Saturday, April 30, 2016

ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ရက် ၁၀၀ စီမံချက်ကာလအတွင်း ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးမှ လမ်းမိုင် ၂၀ ကို အဆင့်မြှင့်တင်ပြုပြင် တည်ဆောက်သွားမည်


နေပြည်တော် ဧပြီ ၃၀
ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ရက် ၁၀၀ စီမံချက်ကာလအတွင်း ရန်ကုန် - မန္တလေးအမြန်လမ်းမကြီး၏ မိုင်တိုင် ၁၅/၀  မှ မိုင်တိုင်၂၅/၀ ထိ လမ်းပိုင်းနှင့် မိုင်တိုင် ၁၆၃/၀ မှ မိုင်တိုင် ၁၇၃/၀ ထိလမ်းပိုင်း  စုစုပေါင်းလမ်းမိုင် ၂၀ ကို အဆင့်မြှင့်တင်ပြုပြင် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

Friday, April 29, 2016

မီဒီယာကဏ္ဍတိုးတက်မြင့်မားရေး ဆွေးနွေး

နေပြည်တော်-ဧပြီ ၂၉             
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် ယနေ့မွန်းလွဲ(၂)နာရီတွင် UNESCO Myanmar အကြီးအကဲ Mr. Sardar Umar Alam နှင့်လည်းကောင်း၊ မွန်းလွဲ (၃) နာရီတွင် မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားနိုင်ငံ သံအမတ်ကြီး   Dr.  Ito Sumardi နှင့် လည်းကောင်း ပြန်ကြားရေးဝန်ကြီးဌာန ၀န်ကြီးရုံး ဧည့်ခန်းမ၌ တွေ့ဆုံ သည်။

နည်းပညာ တက္ကသိုလ်နှင့် ကွန်ပျူတာတာ က္ကသိုလ်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေး


နေပြည်တော်၊ ဧပြီ ၂၉
နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာ တက္ကသိုလ်များ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို နေပြည်တော်ရှိ ရုံးအမှတ် (၂၁)၊ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ စုဝေးခန်းမတွင် ယနေ့ နံနက် (၁၀) နာရီက ကျင်းပရာ ပညာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားရာတွင် တက္ကသိုလ် များအား အဆင့်မြင့်သိပ္ပံနှင့်

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီး၊ ICRC ဌာနေ ကိုယ်စားလှယ်၊ UNRC ဌာနေညှိနှိုင်းရေးမှူးနှင့် ဆွီဒင်နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးတို့အား သီးခြားစီလက်ခံတွေ့ဆုံ



နေပြည်တော် ဧပြီ ၂၉
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီး မစ္စတာ စကော့အလန် မာရှယ်အား ယနေ့မွန်းလွဲ (၁၂)နာရီ (၁၅)မိနစ်တွင် လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေ နီကော်မတီ  (ICRC)၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Jurg  Montani  အား ယနေ့ မွန်းလွဲ (၁)နာရီတွင်

ပြန်ကြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက် ပုံနှိပ်ခြင်း၊ထုတ်ဝေခြင်း နှင့် သတင်းအေဂျင်စီလုပ်ငန်းများအား ခွင့်ပြုပေးနေမှုအခြေအနေ

 ပြန်ကြားရေးဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရ၏ သဘောတူညီချက်ဖြင့် ပုံနှိပ်ခြင်း နှင့်ထုတ်ဝေခြင်း လုပ်ငန်း နည်းဥပဒေများကို အမိန့်ကြော်ငြာစာအမှတ် (၄၈/၂၀၁၄)ဖြင့် ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ (၁၀)ရက်နေ့ တွင် ထုတ်ပြန်ခဲ့ပါသည်။ ပြန်ကြားရေးဝန်ကြီးဌာနသည် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းနည်း ဥပဒေများနှင့်အညီစိစစ်၍ လုပ်ငန်းအသိအမှတ်ပြု လက်မှတ်များကို ခွင့်ပြုပေးလျက်ရှိပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် ဆွီဒင် အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုး တိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး၊ အမေရိကန်သံအမတ်ကြီးနှင့် မွန်ဂိုလီးယားနိုင်ငံ သံအမတ်ကြီးတို့ အား သီးခြားစီ တွေ့ဆုံ


နေပြည်တော်၊ ဧပြီ ၂၉
မြန်မာနိုင်ငံနှင့် ဆွီဒင်နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်ရေး၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး၊ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးအပ်ရေး၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းမဟုတ်သော အဖွဲ့ဝင် နေရာတွင်

ကျန်းမာရေးဝန်ကြီးဌာန၏ရက် (၁၀၀)စီမံချက်မှ ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးရေး ဆေးရုံ(၁၀၀)တွင် ကာကွယ်ဆေးထိုး ဆေးခန်းများ ဖွင့်လှစ်သွားမည်


နေပြည်တော်  ဧပြီ ၂၉
ကျန်းမာရေး ဝန်ကြီးဌာန၏ ရက်(၁၀၀)စီမံချက်တွင်ပါဝင်သော လုပ်ငန်းတစ်ခုဖြစ် သည့် ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးရေးအထိမ်းအမှတ်ရက်သတ္တပတ်လုပ်ငန်း စတင် အကောင်အထည်ဖော် ဆောင်ရွက်သည့်အနေဖြင့် မြန်မာနိုင်ငံတွင် ပုံမှန်ကာကွယ်ဆေး ထိုးလုပ်ငန်းများကို ကလေးငယ်အားလုံးနှင့် ပြည်သူလူထုအတွက် တိုးတက်ဆောင်ရွက် နိုင်ရန်၊

