Friday, September 30, 2016

မုန့်တီ၊ မုန့်ဖတ်နှင့် ခေါက်ဆွဲများတွင် ဖော်မလင်ကင်းစင်ပြီး ကျန်းမာရေးနှင့် ညီညွတ်အောင် ထုတ်လုပ် နိုင်ရေး အတွက် အသိပညာပေးအလုပ်ရုံဆွေးနွေးပွဲကျင်းပမည်

နေပြည်တော် စက်တင်ဘာ ၃၀

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ ကြီးမှူးကျင်းပမည့် မုန့်တီ၊ မုန့်ဖတ်နှင့် ခေါက်ဆွဲများတွင် ဖော်မလင် ကင်းစင်ပြီး ကျန်းမာရေးနှင့် ညီညွတ်အောင် ထုတ်လုပ် နိုင်ရေး အတွက် အသိပညာပေး အလုပ်ရုံဆွေးနွေးပွဲကို အောက်တိုဘာ ၇ ရက် နံနက်  ၉ နာရီမှ ၁၂ နာရီအထိ ရန်ကုန်မြို့ Dolphin Hotel ၌ ကျင်းပမည်ဖြစ်ရာ မုန့်တီ၊ မုန့်ဖတ်နှင့် ခေါက်ဆွဲထုတ်လုပ် သည့် လုပ်ငန်း ရှင်များနှင့် စိတ်ပါဝင်စားသူများ တက်ရောက်နိုင်ကြောင်း သိရသည်။ 

အာဆီယံ ပါလီမန်များ ညီလာခံ ဥက္ကဋ္ဌရာထူးနှင့် အာဆီယံ ပါလီမန်များ ညီလာခံ အထွေထွေ အတွင်းရေးမှူးချုပ် ရာထူး လွှဲပြောင်းပေးအပ်ပွဲကျင်းပ


နေပြည်တော် စက်တင်ဘာ ၃၀
(၃၇) ကြိမ်မြောက် အာဆီယံ ပါလီမန်များ အထွေထွေ ညီလာခံ၏ အာဆီယံပါလီမန် များ ညီလာခံ ဥက္ကဋ္ဌ ရာထူးနှင့် အာဆီယံ ပါလီမန်များညီလာခံ အထွေထွေ အတွင်းရေး မှူးချုပ်ရာထူး လွှဲပြောင်းပေးအပ်ပွဲ အခမ်း အနားကို ယနေ့နံနက်(၈)နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန အမှတ်(၁) (MICC – 1) မြခန်းမ၌ ကျင်းပရာ ပြည်ထောင်စုလွှတ်တော် နာယက၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက အာဆီယံပါလီမန်များညီလာခံဥက္ကဋ္ဌရာထူးကို လွှဲပြောင်းလက်ခံသည်။

(၃၇)ကြိမ်မြောက် အာဆီယံပါလီမန်များအထွေထွေ ညီလာခံ ဖွင့်ပွဲ အခမ်းအနား ကျင်းပ


နေပြည်တော် စက်တင်ဘာ ၃၀
(၃၇) ကြိမ်မြောက် အာဆီယံပါလီမန်များအထွေထွေ ညီလာခံဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၁)နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန အမှတ်(၁) (MICC – 1)ကျောက်စိမ်းခန်းမ၌ ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တက်ရောက် မိန့်ခွန်းပြောကြားသည်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော် ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ လွှတ်တော်ဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အားလက်ခံတွေ့ဆုံ


နေပြည်တော် စက်တင်ဘာ ၃၀
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ လွှတ်တော်ဥက္ကဋ္ဌ မဒမ် ငုယင်သီကင်ငမ်း ဦးဆောင် သည့် ကိုယ်စားလှယ် အဖွဲ့အား ယနေ့ ညနေ ၄ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော်သံတမန် ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဒုတိယသမ္မတ ဦးမြင့်ဆွေ တူရကီသမ္မတနိုင်ငံ သံအမတ်ကြီး အားလက်ခံတွေ့ဆုံ


