Monday, September 5, 2016

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ ပြန်လည်ရောက်ရှိ


နေပြည်တော် စက်တင်ဘာ ၎
ဘရူနိုင်းဒါရုဆလမ်နိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက် ဒေသ စံတော်ချိန် ၉ နာရီ ၁၅ မိနစ်တွင် ဘရူနိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပြန်လည်ထွက်ခွာကြရာ ဘရူနိုင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဘရူနိုင်းတပ်မတော်ရေတပ် ဦးစီးချုပ်နှင့်ဇနီး၊ ပူးပေါင်းတပ်ဖွဲ့ ဦးစီးချုပ်နှင့် ဇနီး၊ ဘရူနိုင်းတပ်မတော်မှ အရာရှိကြီးများ၊ ဘရူနိုင်း နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးချိုထွန်းအောင်နှင့် ဇနီး၊ တာဝန်ရှိသူများက လေဆိပ်တွင် ပို့ဆောင်နှုတ် ဆက်ကြသည်။


ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် စင်္ကာပူနိုင်ငံ၊ ချန်ကီအပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ဒေသစံတော်ချိန် ၁၁ နာရီ ၂၀ မိနစ်တွင် ရောက်ရှိရာ စင်္ကာပူနိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးဌေးအောင်နှင့် ဇနီး၊ သံရုံးမိသားစုများက ကြိုဆိုကြသည်။
ယင်းနောက် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် စင်္ကာပူနိုင်ငံ ချန်ကီအပြည်ပြည်ဆိုင်ရာ လေဆိပ်မှ မြန်မာ အပြည်ပြည်ဆိုင် ရာလေကြောင်း လိုင်းဖြင့် ဆက်လက်ထွက်ခွာပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် သို့ ရောက်ရှိရာ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၊ စစ်ရေးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ဆန်းဦး၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးဇော်သိန်း၊ တပ်မတော် အရာရှိကြီးများနှင့် မြန်မာနိုင်ငံ ဆိုင်ရာ ဘရူနိုင်းနိုင်ငံသံအမတ်ကြီး H.E.Col (Rtd) Dato Paduk Haji Abdu'r Rahmani bin Dato Paduka Haji Basir နှင့်ဇနီးတို့က ကြိုဆိုနှုတ်ဆက်ခဲ့ကြ သည်။

ထိုမှတစ်ဆင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် နေပြည်တော်သို့ ဆက်လက်ထွက်ခွာပြီး ယနေ့ညနေ ၅ နာရီ ၂၅ မိနစ်တွင် နေပြည်တော် လေဆိပ်သို့ ပြန်လည်ရောက်ရှိရာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ် ရုံးမှ တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မိုးမြင့်ထွန်းနှင့် ဇနီးတို့က လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ခဲ့ကြ သည်။

No comments:

Post a Comment