Saturday, September 3, 2016

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာကိုဖီအာနန် ရန်ကုန်မြို့သို့ရောက်ရှိ


ရန်ကုန် - စက်တင်ဘာ ၃
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း   မစ္စတာကိုဖီအာနန်သည်  အဖွဲ့ဝင် နှစ်ဦးနှင့်အတူ  ယနေ့ ညနေ ၃ နာရီ ၁၀ မိနစ်တွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ရောက်ရှိလာရာ  နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး  ဦးကျော်တင်နှင့် တာဝန်ရှိ သူများက ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ကြသည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း နိုဘယ်လ်ဆုရှင် မစ္စတာကိုဖီအာနန်သည်   ၎င်း၏ ခရီးစဉ်အတွင်း ရခိုင်ပြည်နယ်နှင့်  နေပြည်တော်သို့ သွားရောက်မည်ဖြစ်ပြီး ရန်ကုန်မြို့မှတစ်ဆင့် စက်တင်ဘာ ၉ ရက်တွင် ပြန်လည်ထွက်ခွာမည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment