ ရာစု ပင်လုံညီလာခံကို တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် အပေါ် အခြေခံ၍ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား


နေပြည်တော် မေ ၂၇
၂၁ ရာစု ပင်လုံညီလာခံကို တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘော တူစာချုပ် (NCA) အပေါ် အခြေခံ၍ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) ၏ အခန်းကဏ္ဍ သည် ဆက်ပြီးရှင်သန်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောကြားလိုက်သည်။

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး ညှိနှိုင်းဆွေးနွေး


နေပြည်တော် မေ ၂၇
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်၍ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်မှု အကောင် အထည်ဖော်ရေးနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့ညနေ ၄ နာရီခွဲတွင် နေပြည်တော်ရှိ သမ္မတရုံး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များနှင့် တွေ့ဆုံ


နေပြည်တော် မေ ၂၇
ပြည်သူများ၏ ဒီမိုကရေစီအခွင့်အရေးနှင့် တရားဥပဒေစိုးမိုးရေးကိုချိန်ခွင်လျှာ ညီမျှအောင် စီမံဆောင်ရွက်ရန်၊ တရားမျှတခြင်းကို ဂရုဏာဖြင့် ဖြေရှင်းဆောင်ရွက်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က မှာကြားလိုက်သည်။

ရုပ်သံလွှင့်မီဒီယာဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲ ကျင်းပ




နေပြည်တော် မေ ၂၇
ရုပ်သံလွှင့်မီဒီယာဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပြန်ကြား ရေးဝန်ကြီးဌာန ၀န်ကြီးရုံး စုပေါင်းခန်းမ၌ ကျင်းပရာ ပြန်ကြား ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်က ရုပ်မြင်သံကြားနှင့်

ပြည်တွင်း ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ တိုးတက်လာသည်နှင့်အမျှ အလုပ်ဌာန/စက်ရုံများတွင် ကျွမ်းကျင်လုပ်သားများနှင့် အင်ဂျင်နီယာများ အချိုးကျကျ ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်



နေပြည်တော် မေ ၂၇
နိုင်ငံဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ အခွင့်အလမ်းများ ပေါ်ပေါက်လာနိုင်သကဲ့သို့ ပေါ်ပေါက် လာသော အခွင့် အလမ်းများကို အမိအရ မဆုပ်ကိုင်နိုင်ပါက မိမိတို့ လက်ရှိ အခွင့်အရေး များကို လက်လွှတ်ဆုံးရှုံးရသည့် အနေအထားနှင့် အလုပ်အကိုင် အခွင့်အလမ်းအတွက် ကျွမ်းကျင်မှုနှင့် ပတ်သက်၍ စိန်ခေါ်မှုများ တွေ့ကြုံလာနိုင်ကြောင်း ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြားသည်။

လယ်ယာမြေပြဿနာများအမြန်ဆုံး ပြီးပြတ်စေရေးနှင့် စွန့်လွှတ်မြေများကို အမှန်တကယ်သက်ဆိုင်သူများ လက်ဝယ်သို့ ပြန်လည်ပေးအပ်နိုင်ရေး အမြန်ဆုံး မှန်မှန်ကန်ကန် ဖြေရှင်းဆောင်ရွက်


နေပြည်တော် မေ ၂၇
လယ်ယာမြေပြဿနာများအမြန်ဆုံး ပြီးပြတ်စေရေးနှင့် စွန့်လွှတ်မြေများကို  အမှန်တကယ် သက်ဆိုင်သူများ လက်ဝယ်သို့ ပြန်လည်ပေးအပ်နိုင်ရေး အမြန်ဆုံး မှန်မှန်ကန်ကန် ဖြေရှင်းဆောင်ရွက်ပေးသွားကြရန် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူက ပြောကြားသည်။

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အား တွေ့ဆုံ




နေပြည်တော် မေ ၂၇
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ ကုလသမဂ္ဂအတွင်းရေးမှူး ချုပ်၏ မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ် Mr. Vijay Nambiar အား တွေ့ဆုံသည်။

ဒုတိယအကြိမ်အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေး ၃၁ ရက်မြောက်နေ့ကျင်းပ