Thursday, April 28, 2016

မြန်မာ့ ပထမဆုံး အမှိုက်မှ လျှပ်စစ်ထုတ်စက် ဆက်လက်တည်ဆောက်လျက်ရှိ

ရန်ကုန် ဧပြီ ၂၇

မြန်မာနိုင်ငံ၏ ပထမဆုံး အမှိုက်မှစွမ်းအင်ထုတ်လုပ်သည့် စက်ရုံကို ရွှေပြည်သာမြို့နယ် လှော်ကား၌ ပြီးခဲ့သည့်နှစ် အောက်တိုဘာလအတွင်းက စတင်တည်ဆောက်ခဲ့ကာ နှစ်နှစ်အတွင်း ပြီးစီးအောင် တည်ဆောက်သွားမည်ဖြစ်ကြောင်း ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ သိရသည်။

စက်ရုံတည်ဆောက်ခြင်းလုပ်ငန်းများကို ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၂ ရက်တွင် စတင်ခဲ့ပြီး ယခု ခြောက်လတာကာလအတွင်း အမှိုက်ထားရှိမည့် ဂိုထောင်ကို တည်ဆောက်ပြီးစီးခဲ့ပြီ ဖြစ်ကြောင်း၊ စက်တပ်ဆင်မည့် ပင်မစက်ရုံမှာ တည်ဆောက်နေ ဆဲဖြစ်ကြောင်း သိရသည်။ စက်ရုံတည်ဆောက် ပြီးစီးပါက မင်္ဂလာဒုံမြို့နယ်နှင့် ရွှေပြည်သာ မြို့နယ်တို့မှ ထွက်ရှိသော အမှိုက်များကို တစ်နှစ်လျှင် တန် ၆၀ အသုံးပြုပြီး လျှပ်စစ်စွမ်းအင်ထုတ်ယူ မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ စက်ရုံတွင် ဂျပန်နိုင်ငံမှ နောက်ဆုံးပေါ်နည်းပညာကို အသုံးပြု၍ လျှပ်စစ်ဓာတ်အား ၇၀၀ ကီလိုဝပ်/နာရီ ထုတ်လုပ်ရရှိမည်ဖြစ်ပြီး ၄၀၀ ကီလိုဝပ်/နာရီကို စက်ရုံလည်ပတ်ခြင်းအတွက် အသုံးပြုကာ ပိုလျှံသော ၃၀၀ ကီလိုဝပ်/နာရီကို ပြန်လည်ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။

ကော့မှူးဒေသဖွံ့ဖြိုးရေး

၂ဝ၁၆ ခုနှစ် ဧပြီလ ၂၄ ရက်၊ တနင်္ဂနွေနေ့။

ရှင်နေမင်းကြီး၏ တစ်ကိုယ်တော်လက်စွမ်းပြကာလ။

ပူပြင်းသောနွေရာသီ၏ ပွေ့ဖက်ကျီစယ်မှုကိုခံယူလျက် ရန်ကုန်တိုင်းဒေသ ကြီး ကော့မှူးမြို့နယ်သို့ ဒေသဖွံ့ဖြိုးရေးတာဝန်ဖြင့် ရောက်ရှိခဲ့ရပါသည်။ တစ်ကြိမ်တစ်ခါမျှ မရောက်ခဲ့ဖူးသောဒေသဖြစ်၍ ရန်ကုန်ရွှေမြို့တော်ကြီး မှ စောစီးစွာထွက်ခွာခဲ့မိသည်။ ရန်ကုန်မြို့တော်နှင့် များစွာမကွာလှမ်းသော ဒေသဖြစ်သော်လည်း ဖွံ့ဖြိုးမှုကတော့ ကွာလှမ်းနေပါသည်။ ဘာကြောင့်လဲ ဆိုသည့် ပုစ္ဆာအပေါ်အဖြေရှာရန်လည်း ကြိုးစားခဲ့မိပါသည်။

အဖြေရှာရခက်ခဲသော ပုစ္ဆာတစ်ပုဒ်ပင်။


ရိုးသားသောတောင်သူလယ်သမားများ၏ ရိုးစင်းသော မျက်နှာများစွာ ကိုတွေ့မြင်ခဲ့ရသော်လည်း မပြည့်စုံသောအခြေခံအချက်များသည် အဖြေ ထုတ်ရန်ခက်ခဲသော အခြေအနေကို ဖန်တီးနေပါသည်။

စက်မှုဇုန်များ ကုန်ထုတ်လုပ်မှုကဏ္ဍတိုးတက်ရေးအတွက် လျှပ်စစ်နှင့် ကျူးကျော်ပြဿနာ ဖြေရှင်းပေးသွားမည်


ရန်ကုန် ဧပြီ ၂၇

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက်ရေးသည် ရန်ကုန်မြို့၏ ဖွံ့ဖြိုးတိုးတက်မှုတွင် အဓိကကျပြီး နိုင်ငံ့ ဂျီဒီပီ၏ ရာခိုင်နှုန်းအများဆုံးပါဝင်နေသော ရန်ကုန်စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက်၍ အလုပ်အကိုင်အခွင့်အလမ်းနှင့် ကုန်ထုတ်လုပ်မှု ကဏ္ဍ တိုးတက်ရေးအတွက် အဓိကပြဿနာရပ်များဖြစ်သည့် လျှပ်စစ်နှင့် ကျူးကျော်ပြဿနာကို ဖြေရှင်းပေးသွားမည်ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