နေပြည်တော် စက်တင်ဘာ ၃၀
တာဝန်ပြီးဆုံး၍ပြန်လည်ထွက်ခွာတော့မည့် မြန်မာနိုင်ငံဆိုင်ရာ တူရကီသမ္မတနိုင်ငံ သံအမတ်ကြီး  မစ္စတာ မူရတ်ရာဘုစ်အက်တိစ် အား  ဒုတိယသမ္မတ ဦးမြင့်ဆွေသည် ယနေ့နံနက် ၁၀ နာရီတွင် နိုင်ငံတော်သမ္မတ အိမ်တော်သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော် အာဆီယံနိုင်ငံများမှ လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့် အာဆီယံ ပါလီမန်များ အစည်းအရုံးအတွင်းရေးမှူးချုပ်တို့ အား လက်ခံတွေ့ဆုံ


နေပြည်တော် စက်တင်ဘာ ၃၀
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် (၃၇) ကြိမ်မြောက် အာဆီယံ ပါလီမန်များညီလာခံသို့ တက်ရောက်လာကြသည့် အာဆီယံ နိုင်ငံများမှ လွှတ်တော်ဥက္ကဋ္ဌ၊  ဒုတိယ ဥက္ကဋ္ဌများနှင့် အာဆီယံပါလီမန်များ အစည်းအရုံး အတွင်းရေးမှူးချုပ်တို့အား ယနေ့ ညနေ ၄ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

မြန်မာနိုင်ငံသည် အာဆီယံပါလီမန်များညီလာခံ၏ အထွေထွေလှုပ်ရှားဆောင် ရွက်မှုများတွင် တက်ကြွစွာပါဝင် အာဆီယံ အဖွဲ့ဝင်နိုင်ငံများအကြား ဖွံ့ ဖြိုးတိုးတက်မှုကွာဟချက်များ ပပျောက်စေရေး အပါအဝင် စိန်ခေါ်မှုများ နှင့် ရင်ဆိုင်ရလျက်ရှိ

နေပြည်တော် စက်တင်ဘာ ၂၉
နိုင်ငံတော်သမ္မတ ဦးထင်ကျော်က (၃၇)ကြိမ်မြောက် အာဆီယံပါလီမန်များ အထွေထွေညီလာခံသို့ သဝဏ်လွှာ ပေးပို့ခဲ့သည် အဆိုပါသဝဏ်လွှာ အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
လေးစားအပ်ပါသော အာဆီယံပါလီမန်များညီလာခံ ဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်တော်ကြီး များနှင့် ဧည့်သည် တော်များ ခင်ဗျား ယခုကဲ့သို့ မင်္ဂလာအပေါင်းနှင့် ပြည့်စုံသည့် (၃၇)ကြိမ်မြောက် အာဆီယံ ပါလီမန်များ အထွေထွေ ညီလာခံ ကျင်းပသည့် အခါသမယတွင် အာဆီယံပါလီမန်များ ညီလာခံဥက္ကဋ္ဌနှင့် ကိုယ်စားလှယ် တော်ကြီးများအား ကျွန်ုပ်အနေဖြင့် နွေးထွေးစွာ နှုတ်ခွန်းဆက်သအပ်ပါသည်။ (၃၇)ကြိမ်မြောက် အာဆီယံ ပါလီမန်များ အထွေထေ ညီလာခံကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ နေပြည်တော်၌ လက်ခံကျင်းပခွင့် ရရှိသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားလိုပါသည်။ (၃၇)ကြိမ်မြောက် အာဆီယံပါလီမန်များ အထွေထွေညီလာခံ ဆောင်ပုဒ်အဖြစ် “အာဆီယံအသိုက်အဝန်း တိုးတက်ထွန်းကားရေး အာဆီယံပါလီမန်များ ညီလာခံက တက်ကြွလှုပ်ရှားပေး” ကို ရွေးချယ်ခဲ့ခြင်းကိုလည်း ကျွန်ုပ်တို့ ဝမ်းမြောက်စွာ မှတ်သား ရပါသည်။