နေပြည်တော် မေ ၂၇
ပြည်သူအများ ၀ယ်ယူပိုင်ဆိုင် အသုံးပြုနေကြသည့် တရားမ၀င် မော်တော်ယာဉ်များ နှင့်စပ်လျဉ်း၍ တရားဝင် လိုင်စင် ရရှိအောင် ဆောင်ရွက်ပေးရန် အစီအစဉ်မရှိပါကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် က ယနေ့အစည်းအဝေး တွင် ဖြေကြားသည်။

ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး(၃၄)ရက်မြောက်နေ့ကျင်းပ


နေပြည်တော် မေ  ၂၇
ချေးငွေထုတ်ချေးပေးရာတွင် နိုင်ငံတော်၏အဓိက စားသုံးသီးနှံဖြစ်သည့် စပါးသီးနှံအတွက် ဦးစားပေး ထုတ်ချေး ပေးခြင်း သာ ဖြစ်ပြီး ကျန်သီးနှံများအတွက် ချေးငွေထုတ် ချေးပေးရန် လုံလောက်မှုမရှိသဖြင့် လောလောဆယ် တိုးမြှင့်ထုတ်ချေး ပေး ရန်မရှိ ပါကြောင်း ဒေါက်တာထွန်းဝင်းက ဖြေကြားသည်။

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုအား မြန်မာနိုင်ငံဆိုင်ရာ အီတလီနိုင်ငံ သံအမတ်ကြီး တွေ့ဆုံ


နေပြည်တော်  မေ(၂၇)
စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးခင်မောင်ချိုအား ယနေ့မွန်းတည့် (၁၂)နာရီတွင် မြန်မာနိုင်ငံဆိုင်ရာ အီတလီနိုင်ငံ သံအမတ်ကြီး မစ္စတာပီရာဂျော်ဂျီယိုဖိဒယ်ရီကို အယ်လီဘာတီ ဦးဆောင်သောကိုယ်စားလှယ် အဖွဲ့မှလည်းကောင်း၊ မွန်းလွဲ

နှစ်နိုင်ငံယဉ်ကျေးမှုပူးပေါင်း ဆောင်ရွက်ရေးကိစ္စရပ်များ ဆွေးနွေး


နေပြည်တော် မေ ၂၇
သာသနာရေးနှင့်  ယဉ်ကျေးမှုဝန်ကြီးဌာန၊  ပြည်ထောင်စုဝန်ကြီး  သူရဦးအောင်ကိုသည်  အီတလီ သံအမတ် ကြီး မစ္စတာ ပီရာဂျော်ဂျီယို ဖိဒယ်ရီကို အယ်လီဘာတီအား ယနေ့နံနက် (၁၁)နာရီတွင် နေပြည်တော်ရှိ ရုံးအမှတ်(၃၅) ယဉ်ကျေးမှု ဝန်ကြီးဌာန ဧည့်ခန်းမ၌ တွေ့ဆုံသည်။

ရခိုင်နှင့် ကချင်ပြည်နယ်ရှိ IDP များအား လူသားချင်စာနာထောက်ထားရေးဆိုင်ရာ ကူညီထောက်ပံ့မှုဆိုင်ရာ ကိစ္စဆွေးနွေး


နေပြည်တော် မေ  ၂၇ 
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်သည် ကုလသမဂ္ဂ အတွင်း ရေးမှူးချုပ် ၏ မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေနမ်ဘီးယားအား ယနေ့နံနက် (၁၀) နာရီအချိန်တွင် ပြည်ထောင်စု ဝန်ကြီး၏ ဧည့်ခန်းမ၌ တွေ့ဆုံသည်။

ပျဉ်းမနား မြို့ရှောင်လမ်းအပိုင်းကို နှစ်လမ်းသွားမှ လေးလမ်းသွား နိုင်လွန်ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ခဲ့


နေပြည်တော် မေ ၂၇
ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူများအတွက် လမ်းပန်းဆက်သွယ်ရေး အဆင်ပြေ ချောမွေ့ စေရေး၊ သွားလာမှု အဆင်ပြေစေရေး အတွက် လမ်းမကြီးများကို အဆင့်မြှင့်တင် ဖောက်လုပ် လျက်ရှိပါ ကြောင်း၊ ဝန်ကြီးဌာန၏ လမ်းမကြီးများကို