ယခုနှစ်ငါးမဖမ်းရရာသီတွင်ငါးဖမ်းရေယာဉ်များအားပိုမိုလျှော့ချမည်


သတင်း-မောင်စိန်လွင်၊ ဓာတ်ပုံ-မင်းထက်

ရန်ကုန် ဧပြီ ၂၇

ယခုလာမည့် ၂ဝ၁၅-၂ဝ၁၆ ခုနှစ် မြန်မာ့ပင်လယ်ပြင် ငါးလုပ်ငန်း ရေပြင်များတွင် မြန်မာနိုင်ငံငါးသယံ ဇာတတိုးပွားရေးနှင့် နောင်အနာဂတ် မျိုးဆက်သစ်များ စိုးရိမ်ပူပန်မှု မဖြစ် ပေါ်စေရေးအတွက် ယခုနှစ်ငါးမဖမ်း ရ ရာသီတွင် ငါးဖမ်းရေယာဉ်များ ကို ယခင်ထက် ပိုမိုလျှော့ချမည်ဖြစ် ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်း ဦးစီးဌာနမှ သိရသည်။

''ကျွန်တော်တို့ ဒီနေ့လုပ်တဲ့ ငါး လုပ်ငန်းဦးစီးဌာနနဲ့ လုပ်ငန်းရှင်တွေ ရဲ့ အလုပ်ရုံဆွေးနွေးပွဲကတော့ အဓိကအားဖြင့် ငါးသယံဇာတ ရေရှည်တည်ရှိနေဖို့အတွက် ဆွေးနွေး တာဖြစ်တယ်။ မြန်မာနိုင်ငံရဲ့ ငါး သယံဇာတကို ရေရှည် သားစဉ် မြေးဆက် ဖမ်းဆီးစားသုံးစေချင် တယ်။ 

ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်များ ခန့်အပ်တာဝန်ပေး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
အမိန့်အမှတ်၊ ၃၅/၂ဝ၁၆

၁၃၇၈ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက်
(၂ဝ၁၆ ခုနှစ်၊ ဧပြီလ ၂၇ ရက်)
ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်များ ခန့်အပ်တာဝန်ပေးခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၄၆ ၊ ပုဒ်မခွဲ(ခ)၊ ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ(ခ)၊ ပုဒ်မခွဲငယ်(၁၂)နှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥပဒေပုဒ်မ ၅ တို့ပါပြဋ္ဌာန်းချက်များအရ အောက်ပါ ပုဂ္ဂိုလ်များကို ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်များအဖြစ် ခန့်အပ် တာဝန်ပေးလိုက်သည်-

( ၁ ) ဦးဝင်းမော် အဖွဲ့ဝင်

( ၂ ) ဦးသန်းထွန်း အဖွဲ့ဝင်
( ၃ ) ဒေါက်တာဦးပွား အဖွဲ့ဝင်
( ၄ ) ဦးစောဗယ်လင်တိုင်း အဖွဲ့ဝင်

(ပုံ) ထင်ကျော်

နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဖွဲ့စည်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
ကြေညာချက်အမှတ်၊ ၈/၂ဝ၁၆
၁၃၇၈ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက်
(၂ဝ၁၆ ခုနှစ်၊ ဧပြီလ ၂၇ ရက်)
ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဖွဲ့စည်းခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၄၆၊ ပုဒ်မခွဲ(က)၊ ပြည်ထောင်စု အစိုးရအဖွဲ့ဥပဒေပုဒ်မ ၉၊ ပုဒ်မခွဲ(စ)နှင့် ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥပဒေပုဒ်မ ၄ တို့ပါ ပြဋ္ဌာန်းချက်များ အရ ''ပြည်ထောင်စုရာထူးဝန်အဖွဲ့'' ကို အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းလိုက်သည်-

( ၁ ) ဒေါက်တာဝင်းသိမ်း ဥက္ကဋ္ဌ
( ၂ ) ဦးဝင်းမော် အဖွဲ့ဝင်
( ၃ ) ဦးသန်းထွန်း အဖွဲ့ဝင်
( ၄ ) ဒေါက်တာဦးပွား အဖွဲ့ဝင်
( ၅ ) ဦးစောဗယ်လင်တိုင်း အဖွဲ့ဝင်

(ပုံ) ထင်ကျော် 

နိုင်ငံတော်သမ္မတ 
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေဝင်အိပ်တန်း တက်နိုင်ဖို့

(လင်္ကာရည်ကျော်)

''နေဝင်အိပ်တန်းတက်''ဆိုတာက ၂ဝဝ၈ ခုနှစ်က ကျွန်တော် ရေးခဲ့သော ဝတ္ထုရှည်တစ်ပုဒ်ဖြစ်သည်။ ဆရာဝန်ဘဝမှ စာရေးဆရာစဖြစ်လာချိန်တွင် ကျင်လည်ခဲ့ရာ ဆရာဝန်ဘဝကို ဝတ္ထုရှည်သုံးပုဒ်နှင့် ကျေးဇူးဆပ်မည်ဟု ရည်ရွယ်ခဲ့သည့်အတိုင်း လူငယ် ဆရာဝန်ဘဝကို ''ကြိုးကြာတောင်ပံခတ်သံ''၊ လူလတ်ပိုင်း ဆရာဝန်ဘဝကို ''ဒေါက်တာရွှေသွေးနှင့် မပန်းမှုံ''၊ သက်ကြီးပိုင်းဆရာဝန်ဘဝကို ''နေဝင်အိပ်တန်းတက်''ဟု သုံးပုဒ်ဆက်တိုက်ရေးဖြစ်ခဲ့ရာ ပထမနှစ်ပုဒ်က အမျိုးသား စာပေဆုရခဲ့သည်။ ''နေဝင်အိပ်တန်းတက်''မှာ ကျွန်တော်ဆုမရသော်လည်း ထူးခြားသော ပရိသတ်တွေရခဲ့သည်။ အဲ့ဒါကတော့ သံဃာတော်များပါ။ လောကီရေးရာကိစ္စများတွင် ဘုရား ဟောဓမ္မများနှင့် ယှဉ်၍ ဆင်ခြင်ကြည့်တတ်ကြဖို့ အဲသည် ဇာတ်လမ်းထဲမှာ ကျွန်တော်မသိမသာ ထည့်ရေးခဲ့တာကို ဆရာတော်၊ သံဃာတော်တွေကမြင်ပြီး ချီးကျူးစကားဆို ကြတာတွေ ရေးကြသဖြင့် ကျွန်တော်ပီတိဖြင့်စာဆက် ရေးဖို့ အားရှိခဲ့ရသည်။