Thursday, September 29, 2016

ပြည်ထောင်စုလွှတ်တော်နာယက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း ဗီယက်နမ်နိုင်ငံ အမျိုးသားညီလာခံဥက္ကဋ္ဌအား ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံ


နေပြည်တော် စက်တင်ဘာ ၂၉
ပြည်ထောင်စုလွှတ်တော်နာယက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း သည် (၃၇)ကြိမ်မြောက် အာဆီယံပါလီမန်များ အထွေထွေညီလာခံသို့ တက်ရောက်ရန် နေပြည်တော်သို့ရောက်ရှိနေသည့် ဗီယက်နမ်နိုင်ငံ အမျိုးသားညီလာခံဥက္ကဋ္ဌ H.E. Madam Nguyen Thi Kim Ngan အား ယနေ့ညပိုင်းတွင် နေပြည်တော်ရှိ Lake Garden Hotel ၌ ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်သို့ ပြန်လည်ရောက်ရှိ


နေပြည်တော် စက်တင်ဘာ ၂၉
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာ ၂၅ ရက် ညပိုင်းတွင် ဗြိတိန်နိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုခရီးစဉ်တို့မှ  ပြန်လည် ရောက်ရှိပြီး ခရီးပန်းနွမ်းနယ်မှုကြောင့် ခေတ္တအနားယူလျက်ရှိရာမှ ကျန်းမာရေးကောင်း မွန်သဖြင့် ယနေ့ ညနေပိုင်းတွင် ရန်ကုန်မြို့မှ  လေကြောင်း ခရီးဖြင့် ထွက်ခွါလာရာ ညနေ ၅ နာရီ ၄၅ မိနစ်တွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်‌ ဗီယက်နမ်နိုင်ငံ၊ အမျိုးသားညီလာခံဥက္ကဋ္ဌနှင့်‌ တွေ့ဆုံ


နေပြည်တော်၊ စက်တင်ဘာ ၂၉
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်‌ သည် ဗီယက်နမ်နိုင်ငံ၊ အမျိုးသားညီလာခံ ဥက္ကဋ္ဌ H.E. Madam Nguyen Thi Kim Ngan နှင့်‌အဖွဲ့အား ယနေ့နံနက် ၁၁ နာရီ ၃၅ မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ဇမ္ဗူသီရိ ဧည့်ခန်းမဆောင်၌ တွေ့ဆုံသည်။

ကျောင်းသား အားကစားပွဲတော် ပြန်လည်ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိ


နေပြည်တော် စက်တင်ဘာ ၂၈
ကျောင်းသားအားကစားပွဲတော်အား ပြန်လည်ကျင်းပပေးနိုင်ရေးအတွက် ပညာ ရေး ၀န်ကြီး ဌာနအနေဖြင့် စီမံချက်ရေးဆွဲပြုစု၍ ခွင့်ပြုရန်ပုံငွေဖြင့် အစဉ်အလာ၊ စွမ်းရည် ကောင်းသော အားကစားပြိုင်ပွဲများအတွက် သက် ဆိုင်ရာ ၀န်ကြီးဌာနများ၊ အားကစား အဖွဲ့ချုပ်များနှင့် ပူးပေါင်း စီစဉ် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ပြောကြားသည်။

ပြည်ပ၌ တရားမဝင်ရောက်ရှိအလုပ်လုပ်ကိုင်နေကြသည့် အလုပ်သမား များစာရင်းရရှိရေးကို နိုင်ငံတော်အစိုးရနှင့်အတူ နိုင်ငံသားတိုင်း ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ်


နေပြည်တော် စက်တင်ဘာ ၂၈
နိုင်ငံတော်အစိုးရသည် စီးပွားရေးမူဝါဒ ၁၂ ရပ်ကို ချမှတ်အကောင် အထည် ဖော်ဆောင်ရွက်လျက်ရှိရာ ပြည်တွင်းနေနိုင်ငံသားများနှင့် နိုင်ငံရပ်ခြားမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများအားလုံးအတွက် အလုပ် အကိုင်အခွင့်အလမ်းများ ဖော်ထုတ်ပေးရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းမြင့် မားသည့်စီးပွားရေးလုပ်ငန်းများကို ကာလတိုအတွင်း ပိုမိုဦးစားပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် အလုပ်အကိုင် မူဝါဒနှင့် ရွှေ့ပြောင်းအလုပ် သမားဆိုင်ရာမူဝါဒများကိုလည်း ချမှတ်ဆောင်ရွက် လျက်ရှိကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေက ရှင်းလင်းဆွေးနွေးသည်။

