Friday, September 2, 2016

အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) နှင့် ပူးပေါင်း၍ အလုပ်သမားရေးရာ ကိစ္စများ ဆောင်ရွက်နေမှုအား ဆွေးနွေး


နေပြည်တော် စက်တင်ဘာ  ၂

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် အမေရိကန် သံအမတ်ကြီး မစ္စတာ စကော့မာရှယ်အား သြဂုတ်(၃၁)ရက် ညနေ(၄)နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ တွေ့ဆုံသည်။



တွေ့ဆုံစဉ် အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့(ILO)နှင့် ပူးပေါင်း၍ အလုပ်သမားရေးရာ ကိစ္စရပ်များ ဆောင်ရွက်နေမှု၊ မြန်မာနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့အကြား အလုပ်သမားရေးရာနှင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး အခြေအနေများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း သတင်း ရရှိသည်။

No comments:

Post a Comment