Wednesday, April 27, 2016

လာမည့် တစ်လ၊ နှစ်လအတွင်း နှစ်ဆယ့်တစ်ရာစုပင်လုံညီလာခံကိုစတင်နိုင်ရေးဝိုင်းဝန်းကူညီဆောင်ရွက်ကြရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်းပြောကြား



နေပြည်တော် ဧပြီ ၂၇

လာမည့် တစ်လ၊ နှစ်လအတွင်း နှစ်ဆယ့်တစ်ရာစုပင်လုံညီလာခံကို စတင်နိုင်ရေး ဝိုင်းဝန်း ကူညီဆောင်ရွက်ကြပါရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က  ပြောကြား လိုက်သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) အဖွဲ့ဝင်များနှင့် ယနေ့မွန်းလွဲ(၂)နာရီတွင် နေပြည်တော်ရှိ Horizon Lake View ဟိုတယ် အစည်းအဝေးခန်းမ၌ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးစဉ် ထိုသို့ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ခွဲစိတ်ကုသခဲ့သော မျက်လုံးများအား ပြန်လည်စမ်းသပ်စစ်ဆေးမှုခံယူ



နေပြည်တော်  ဧပြီ ၂၇

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းထိန်တို့သည် ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော် ဥတ္တရသီရိမြို့ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်းဆေးရုံကြီး၌ ယခင် ခွဲစိတ်ကုသခဲ့သော မျက်လုံးများအား ပြန်လည် စမ်းသပ်စစ်ဆေးမှု ခံယူခဲ့ရာ အခြေအနေကောင်းမွန်ကြောင်း သိရသည်။ 

သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့်လေဘေးသင့်ပြည်သူများအား ထောက်ပံ့




နေပြည်တော် ဧပြီ ၂၇

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ဧပြီ၂၆ ရက် ည(၉)နာရီခွဲတွင် မိုးမိတ်မြို့၊ ရွှေလီ(၃)ဧည့်ရိပ်သာ၌ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ လားရှိုးခရိုင် ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး၊ ခရိုင်/မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ဧပြီလ ၂၂ရက် မှ၂၄ ရက် အထိ (၃)ရက်ဆက်တိုက် ဖြစ်ပွားခဲ့သည့် ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်မြို့နယ်နှင့် မဘိမ်းမြို့နယ် အတွင်းရှိ လေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေး လုပ်ငန်းများနှင့် စပ်လျဉ်း၍ ဆွေးနွေးဆောင်ရွက်သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီး မစ္စတာ စကော့ အလန်မာရှယ် အား လက်ခံတွေ့ဆုံ


နေပြည်တော် ဧပြီ ၂၇

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီး မစ္စတာ စကော့ အလန်မာရှယ်အား ယနေ့မွန်းလွဲ ၂ နာရီခွဲတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က မြန်မာနိုင်ငံ၏ နိုင်ငံရေးပြောင်းလဲမှုဖြစ်စဉ်များနှင့် လက်ရှိပါတီစုံ ဒီမိုကရေစီခေတ်၏ ဒုတိယအစိုးရကာလ၊ အပြောင်းအလဲကာလတွင် တပ်မတော်၏ အမျိုးသားရေးဆိုင်ရာ ရပ်တည်ချက်၊ လုပ်ဆောင်ချက်များ၊ နိုင်ငံရေး၊ တိုင်းရင်းသားရေး၊ ဘာသာရေးအရ ဖြစ်ပေါ်ခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းပြီး ထာဝရငြိမ်းချမ်းရေး ဖော်ဆောင် မှုတွင် တပ်မတော်၏သဘောထားနှင့် ပူးပေါင်းဆောင်ရွက်မှု အခြေအနေ၊ မိမိနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒနှင့် နိုင်ငံတကာဆက်ဆံရေးအခြေအနေ၊ မြန်မာ-အမေရိကန်နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်ကြား အပြန်အလှန် ယုံကြည်မှုကိုအခြေခံ၍ ဆက်ဆံရေးတိုးမြှင့်နိုင်မည့် အခြေအနေများအား ရှင်းလင်းပြောကြားသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များနှင့်တွေ့ဆုံ



နေပြည်တော် ဧပြီ ၂၇

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် ယနေ့နံနက် (၁၀) နာရီတွင် မန္တလေးတိုင်းဒေသကြီး လွှတ်တော်အဆောက်အအုံ အစည်းအဝေးခန်းမ၌ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များနှင့် တွေ့ဆုံပြီး လွှတ်တော်ဆိုင်ရာအတွေ့အကြုံများ၊ လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြား သည်။

ပြန်ကြားရေးဝန်ကြီး ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူး၊ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးနှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် ဌာနေကိုယ်စားလှယ်အား တွေ့ဆုံ

နေပြည်တော် ဧပြီ ၂၇

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူး၊ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးနှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် ဌာနေကိုယ်စားလှယ် မစ္စစ် ရေနာတာ ဒေဆာလျံနှင့် ယနေ့မွန်းလွဲ(၂)နာရီတွင် ပြန်ကြားရေးဝန်ကြီးရုံး၌ တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ မီဒီယာကဏ္ဍပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ် များကို ဆွေးနွေးကြသည်။


