စင်ကာပူ နိုဝင်ဘာ ၃၀
စင်ကာပူနိုင်ငံတွင် တရားဝင်ခရီးစဉ် ရောက်ရှိနေသည့်
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်သည် ယနေ့ဒေသစံတော်ချိန် မွန်းလွဲ
၃ နာရီတွင် ရှန်ဂရီလာဟိုတယ်၌ စင်ကာပူနိုင်ငံ စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲအခမ်းအနားသို့ နိုင်ငံတော်၏
အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဒေါက်တာသန်းမြင့် ၊ စင်ကာပူနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဗီဗီယန် ဘာလာကရစ်ရှ်နန်၊
စင်ကာပူနိုင်ငံ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး မစ္စတာ လင်မ် ဟန့်ခိုင်နှင့် တာဝန်ရှိသူများ၊
စင်ကာပူ နိုင်ငံမှ ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ကြသည်။