သတင်းဆောင်းပါး-မောင်မောင်မြင့်ဆွေ
ဓာတ်ပုံ-မောင်ချစ်ကြည်၊ ဆောက်လုပ်ရေး
တသွင်သွင်စီးဆင်းနေသော
သံလွင်မြစ်၊ ရေစီးသန်သော သံလွင်မြစ်ပေါ် တွင် စုန်ဆန်ခုတ်မောင်းသွားလာနေသော ရေယာဉ်များ၊
ရေစီးသန်လွန်းသော အချိန်များတွင် စက်တပ်ရေယာဉ်များ ဖြတ်သန်းသွားလာရခက်ခဲသော သံလွင်
မြစ်က ဘီလူးကျွန်း(ချောင်းဆုံမြို့နယ်)နှင့် မော်လမြိုင်မြို့ကို ပိုင်းခြားထားသည်
မှာ နှစ်ပေါင်းများစွာကြာခဲ့ပြီ။ ဖွံ့ဖြိုးတိုးတက်မှုနည်းပြီး အထီးကျန်စွာ ရပ်တည်ခဲ့
ရသော ဘီလူးကျွန်း၏ အနာဂတ်အလှကို တောက်ပစွာဖန်တီးပေးမည့် သံလွင် တံတား(ချောင်းဆုံ)ကို
ယခုအခါ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တည်ဆောက် ပေးနေပြီဖြစ်သည်။