အဆိုပါတွေ့ဆုံပွဲသို့ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။

တိရစ္ဆာန်ရောဂါ ကာကွယ်ဆေးနှင့် တိရစ္ဆာန်အစာ ထုတ်လုပ်သည့် စက်ရုံတည်ဆောက်နိုင်ရေးဆွေးနွေး


နေပြည်တော် ဧပြီ ၂၇

စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးခင်မောင်ချိုသည် အင်ဒိုနီးရှား  သံအမတ်ကြီး   H.E. Mr. Ito Sumardi နှင့် အဖွဲ့အား  ယနေ့နံနက်(၉) နာရီတွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမဆောင်၌  တွေ့ဆုံသည်။

လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များဆွေးနွေး


နေပြည်တော် ဧပြီ ၂၇

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်း ဝင်းသည် ဩစတြေးလျားနိုင်ငံ၊သံအမတ်ကြီး  H.E. Mr. Nicholas Coppel  အား ယနေ့နံနက် (၉) နာရီတွင် ပြည်ထောင်စုဝန်ကြီးရုံးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

မိုးနည်းရေရှားဒေသများ၏ သောက်သုံးရေရရှိရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မည့် အစီအမံများဆွေးနွေး



နေပြည်တော် ဧပြီ ၂၇

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူသည် ယမန်နေ့ နံနက်(၁၀)နာရီတွင်  ဂျာမနီနိုင်ငံသံအမတ်ကြီး H.E. Mr.Chri stian Ludwig Weber Lortsch အား တွေ့ဆုံပြီး မွေးမြူရေးလုပ်ငန်းနှင့် ရေလုပ်ငန်း များတွင် အကျိုးတူ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ကျေးလက် ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းတို့တွင် ပူးပေါင်းကူညီဆောင်ရွက်မည့် အစီအစဉ်များအား ဆွေးနွေးကြသည်။

ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များ မြန်မာနိုင်ငံသို့ စဉ်ဆက်မပြတ်လာရောက်လည်ပတ်လျက်ရှိ



၂၀၁၆ခုနှစ်၊ ဧပြီလ ၂၇

Nava Andaman Travels & Tours Co.,Ltd ၏ စီစဉ်ဆောင်ရွက်မှုဖြင့် အင်္ဂလန်နိုင်ငံသား (၁)ဦးနှင့် စက်လှေဝန်ထမ်း(၉)ဦးပါဝင်သော S/y FIDELIS စက်တပ်ရွက်လှေသည် အိန္ဒိယနိုင်ငံ ပို့ဘလဲယားဆိပ်ကမ်းမှ ဧပြီ(၅)ရက်က ထွက်ခွာလာရာ မြန်မာနိုင်ငံ ရန်ကုန်မြို့ နန်းသီတာ ဆိပ်ကမ်းသို့ ဧပြီ(၇)ရက်က ရောက်ရှိခဲ့ပြီး အဆိုပါ အဖွဲ့သည် ရန်ကုန်- ပုဂံ- အင်းလေး ဒေသများသို့ သွားရောက်လေ့လာကာ ဧပြီလ (၂၀) ရက်တွင် ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာ သွားသည်။

ကယားပြည်နယ် အခြေပြုအားလုံးပါဝင်သော ခရီးသွားလုပ်ငန်းစီမံချက်ကြီးကြပ်မှုကော်မတီ၏ တတိယ အကြိမ်မြောက် အစည်းအဝေးကျင်းပ




နေပြည်တော်၊ ဧပြီလ ၂၇

ကယားပြည်နယ် အခြေပြုအားလုံးပါဝင်သော ခရီးသွားလုပ်ငန်းစီမံချက်ကြီးကြပ်မှုကော်မတီ (Project Steering Committee) ၏ တတိယအကြိမ်မြောက် အစည်းအဝေးကို ဧပြီ (၂၆) ရက် နံနက် (၉) နာရီက နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပသည်။ ရှေးဦးစွာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်နှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်တို့က အဖွင့်အမှာစကားပြောကြားကြသည်။

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး နိုင်ငံတကာအဖွဲ့အစည်းများနှင့်တွေ့ဆုံ


နေပြည်တော် ၂၇

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည်   ဂျာမနီနိုင်ငံ   သံအမတ်ကြီး H.E Mr. Christian-Ludwig Weber-Lortsch? သြစတြေးလျနိုင်ငံ သံအမတ်ကြီး  H.E Mr. Nicholas Coppel နှင့်  World Food Programme (WFP)rS Country Director and Representative ဖြစ်သူ Mr. Dom Scalpelli  တို့နှင့် ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ သီးခြားစီတွေ့ဆုံပြီး   ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များနှင့် စပ်လျဉ်း၍   ဆွေးနွေးညှိနှိုင်းကြသည်။

ဂျပန်နိုင်ငံအစိုးရအနေဖြင့် နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် UN အဖွဲ့အစည်း (၄)ဖွဲ့သို့ ဂျပန်ယန်း (၃၇၅၈) သန်း ရန်ပုံငွေထောက်ပံ့ခြင်းဆိုင်ရာ လက်မှတ်ရေးထိုးပွဲကျင်းပ