ပြည်ထောင်စုရှေ့နေချုပ်ကကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ပုဂ္ဂိုလ် Mr. Vijay Nambiar အား လက်ခံတွေ့ဆုံ


နေပြည်တော်၊ မေ ၂၇
ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် ကုလသမဂ္ဂအတွင်းရေးမှူး ချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူး အကြံပေးပုဂ္ဂိုလ် Mr. Vijay Nambiar ဦးဆောင်သော အဖွဲ့အား ယနေ့ နံနက် ၁၁ နာရီတွင် ပြည်ထောင်စု ရှေ့နေချုပ်ရုံးရှိ သံတမန်ခန်းမ၌ တွေ့ဆုံ သည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်‌ ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးအား The World Bank မှ လာရောက်တွေ့ဆုံ


နေပြည်တော်- မေ ၂၇
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဒေါက်တာ ဝင်းမြတ်အေးသည် ယနေ့ မွန်းတည့် (၁၂)နာရီက မေခလာ ခန်းမတွင် ကမ္ဘာ့ဘဏ်မှ Country Manager Mr..Abdoulaye Seck  ဦးဆောင်သော အဖွဲ့အား တွေ့ဆုံသည်။

အလုပ်သမားရေးရာနှင့် ပြည်ဝင်ဗီဇာကိစ္စရပ်များ ညှိနှိုင်းဆွေးနွေး


နေပြည်တော်၊ မေ ၂၇
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် ကမ္ဘာ့ဘဏ်၏ စီးပွားရေးဆိုင်ရာ လက်ထောက် ခေါင်းဆောင် Ms. Wendy Cunningham နှင့်အဖွဲ့အား မေ(၂၆)ရက် နံနက်(၉)နာရီ

Thursday, May 26, 2016

နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းနိုင်ငံဝန်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေး


နေပြည်တော် မေ ၂၆
ထိုင်းနိုင်ငံ၌ ချစ်ကြည်ရေး ခရီးရောက်ရှိနေသော တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာတို့သည် ယနေ့ ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီတွင် တွေ့ဆုံပြီး  ပြည်တွင်း ငြိမ်းချမ်းရေး၊ တရားမ၀င် မှောင်ခိုလုပ်ငန်းများ၊ လက်နက် မှောင်ခိုမှုများ ပပျောက်ရေး၊ မူးယစ်ဆေးဝါးနှိမ်နင်းရေးကိစ္စရပ်များ၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်။

ဒုတိယဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း


ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး (၃၃)ရက်မြောက်နေ့ကျင်းပ


နေပြည်တော် မေ  ၂၆

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေး ၃၀ ရက်မြောက်နေ့ကျင်းပ


ဖလမ်းမြို့ပေါ် ရေရရှိရေးအတွက် ၂၀၁၅ - ၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော် သမ္မတ၏ သီးသန့်ရန်ပုံငွေ ချထားပေးခြင်း မရှိပါကြောင်း၊ ပြည်နယ်ဘဏ္ဍာရန်ပုံ ငွေမှ ငွေကျပ်သန်း ၁၅၀ ဖြင့် တစ်ရက်လျှင် ရေဂါလံ နှစ်သောင်း ထွက်ရှိမည့် ရောလ်ဆဲတ် စမ်းချောင်း ၁၀ မိုင်မှ ၄ လက်မ ပီဗွီစီပိုက်ဖြင့် ရေသွယ်လုပ်ငန်း ဆောင်ရွက် နေပါကြောင်း၊ ပြီးစီးပါက ဖလမ်းမြို့ပေါ်ရှိ အမှတ်(၁)နှင့် အမှတ်(၂)ရပ်ကွက်မှ လူဦးရေ ၁၁၈၈ ဦးအား ရေဖြန့်ဝေပေးနိုင်မည်ဖြစ်ပြီး လိုင်ဗားရေလှောင်တမံမှ ပိုက်လုံးဖြင့် ရေသွယ်ယူပေးရန် အစီအစဉ် မရှိပါကြောင်း ဒုတိယ၀န်ကြီး ဖြေကြားသည်။  