မြန်မာ-တရုတ် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက် မှုဆိုင်ရာ ပဉ္စမအကြိမ် ဝန်ကြီးအဆင့် စည်းဝေး


နေပြည်တော် စက်တင်ဘာ ၂၈
မြန်မာ-တရုတ် နှစ်နိုင်ငံ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေး ပူးပေါင်းဆောင် ရွက်မှု ဆိုင်ရာ ပဉမအကြိမ် ဝန်ကြီးအဆင့်အစည်းအဝေးကို စက်တင်ဘာ ၂၇ ရက် ညနေ ၃ နာရီတွင် နေပြည်တော် Horizon Lake View Hotel ၌ ကျင်းပသည်။

Wednesday, September 28, 2016

နှစ်နိုင်ငံလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် အပြန်အလှန် သတင်းဖလှယ်ရယူမှု အပါအဝင် ပူးပေါင်း ဆောင်ရွက် မှုတိုးမြှင့်ရေး ကိစ္စရပ်များ ဆွေးနွေး


နေပြည်တော် စက်တင်ဘာ ၂၇
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ် ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံတော် ကောင် စီဝင်၊ ပြည်သူ့ လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး မစ္စတာကောင်းရှန်ခွင်နှင့်အဖွဲ့အား ယနေ့ နံနက် ၈ နာရီခွဲတွင် နေပြည်တော် ရှိ ဇေယျာသီရိ ဗိမာန်ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

မြန်မာ-အီတလီ တပ်မတော် အပြန်အလှန် အတွေ့အကြုံ ဖလှယ်ခြင်း အဆင့်အလိုက် တွေ့ဆုံဆွေးနွေးခြင်းဖြင့် ဆက်ဆံမှု ပိုမိုတိုးမြှင့်ရေးဆွေးနွေး


နေပြည်တော် စက်တင်ဘာ ၂၇
ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် အီတလီတပ်မတော် စစ်ဦးစီးအရာရှိ ချုပ်ရုံး၊ နိုင်ငံတကာဆက်ဆံရေး ဌာနမှ ရေတပ်ဗိုလ်ချုပ် Roberto Ciammaichella အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

Tuesday, September 27, 2016

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Greg Vines နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ


နေပြည်တော်၊ စက်တင်ဘာ (၂၇)    
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း သည် အပြည်ပြည်ဆိုင်ရာ အလုပ်သမား ရေးရာအဖွဲ့ (ILO)  ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Greg Vines နှင့်အဖွဲ့အား ယနေ့မွန်းလွဲ (၁)နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

၂၀၁၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း၏ အသေးစိတ်သုတေသနစာတမ်း (၃)စောင် ထုတ်ပြန်


နေပြည်တော် စက်တင်ဘာ ၂၇
၂၀၁၄ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း၏ အသေးစိတ် သုတေသနစာတမ်း များ ဖြစ်သော မွေး ဖွားခြင်းနှင့် လက်ထပ်ထိမ်းမြားခြင်း၊ သေဆုံးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်သေဆုံးခြင်း စာတမ်း(၃)စောင် ထုတ်ပြန်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီက နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပသည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၄၁) ရက်မြောက်နေ့ ကျင်းပ


နေပြည်တော် စက်တင်ဘာ ၂၇
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၄၁) ရက်မြောက်နေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ မေးခွန်း ၃ ခုမေးမြန်းဖြေကြားကြပြီး အဆိုတစ်ခုအား ဆွေးနွေးခဲ့ကြသည်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်၊ ပြည်သူ့လုံခြုံရေး ၀န်ကြီးဌာန ၀န်ကြီး မစ္စတာ ကောင်းရှန်ခွင်နှင့် အဖွဲ့အား လက်ခံတွေ့ဆုံ


နေပြည်တော် စက်တင်ဘာ ၂၇
နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော် ကောင်စီဝင်၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ၀န်ကြီး မစ္စတာ ကောင်းရှန်ခွင် နှင့် အဖွဲ့အား ယနေ့နံနက် ၁၀နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် သံတမန် ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ နယ်သာလန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ရေအရင်းအမြစ်ရေးရာ အထူးသံတမန် Mr. Henk Ovink နှင့် အဖွဲ့အားလက်ခံတွေ့ဆုံ


နေပြည်တော် စက်တင်ဘာ ၂၇
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် နယ်သာလန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ရေအရင်းအမြစ်ရေးရာ အထူး သံတမန် Mr. Henk Ovink   နှင့် အဖွဲ့အား ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် သံတမန်ဆောင်ဧည့် ခန်းမ ၌ လက်ခံတွေ့ဆုံသည်။

စိုက်ပျိုးရေးလုပ်ကိုင်သူများအတွက် ရာသီဥတုဖိုရမ်နှင့် (၉)ကြိမ် မြောက်တောင်အာရှဥတုရာသီပြောင်းလဲမှု ဆိုင်ရာသုံးသပ်ဆွေးနွေး


နေပြည်တော် စက်တင်ဘာ ၂၇
ကမ္ဘာ့မိုးလေ၀သ အဖွဲ့ချုပ်(WMO)နှင့် ကနေဒါနိုင်ငံအစိုးရတို့၏ ပံ့ပိုးမှုဖြင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာန၊ မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ထိုင်းနိုင်ငံအခြေစိုက် ဒေသတွင်းဘက်စုံ သဘာဝဘေး ကြိုတင်ကာကွယ်ရေး ဗဟိုဌာန (RIMES) တို့ ပူးပေါင်း၍ (၉)ကြိမ် မြောက်တောင်အာရှ ဥတုရာသီပြောင်းလဲမှု ဆိုင်ရာ သုံးသပ်ဆွေးနွေးပွဲ

အမျိုးသားလွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေး ၃၉ ရက်မြောက်နေ့ ကျင်းပ


နေပြည်တော်  စက်တင်ဘာ ၂၇
နိုင်ငံတော်၏ စီမံကိန်းလုပ်ငန်းများ လုပ်ငန်းဆောင်ရွက်ပြီး ၂နှစ်အတွင်း ပျက်စီးမှု ရှိပါက တင်ဒါအောင်မြင် သူမှ ပြန်လည်ပြုပြင်ပေးရ မည်ဖြစ်ပြီး သတ်မှတ်ထားသည့်  လုပ်ငန်းပြီးစီးရက်ထက် ကျော်လွန်ပါကလည်း လုပ်ငန်းအပေါ် လိုက်၍ ဒဏ်ကြေးပေး ဆောင်ရမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဝင်းခိုင် က ပြောကြားသည်။     

Monday, September 26, 2016

(၃၇) ကြိမ်မြောက် အာဆီယံပါလီမန်များ အထွေထွေ ညီလာခံကျင်းပရေး ဦးစီးကော်မတီ အစည်းအဝေး (၇/၂၀၁၆) ကျင်းပပြုလုပ်


နေပြည်တော်၊ စက်တင်ဘာ ၂၆

(၃၇) ကြိမ်မြောက် အာဆီယံပါလီမန်များ ညီလာခံကျင်းပရေး ဦးစီး ကော်မတီ နောက်ဆုံးအစည်းအဝေး (၇/၂၀၁၆) ကို ပြည်ထောင်စုလွှတ်တော်ရုံး၊ အစည်းအဝေးခန်းမ၌ ယနေ့မွန်းလွဲ ၃နာရီတွင် ကျင်ပသည်။ 

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ (၆၇)နှစ်မြောက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ တည်ထောင်သည့်နေ့ အထိမ်းအမှတ် ဧည့်ခံပွဲသို့ တက်ရောက်