နေပြည်တော် ဧပြီ ၂၇

နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်သည့် UN အဖွဲ့အစည်း (၄) ဖွဲ့သို့ ဂျပန်နိုင်ငံအစိုးရမှ ရန်ပုံငွေထောက်ပံ့ခြင်းဆိုင်ရာ လက်မှတ်ရေးထိုးပွဲအား ယနေ့နံနက် (၁၀) နာရီ အချိန်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်ဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး  H.E. Mr. Tateshi Higuchi ၊ ကုလသမဂ္ဂအဖွဲ့အစည်းများမှ တာဝန်ခံကိုယ်စားလှယ်များနှင့် ဖိတ်ကြား ထားသော ဝန်ကြီးဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြသည်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံ သံအမတ်ခန့်အပ်လွှာများ ပေးအပ်









နေပြည်တော် ဧပြီ ၂၇

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်များအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်ကြသည့် သံအမတ်ကြီး (၃)ဦးသည် ယနေ့တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော်၌ သံအမတ်ခန့်အပ်လွှာများ ပေးအပ်ကြသည်။

သဘာဝဘေးအန္တရာယ်များ ကြိုတင်ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ခြင်းများကို နှီးနွယ်ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်မည်


နေပြည်တော်  ဧပြီ  ၂၇

သဘာဝဘေးအန္တရာယ်များ ကြိုတင်ကာကွယ်ရေးနှင့် တုန့်ပြန်ဆောင်ရွက်ခြင်းများကို နှီးနွယ်ဝန်ကြီးဌာနများနှင့် အတူပူးပေါင်းဆောင်ရွက်ပြီး လိုအပ်ချက်များရှိပါက ဖြည့်ဆည်းပေး မည်ဖြစ်ကြောင်း၊ ဧပြီ ၂၆ ရက် ညနေပိုင်းက ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ တိုင်း ဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများနှင့်တွေ့ဆုံကာ ကျန်းမာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။

Tuesday, April 26, 2016

ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ အခြေစိုက် ဂျော်ဂျီယာ သံရုံးမှ သံရုံးယာယီတာဝန်ခံ Mr. Levan Machavariani အား လက်ခံတွေ့ဆုံ


နေပြည်တော်၊ ဧပြီ ၂၆
ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း သည် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ အခြေ စိုက် ဂျော်ဂျီယာသံရုံးမှ သံရုံးယာယီ တာဝန်ခံ Mr. Levan Machavariani အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီနှင့် ဧပြီ ၂၇ ရက်တွင် တွေ့ဆုံဆွေးနွေးမည်


နေပြည်တော် ဧပြီ ၂၆
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စု အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီနှင့် ဧပြီလ ၂၇ ရက် မွန်းလွဲပိုင်းတွင် တွေ့ဆုံပြီး ငြိမ်းချမ်းရေး ဆိုင်ရာ လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဆက်လက် ဆွေးနွေးမည်ဖြစ်ကြောင်း ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြောကြားလိုက်သည်။

စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၁)၏ကျောင်းဆင်းပွဲ အထိမ်း အမှတ် ဖော်ပြခဲ့မှုနှင့်ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ကန့်ကွက်ကြောင်း သတင်းထုတ်ပြန်

နေပြည်တော်၊ ဧပြီ-၂၆
စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၁)၏ (၄၇)နှစ်မြောက် ကျောင်းဆင်းပွဲ အထိမ်းအမှတ် မေတ္တာမွန်စာလွှာအား ဗိုလ်ချုပ်ကြီးဟောင်း တစ်ဦး ဖြစ်သူ သူရဦးရွှေမန်းက ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြခဲ့မှုနှင့် ပတ်သက်၍ တပ်မတော် သတင်း မှန်ပြန်ကြားရေး အဖွဲ့က ယနေ့ရက်စွဲဖြင့် သတင်းတစ်ရပ်ထုတ်ပြန်၍ ကန့်ကွက်ထားရှိသည်။

World Press Freedom Day အခမ်းအနားတွင် သတင်းရယူနိုင်ပါကြောင်း အသိပေး ဖိတ်ကြားခြင်း

နေပြည်တော်၊ ဧပြီ ၂၆

ပြန်ကြားရေးဝန်ကြီးဌာနနှင့် UNESCO တို့ ပူးပေါင်း၍ ကျင်းပပြုလုပ်မည့် World Press Freedom Day အခမ်းအနားကို ရန်ကုန်မြို့၊ Chatrium Hotel တွင် ၂၀၁၆ ခုနှစ် ၊ မေလ (၃)ရက်နေ့ နံနက် (၁၀း၀၀) နာရီမှ (၁၂း၀၀) နာရီအထိ ကျင်းပပြုလုပ် မည် ဖြစ်ပါ၍ သတင်း မီဒီယာများ အနေဖြင့် လွတ်လပ်စွာ တက်ရောက် သတင်းရယူနိုင် ပါကြောင်း အသိပေး ဖိတ်ကြား အပ်ပါသည်။

ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်၏ ဆောင်ရွက်ချက်များကို သတင်းမီဒီယာများနှင့် တွေ့ဆုံ ရှင်းလင်းပြောကြားမည်

နေပြည်တော် ဧပြီ ၂၆
ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဧပြီ(၂၂)ရက်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ၎င်းအားအနားပေးခဲ့သည့် အကြောင်းကြားစာကို လက်ခံရရှိခဲ့ကြောင်းသူ၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံ တီမောလက်စ်တေ ဒီမိုကရက်တစ်သမ္မတနိုင်ငံ သံအမတ်ကြီး ခန့်အပ်လွှာပေးအပ်


