ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေး
၁၄ ရက်မြောက်နေ့ကျင်းပ
နေပြည်တော် မတ် ၃၁
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေး ၁၄ ရက်မြောက်နေ့ ကို ယနေ့နံနက်(၁၀)နာရီတွင်
နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်းကို အဆိုတင်သွင်းခြင်းနှင့်
တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦး ကတိသစ္စာပြုခြင်း တို့ကို ဆောင်ရွက်ကြသည်။