နေပြည်တော် စက်တင်ဘာ ၂၆

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ယနေ့ညပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ Banquet Hall ၌ ကျင်းပသည့်  (၆၇)နှစ်မြောက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ တည်ထောင်သည့်နေ့ အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားသို့ တက်ရောက်သည်။

နိုင်ငံသားစိစစ်ရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှု ကိစ္စရပ်များ ဆွေးနွေး


နေပြည်တော် စက်တင်ဘာ  ၂၆

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် The Centre for Humanitarian Dialogue (HD) အဖွဲ့မှ မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ် Mr. Adam Cooper နှင့်အဖွဲ့အား ယနေ့ ညနေ(၃)နာရီ တွင် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီး ဧည့်ခန်းမ၌ တွေ့ဆုံသည်။

ချင်းပြည်နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများတွင် ၀န်ထမ်းအိမ်ရာများ ဆောက်လုပ်ပေးရန် စီစဉ် ဆောင်ရွက်လျက်ရှိ


နေပြည်တော်  စက်တင်ဘာ ၂၆            
                
ချင်းပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်း စုစုပေါင်း ၃၈၉ ကျောင်းတွင် လိုအပ်လျက်ရှိသည့် ဆရာ ဆရာမ နေအိမ်များနှင့် ၀န်ထမ်းအိမ်ရာများ ဆောက်လုပ်ပေးရေး စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဝင်းမော်ထွန်းက ဖြေကြားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဗြိတိန်နိုင်ငံနှင့် အမေရိကန် ပြည်ထောင်စုသို့ သွားရောက်ခဲ့သော ခရီးစဉ်နှင့် စပ်လျဉ်းသည့် သတင်း ကြေညာချက်



၁။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် (၇၁) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ တက်ရောက်ရန် နယူးယောက်မြို့သို့ (၁၆-၉-၂ဝ၁၆) ရက် နေ့မှ (၂၄-၉-၂ဝ၁၆) ရက်နေ့အထိ သွားရောက်ခဲ့ပြီး ယနေ့ (၂၅-၉-၂ဝ၁၆) ရက်နေ့ ည (ဝ၉း၅ဝ) နာရီတွင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိခဲ့ပါသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လန်ဒန်၊ အမေရိကန် တရားဝင် ခရီးစဉ်နှင့် (၇၁)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ တက်ရောက်ခဲ့ပြီး ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိ



ရန်ကုန် စက်တင်ဘာ ၂၅
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အဖွဲ့ဝင်များနှင့် အတူ လန်ဒန်မြို့ခရီးစဉ်၊ အမေရိကန် ပြည်ထောင်စုသို့ သွားရောက်သည့် တရားဝင် ခရီးစဉ်နှင့် (၇၁)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ တက်ရောက်ခဲ့ပြီး ယနေ့ ညပိုင်းတွင် လေကြောင်း ခရီးစဉ်ဖြင့် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိသည်။

Sunday, September 25, 2016

ငြိမ်းချမ်းရေးကော်မရှင်နှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးစုဖက်ဒရယ်ကောင်စီ (UNFC) က ဖွဲ့စည်းထားသည့်နိုင်ငံရေး ဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) တို့ ထိုင်းနိုင်ငံ ချင်းမိုင်တွင် တွေ့ဆုံမည်

နေပြည်တော် စက်တင်ဘာ ၂၄
ငြိမ်းချမ်းရေးကော်မရှင်နှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးစု ဖက်ဒရယ်ကောင်စီ (UNFC) က ဖွဲ့စည်းထားသည့် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (Delegation for Political Negotiation – DPN) တို့သည် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ စက်တင်ဘာ ၂၅ ရက်တွင် တွေ့ဆုံဆွေးနွေး မည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို စွမ်းရည်ပြည့်ဝစွာထမ်းဆောင်နိုင်ရန် တိုက်စွမ်းရည်၊ တိုက်စွမ်းအားကောင်းအောင် ဆောင်ရွက်ကြရမည်ဖြစ်