နေပြည်တော်၊ ဧပြီ ၂၆
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော် ထံ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ တီမောလက်စ်တေ ဒီမိုကရက်တစ်သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူ ညီပြီး ဖြစ်သော သံအမတ်ကြီး မစ္စတာ ဂျိုအာ ဖရိတက်စ် ဒီ ကမ်မာရာ သည် ယနေ့ နံနက် ၁၁:၀၀ နာရီတွင် နေပြည်တော်ရှိ သမ္မတအိမ်တော်သို့ သွားရောက်၍ ၎င်း၏ သံအမတ် ခန့်အပ်လွှာ ကို ပေးအပ်သည်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံ အိုင်ယာလန်နိုင်ငံ သံအမတ်ကြီး ခန့်အပ်လွှာပေးအပ်


နေပြည်တော်၊ ဧပြီ ၂၆
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော် ထံ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အိုင်ယာလန်နိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီး ဖြစ်သော သံအမတ်ကြီး မစ္စတာ ဘရီဒန် ရိုဂျာ (စ်) သည် ယနေ့ နံနက် ၁၀:၃၀ နာရီ တွင် နေပြည်တော် ရှိ သမ္မတအိမ်တော်သို့ သွားရောက်၍ ၎င်း၏ သံအမတ်ခန့်အပ်လွှာကို ပေးအပ်သည်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံ ဆွီဒင်နိုင်ငံ သံအမတ်ကြီး ခန့်အပ်လွှာပေးအပ်



နေပြည်တော်၊ ဧပြီ ၂၆
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော် ထံ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ ဆွီဒင်နိုင်ငံ သံအမတ်ကြီး အဖြစ် ခန့်အပ်ရန် သဘောတူညီပြီး ဖြစ်သော သံအမတ်ကြီး မစ္စတာ စတက်ဖန် ဟားရ်စထရွမ်း သည် ယနေ့ နံနက် ၁၀:၀၀ နာရီ တွင် နေပြည်တော်ရှိ သမ္မတအိမ်တော်သို့ သွားရောက်၍ ၎င်း၏ သံအမတ် ခန့်အပ်လွှာကို ပေးအပ်သည်။

ပြည်သူ့လွှတ်တော်ရုံးစာကြည့်တိုက်သို့ စာအုပ်များလှူဒါန်း


နေပြည်တော် ဧပြီ  ၂၆
ပြည်သူ့လွှတ်တော်ရုံး စာကြည့်တိုက်သို့ စာအုပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိလွှတ်တော်အဆာက်အအုံ ပြည်သူ့လွှတ်တော် စာကြည့်တိုက်၌ ကျင်းပရာ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိ သူများ တက်ရောက်ကြသည်။

တပ်မတော်ရဟတ်ယာဉ်တစ်စင်း လေ့ကျင့်ပျံသန်းစဉ် မုန်တိုင်ဆည်အတွင်းသို့ ထိုးဆင်းပျက်ကျ



နေပြည်တော်၊ ဧပြီ ၂၆
မိတ္ထီလာတပ်နယ် လေကြောင်းအတတ်သင် လေတပ်စခန်းဌာနချုပ်မှ Bell-206 အမျိုးအစား ရဟတ်ယာဉ် အမှတ်(၀၁၂၅)သည် ယနေ့နံနက်ပိုင်းတွင် လေ့ကျင့် ပျံသန်းစဉ် နံနက် ၈ နာရီ ၂၆ မိနစ်က စက်ချို့ ယွင်းမှု ကြောင့် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ မုန်တိုင်ဆည်အတွင်း ထိုးဆင်းပျက်ကျခဲ့သည်။

အသိုက်ကို ထုဆစ်သူများ

ညွန့်ဝင်းလေး
ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းတွေ မြင့်မားနေတဲ့ ရန်ကုန်ရဲ့ သင်္ကြန်အကြိုနေ့မှာ နတ်မောက်လမ်းက မိုးကုတ် ဝိပဿနာအဖွဲ့ချုပ်ကို ရောက်ခဲ့ပါတယ်။ နံနက်ခင်းရဲ့ နေရောင်ခြည်ဟာ နုထွေးတောက်ပနေ ပါတယ်။ ဝိပဿနာ တရားကျင့်ကြံအားထုတ်နေတဲ့ သံဃာ၊ ယောဂီတွေနဲ့အတူ မိုးကုတ်ရိပ်သာကြီးဟာ တောရကျောင်းလေးလို ငြိမ်သက်ခြင်း ဖြင့် လှပလို့ နေပါတယ်။

မန္တလေးမှာ လူထုဥယျာဉ်နှင့်ပြတိုက်ရှိရမယ့်နေရာ


တိုင်းပြည်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည်တို့နှင့်စပ်လျဉ်း၍ ရှုထောင့်စုံမှ သဘောထားအမြင်စုံတို့ကို အများ ပြည်သူသို့ တင်ပြပေးနိုင်ရန် ဤကဏ္ဍကို ဖွင့်လှစ်ခြင်းဖြစ်၍ စိတ်ဝင်စားသူ မည်သူမဆို ပါဝင်ရေးသားရန် ဖိတ်ခေါ်ပါသည်။ သို့သော် ကြမ်းတမ်းပြင်းထန်သော အယူအဆ၊ အရေးအသားများကို သတင်းစာ၏ မူဝါဒအရ ဖော်ပြပေးနိုင်မည် မဟုတ် ကြောင်းနှင့် ဤကဏ္ဍတွင် ပါရှိသမျှတို့သည် သက်ဆိုင်ရာ ဆောင်းပါးရှင်အသီးသီး၏ အာဘော်များသာ ဖြစ်ပါကြောင်း အစီရင်ခံအပ်ပါသည်။
မန္တလေးက ဘုရင့်မင်းနေပြည်တော်ဖြစ်ခဲ့တယ်။ မန္တလေးကို နေပြည်တော်အဖြစ် တည်ထောင်ကတည်းက မြို့တည်နန်း တည်ခုနစ်ဌာနမှာ ကျုံးတော်၊ ရွှေမြို့တော်...ဆိုတာ နိုင်ငံနှင့်အဝန်း အာဏာသုံးရပ်တည်ရှိရာ အဓိကအမြင့်မားဆုံး နေရာပဲဖြစ်တယ်။ သက်ဦး ဆံပိုင်ပဒေသရာဇ်နှင့်အတူ အာဏာသုံးရပ်ကို ကိုင်စွဲထားတဲ့ မှူးကြီးမတ်ရာ၊ စစ်သူကြီး သေနာပတိတို့ရဲ့ စိုးစံ၊ ရုံးစိုက်ရာဖြစ်တယ်။ အာဏာရဲ့ အထွတ်အထိပ် ဖြစ်တဲ့ ရာဇပလ္လင်ကိုးရပ်ရှိတဲ့ နန်းတော်ကြီးတွေနှင့် အတူ လွှတ်တော်ရုံးလည်းရှိတယ်။ ကိုယ့်အရှင် ကိုယ့်သခင် လက်ထက်တော်ကာလ အချိန်အခါကဖြင့် မန္တလေးနန်းမြို့ဟာ တစ်တိုင်းတစ်ပြည်လုံးရဲ့ အထွတ် အထိပ်၊ အမြင့်အမြတ်နေရာပါပဲ။

