Monday, September 5, 2016

ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို ပုဂံဒေသ ငလျင်ဒဏ် ခံရသော ရှေးဟောင်း အဆောက် အအုံများ မှတ်တမ်း ကောက်ယူခြင်းနှင့် အရေးပေါ် ထိန်းသိမ်းမှုလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကွင်းဆင်း ကြည့်ရှု စစ်ဆေး


နေပြည်တော် စက်တင်ဘာ ၎

ပုဂံယဉ်ကျေးမှုဒေသရှိ ငလျင်ဒဏ်ခံ ရှေးဟောင်းအဆောက်အအုံများ မှတ်တမ်း ကောက်ယူ ခြင်းနှင့် အရေးပေါ် ထိန်းသိမ်းခြင်း လုပ်ငန်းများ ပြန်လည်ပြုပြင် ထိန်းသိမ်းရာတွင် ပြန်လည် တည်ဆောက်မည့် နည်းစနစ်ကို ပညာရှင်များနှင့် ပေါင်းစပ်ညှိနှိုင်းပြီး ရေရှည်ခိုင်ခံ့ မှုရှိအောင် ရှေးဟောင်းအဆောက်အအုံ တစ်ခု ချင်းကို နည်းစနစ်ရွေးချယ်၍ ပြန်လည်တည်ဆောက်ရန် လိုအပ်ကြောင်းကို ယနေ့နံနက်ပိုင်းတွင် ပုဂံရှေးဟောင်း သုတေသနပြတိုက်၌ ကျင်းပပြုလုပ်သော လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကိုက မှာကြားသည်။ အဆိုပါ အစည်းအဝေး ပွဲသို့ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ညွှန်ကြားရေး မှူးချုပ်နှင့် အရာထမ်းများ၊ ညောင်ဦးခရိုင် အုပ်ချုပ်ရေးမှူး၊ UNESCO မှ ပညာရှင်များ၊ မြန်မာနိုင်ငံ မြေငလျင်အသင်းကော်မတီမှ ပညာရှင်များ၊ မြန်မာ နိုင်ငံလေကြောင်းနှင့် အာကာသ တက္ကသိုလ်၊ မောင်းသူ မဲ့လေယာဉ် သုတေ သနမှ တာဝန်ရှိသူများနှင့် Bagan Heritage Trust မှ ပုဂ္ဂိုလ်များ တက်ရောက်ကြသည်။


အစည်းအဝေးတက်ရောက်လာသူများအနက် UNESCO မှပညာရှင် Mr. Kai Weise က ငလျင် လှုပ်ခတ်ပြီးနောက် ဆောင်ရွက်ရမည့်အချက်များ ကိုလည်း ကောင်း၊ ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက် ဦးစီးဌာန၊ ညွှန်ကြားရေး မှူးချုပ်က ငလျင်ဒဏ်ခံရှေးဟောင်းအဆောက် အအုံများနှင့် ပတ်သက်၍ လုပ်ငန်းစဉ် (၇)ရပ်ဖြစ်သော (၁) Immediate Site Investigation (၂) Assessment / Documentation (၃) Detail Investigation (၄) Site Cleaning (၅) Method / Technique(၆) Estimating and Reporting (၇) Conserve / Restore / Rebuild တို့ကို ချမှတ်ဆောင်ရွက်၍ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် နိုင်ငံတော် သမ္မတ၏ လမ်းညွှန်မှာကြားချက်(၆)ချက်အပေါ် လိုက်နာ ဆောင်ရွက်ပြီးစီးမှု အခြေအနေ များ ကိုလည်းကောင်း ရှင်းလင်း တင်ပြသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် တင်ပြချက်များနှင့်ပတ်သက်၍ ပုထိုးသားများ စေတီ၊ နတ်လျောင်း ကျောင်း၊ စူဋ္ဌာမဏိစေတီ၊ ဓမ္မရံကြီး စေတီတို့အား မှတ်တမ်းကောက်ယူနေမှု၊ Done ဖြင့် လက်တွေ့မှတ်တမ်း ရိုက်ကူနေမှု၊ ဌာနဆိုင်ရာများနှင့် ပရဟိတအသင်းအဖွဲ့များ ပူးပေါင်း၍ Site Cleaning ဆောင်ရွက်နေမှုနှင့် အရေးပေါ် ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ကွင်းဆင်း ကြည့်ရှု စစ်ဆေးကြောင်း သတင်း ရရှိသည်။

No comments:

Post a Comment