ဝိသာခါတန်ဆောင်း၊ ဒဂုံသီရိ ဘေးမဲ့ကန်ကြီးနှင့် အခြားသောယဉ်ကျေးမှုဆိုင်ရာများကို ပြုပြင်မွမ်းမံမှုများ လုပ်ဆောင်လျက်ရှိသည့် ရက် ၁၀၀



သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနမှာ အများပြည်သူ စိတ်ဝင်စားမှုအများဆုံးက ပညာရေးနဲ့ပတ်သက်တဲ့အရာတွေ ဖြစ်ပါတယ်။ ဝန်ကြီးဌာနရဲ့ လုပ်ငန်းစဉ် သုံးရပ်ကလည်း သာသနာရေးရာ၊ ဝိနိစ္ဆယရေးရာ၊ ပညာရေးရာဆိုပြီး သုံးခုရှိပါသည်။

“မြတ်ဗုဒ္ဓရဲ့ ဓမ္မတွေကို သင်ကြားပေးတဲ့ အဆင့်ဆင့်ပညာရေးစနစ် ပါဝင်သလို အများပြည်သူနဲ့ သက်ဆိုင်တဲ့ ဘုန်းတော်ကြီးသင်ပညာရေးစနစ်လည်းပါဝင်ပါတယ်။ သာသနာရေးဘက်အပိုင်းမှာ ဝိသာခါတန်ဆောင်းပြုပြင်သလိုပဲ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက စီမံကွပ်ကဲတဲ့ ရှေးဟောင်းအဆောက် အအုံတွေ၊ ကျောင်းတွေစတဲ့ ယဉ်ကျေးမှုဘက်ကနေပြီးတော့ ထိန်းသိမ်းကွပ်ကဲရတဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေလည်း ရှိပါတယ်။ ဒါတွေကိုလည်း အဆင့်အလိုက် နိုင်ငံတော်ကိုတင်ပြ၊ ဘတ်ဂျက်တောင်းခံပြီး ပြုပြင်မွမ်းမံ ထိန်းသိမ်းသွားဖို့အတွက် ဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက လုပ်ဆောင်မည့် လုပ်ငန်းဆောင်တာများနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောကြားခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်


နေပြည်တော် မေ ၂၅


ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် General Sommai Kaotira ၏ ဖိတ်ကြားချက်အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်မှ လေကြောင်းခရီးဖြင့် ထွက်ခွာရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ဒေသစံတော်ချိန် နံနက် ၉ နာရီ ၁၀ မိနစ်တွင် ရောက်ရှိကြသည်။

Wednesday, May 25, 2016

ကျေးလက်လမ်းများဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းဆိုင်ရာညှိနှိုင်းအစည်းအဝေးကျင်းပ


နေပြည်တော် မေ ၂၅

ကျေးလက်လမ်းများဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးအား ယနေ့နံနက် (၉)နာရီခွဲက  ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ရာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင်က နိုင်ငံအဝှမ်း လမ်းပန်းဆက်သွယ်မှု တိုးတက်ကောင်းမွန်ရေးအတွက် အမျိုးသားပို့ဆောင်ရေး ပင်မ စီမံကိန်းကို ဂျပန်နိုင်ငံ၊ JICA အကူအညီဖြင့် ရေးဆွဲခဲ့ပြီးဖြစ်ကြောင်း၊ ကျေးလက် လမ်းများ ဖွံ့ဖြိုးရေးအတွက် ၂၀၁၆ ခုနှစ် မှ ၂၀၂၀ ခုနှစ်အတွင်း အကောင်အထည်ဖော်မည့် ကျေးလက်လမ်း ဖွံ့ဖြိုးရေး Master Plan ရေးဆွဲ၍ နှစ်အလိုက်စီမံချက်များ  ရေးဆွဲ အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း၊ အမျိုးသားအဆင့်စီမံချက်နှင့် ဒေသအဆင့် စီမံချက်တို့ ကိုက်ညီပြီး၊ စီမံကိန်းများအား ဗဟိုကော်မတီမှ အတည်ပြုဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ နိုင်ငံအဝှမ်း စံချိန်စံနှုန်းမီ ကျေးရွာချင်းဆက်လမ်းများ အောင်မြင်စွာ ဖောက်လုပ်နိုင်ရန် လုပ်ငန်း လမ်းညွှန်ချက်၊ မူဝါဒများနှင့်အညီ စိစစ်ပြီး၊ ကော်မတီ (၃)ရပ် ပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်း ဆွေးနွေးသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုင်းဒေသကြီး / ပြည်နယ်ဦးစီးမှူးများ တွေ့ဆုံ

