Friday, September 2, 2016

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား ဘရူနိုင်းဒါရုဆလမ်နိုင်ငံ ကာကွယ်ရေး ၀န်ကြီး ဌာန၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆို


နေပြည်တော် စက်တင်ဘာ ၂

ဘရူနိုင်းဒါရုဆလမ်နိုင်ငံသို့ ချစ်ကြည်ရေး ခရီးရောက်ရှိနေသော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ဘရူနိုင်းဒါရုဆလမ်နိုင်ငံ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ယနေ့ဒေသစံတော်ချိန် နံနက်(၁၀)နာရီတွင် ဘရူနိုင်းဒါရုဆလမ်နိုင်ငံ ကာကွယ်ရေး ၀န်ကြီးဌာန၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုသည်။


ယင်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် ဘရူနိုင်းကာကွယ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီးနှင့်   တွေ့ဆုံဆွေးနွေးသည်။

ဆက်လက်၍ ဘရူနိုင်းတပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံပြီး တပ်မတော် (ကြည်း၊ ရေ၊လေ) အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု မြှင့် တင်ရေး၊ အတွေ့အကြုံနှင့် ကျွမ်းကျင်မှုများ ဖလှယ်ရေး၊ အာဆီယံအဖွဲ့အစည်း စိတ်ဓာတ်ဖြင့် ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာစေရန် ဆောင်ရွက်ရေး တို့ကို ဆွေးနွေးကြသည်။

ယင်းနောက် ဘရူနိုင်းတပ်မတော် စစ်သမိုင်းပြတိုက်သို့ သွားရောက်လေ့လာ ကြည့်ရှုသည်။


မွန်းလွဲပိုင်းတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီးနှင့် အဖွဲ့ဝင်များအား ဘရူနိုင်း နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးချိုထွန်းအောင်နှင့် ဇနီး၊ သံရုံး မိသားစုများက နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံသည်။ 

No comments:

Post a Comment