အမှန်တကယ်ကျူးကျော်များအား အကောင်းဆုံးဖြစ်အောင် လုပ်ငန်းရှင်များနှင့် ပူးပေါင်းဖြေရှင်းမည်ဟု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ပြောကြား


သတင်း-မောင်စိန်လွင်(မြန်မာ့အလင်း)၊ ဓာတ်ပုံ-မင်းထက်
ရန်ကုန် ဧပြီ ၂၅
ရန်ကုန်တိုင်းဒေသကြီး စက်မှုဇုန်များအတွင်းရှိ အမှန်တကယ် နေထိုင်စရာမရှိဘဲ ကျူးကျော်တဲများဖြင့် နေထိုင် လုပ်ကိုင် စားသောက်လျက်ရှိသော လုပ်သားများအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် အကောင်း ဆုံးဖြစ်ရန် ဇုန်လုပ်ငန်းရှင်များနှင့် အချိန်ယူ ပူးပေါင်းဖြေရှင်းပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

အငှားအိမ်ရာနှင့် တန်ဖိုးနည်းအိမ်ရာများ တည်ဆောက်ပေးခြင်းဖြင့် အိမ်ခြံမြေဈေးနှုန်းကျဆင်းမှုကို အထောက်အကူပြု


မန္တလေး ဧပြီ ၂၅
အခြေခံလူတန်းစားများအတွက် အငှားအိမ်ရာများနှင့် တန်ဖိုးနည်း အိမ်ရာများကို မန္တလေးမြို့အတွင်း နေရာအနှံ့ အပြား တည်ဆောက်ပေးခြင်းဖြင့် အိမ်ခြံမြေဈေး နှုန်းများကျဆင်းမှုကို အထောက်အကူပြုနိုင်ကြောင်း မန္တလေး မြို့ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။

အဝေးပြေးယာဉ်ရပ်နားစခန်းပါ အဆင့်မြင့်အိမ်ရာစီမံကိန်းကို ကန်ဒေါ်လာ သန်း ၁၂ဝ အကုန်အကျခံ တည်ဆောက်မည်


ရန်ကုန် ဧပြီ ၂၅
မြန်မာနိုင်ငံတွင် ပထမဆုံး နိုင်ငံတကာအဆင့်မြင့်အဝေးပြေး ယာဉ်ရပ်နားစခန်းပါ INNO CITY အမည်ရှိ စုပေါင်းအဆောက်အအုံ စီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ် ပါရမီလမ်းနှင့် ဝေဇယန္တာ လမ်းထောင့် (ယခင်ပါရမီကားကြီးကွင်းနေရာ) ၌ အမေရိကန်ဒေါ်လာ သန်း ၁၂ဝ အကုန်အကျခံကာ တောင်ကိုရီးယားနိုင်ငံ INNO Group မှ အကောင်အထည်ဖော် စတင်ဆောက်လုပ်တော့ မည်ဖြစ်သည်။

ရေကြောင်းနှင့် လေကြောင်းလူငယ်အခြေခံသင်တန်းများနှင့် တန်းမြှင့် သင်တန်းများ စတင်ဖွင့်လှစ်


နေပြည်တော်၊ ဧပြီ၂၅
၂၀၁၆ ခုနှစ် နွေရာသီကျောင်းပိတ်ရက် ကာလအတွင်း ကျောင်းသား၊ ကျောင်းသူ မျိုးဆက်သစ်လူငယ်များ၏ အသိပညာများဖွံ့ဖြိုးတိုးတတ်စေရန်၊ အားလပ် ရက်များ အကျိုးရှိစေရန်၊ မိမိဝါသနာပါသည့် ပညာရပ်များကို လေ့လာဆည်းပူး နိုင်စေရန်နှင့် နိုင်ငံတော်အတွက် ရေကြောင်းပညာ၊ လေကြောင်းပညာကျွမ်းကျင်သော အနာဂတ် မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ တပ်မတော်(ရေ)က ရေကြောင်း လူငယ် အခြေခံနှင့်တန်းမြှင့်သင်တန်းများ၊ တပ်မတော်(လေ)က လေကြောင်း လူငယ်အခြေခံနှင့်တန်းမြှင့် သင်တန်းများ ကို ယနေ့တွင် သက်ဆိုင်ရာ မြို့နယ်အသီးသီး၌ တစ်ပြိုင်တည်း  ဖွင့်လှစ်ခဲ့ကြသည်။