Friday, September 2, 2016

ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီဥက္ကဋ္ဌ ဦးထွန်းအောင် (ခ) ဦးထွန်းထွန်းဟိန် ကိုရီးယား ပြည်သူ့သမ္မတ နိုင်ငံမှ ဥပဒေပြုရေးဆိုင်ရာ ဝန်ကြီး H.E. Jeong-boo JE အား တွေ့ဆုံ


နေပြည်တော် စက်တင်ဘာ ၂

ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးထွန်းအောင် (ခ) ဦးထွန်းထွန်းဟိန်သည် ကိုရီးယား ပြည်သူ့ သမ္မတနိုင်ငံမှ ဥပဒေပြုရေးဆိုင်ရာ ဝန်ကြီး H.E. Jeong-boo JE အား ယနေ့ မွန်းလွဲ (၁) နာရီတွင် လွှတ်တော် အဆောက်အအုံ ရေးရာဆောင်အမှတ် (I-2) ၌ တွေ့ဆုံသည်။


တွေ့ဆုံစဉ် ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ၌ ဆောင်ရွက်လျက်ရှိသော ဥပဒေရေးဆွဲခြင်း၊ ပြင်ဆင်ခြင်းနှင့် ရုပ်သိမ်းခြင်းဆိုင်ရာများ၊ ပြည်သူများ သိရှိလိုသည့် သက်ဆိုင်ရာ ဥပဒေများကို Internet မှ လွယ်ကူစွာ ကြည့်ရူနိုင်ရေး၊ ခေတ်နှင့်လျော်ညီသော ဥပဒေများကို အတည်ပြုရေးဆွဲနိုင်ရန် ကြိုးပမ်း နေမှုများ၊ မြန်မာနိုင်ငံနှင့် ကိုရီးယားနိုင်ငံတွင် ဆောင်ရွက်လျက်ရှိသည့် ဥပဒေပြုရေး လုပ်ငန်း ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။


No comments:

Post a Comment