နေပြည်တော် မေ ၂၅

စာကြည့်တိုက်များသို့ လူမလာလျှင် လူလာအောင် စဉ်းစားဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြန်ကြား ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်က ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုင်းဒေသကြီး / ပြည်နယ်ဦးစီးမှူးများ ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီး ဌာန ၌ တွေ့ဆုံစဉ် ယင်းကဲ့သို့ ပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး သံအမတ်ကြီးများနှင့် တွေ့ဆုံ



နေပြည်တော်  မေ ၂၅

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး သည် ဆွစ်ဇာလန်နိုင်ငံသံအမတ်ကြီး H.E Mr.Paul R. Seger နှင့် အဖွဲ့အား ယနေ့မွန်းလွဲ (၁)နာရီတွင် တွေ့ဆုံပြီး သဘာဝဘေးအန္တရာယ်အရေးပေါ် စီမံခန့်ခွဲမှုဗဟိုဌာန (EOC)သို့ ပံ့ပိုးကူညီရန်ကိစ္စရပ်များ၊ ရခိုင်ပြည်နယ်ရှိ နေရပ်စွန့်ခွာ ရွှေ့ပြောင်းသူများ၊ မြန်မာ-ထိုင်းနယ်စပ်ရှိ ရွှေ့ပြောင်းနေထိုင်သူများနှင့် စပ်လျဉ်း၍ ဆွေးနွေး ကြသည်။

မီဒီယာကဏ္ဍဖွံ့ဖြိုးရေးအစီအစဉ်များနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများ ဆွေးနွေး

နေပြည်တော်-မေ ၂၅

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် China Radio International (CRI)မှ Director General ဖြစ်သူ Mr. An Xiaoyu နှင့် အဖွဲ့အား ယနေ့ မွန်းလွဲ(၃)နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံပြီး ပြန်ကြားရေးဝန်ကြီးဌာနနှင့် CRI တို့ပူးပေါင်းဆောင်ရွက်လျက်ရှိသော မီဒီယာကဏ္ဍဖွံ့ဖြိုးရေး အစီအစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးကြသည်။


တွေ့ဆုံပွဲသို့ အမြဲတမ်းအတွင်းဝန် ဦးတင့်ဆွေနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ တရုတ်နိုင်ငံ သံအမတ်ကြီးအား တွေ့ဆုံ


နေပြည်တော် မေ ၂၅

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌဦးကျော်ကျော်မောင်သည်    မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး H.E. Mr. HONG Liang ဦးဆောင်သော အဖွဲ့အား ယနေ့ နံနက် (၁၁)နာရီတွင် နေပြည်တော်ရှိ မြန်မာ နိုင်ငံတော်ဗဟိုဘဏ် ကံ့ကော်ခန်းမ၌ တွေ့ဆုံသည်။

ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် IOM မှ အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူးတို့အား သီးခြားစီ လက်ခံတွေ့ဆုံ



နေပြည်တော် မေ ၂၅

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာဗီဂျေနမ်ဘီးယားနှင့်အဖွဲ့အား ယနေ့မွန်းလွဲ(၂)နာရီတွင် နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံကာ ဝန်ကြီးဌာန၏ လုပ်ငန်းများအား ကုလသမဂ္ဂ အဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ ယင်း အဖွဲ့အစည်း များမှ ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်ရေး အခြေအနေများနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။