နေပြည်တော် စက်တင်ဘာ ၂၄
အချိန်၊ ငွေ၊ လုပ်အားများစွာ အကုန်အကျခံပြီး လေ့ကျင့်နေခြင်းသည် တပ်မတော်၏ အဓိကတာဝန်ဖြစ်သည့် နိုင်ငံတော် ကာကွယ်ရေးတာဝန်ကို စွမ်းရည်ပြည့်ဝစွာ ထမ်းဆောင်နိုင်ရန်ဖြစ်ကြောင်း၊ ယခုပြုလုပ်သည့် လေ့ကျင့်ခန်းသည် ပြည်ပရန် ကာကွယ်ရေးအတွက် သမာရိုးကျစစ်ဆင်နွှဲနိုင်ရန် အဓိကရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ ကာကွယ်ရေး၊ စစ်ရေး ဆိုသည်မှာ ကောက်ကာငင်ကာလုပ်၍မရဘဲ ကြိုတင်ပြင်ဆင်မှု၊ လေ့ကျင့်မှုများကို စဉ်ဆက်မပြတ် ပြုလုပ်ရမည် ဖြစ်ကြောင်း၊ တစ်ဦးချင်း တစ်ဖွဲ့ချင်းအလိုက် လေ့ကျင့်သားပြည့်ဝအောင် တိုက်စွမ်းရည်၊ တိုက်စွမ်းအားကောင်း အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က မြန်မာနိုင်ငံဆိုင်ရာ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေးနှင့် ဒီမိုကရေစီဖော်ဆောင်ရေး မိတ်ဖက်များ အဖွဲ့အား အဆုံးသတ်ရန်တိုက်တွန်း

နယူးယောက် စက်တင်ဘာ ၂၄
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေးနှင့် ဒီမိုကရေစီဖော်ဆောင်ရေး မိတ်ဖက်များ အဖွဲ့ “Partnership Group for Peace, Development and Democracy in Myanmar (PGM)”၏ အဆင့်မြင့် အစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းတွင် နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်၌ ကျင်းပသည်။   အစည်းအဝေးတွင်

Saturday, September 24, 2016

ဒုတိယသမ္မတ ဦးမြင့်ဆွေ ပေါင်းလောင်းရေလှောင်တမံဘက်စုံစီမံကိန်း၊ နန်ချိုရေအားလျှပ်စစ်စက်ရုံနှင့် အထက် ပေါင်းလောင်း ရေအားလျှပ်စစ်စက်ရုံများ ကြည့်ရှုစစ်ဆေး

နေပြည်တော် စက်တင်ဘာ ၂၄
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေသည် ယနေ့နံနက်ပိုင်းတွင် ပေါင်းလောင်းမြစ်ပေါ်တွင် တည်ဆောက်ထားသည့် ပေါင်းလောင်းရေလှောင်တမံဘက်စုံ စီမံကိန်း၊ နန်ချိုရေအားလျှပ်စစ်စက်ရုံနှင့် အထက် ပေါင်းလောင်း ရေအားလျှပ်စစ်စက်ရုံများအား ကြည့်ရှုစစ်ဆေးသည်။

Friday, September 23, 2016

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ


နေပြည်တော်၊ စက်တင်ဘာ ၂၃
ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာ ဧည့်ခန်းမဆောင်၌ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး H.E.Mr. Mohammad Suflur Rahman အား လက်ခံတွေ့ဆုံသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၏ အကြီးအကဲများနှင့် သီးခြားစီတွေ့ဆုံဆွေးနွေး

  နယူးယောက် စက်တင်ဘာ ၂၃
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယမန်နေ့ ဒေသစံတော်ချိန် နံနက် ၉ နာရီတွင် CNN သတင်းဌာနမှ GPS Editorial Producer, Mr. Fareed Zakaria နှင့် နယူးယောက်ခ်မြို့ရှိ မြန်မာအဖွဲ့ရုံး၌ တွေ့ဆုံပြီး မေးမြန်း ချက်များကို ဖြေကြားသည်။

အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းကော်မတီမှ ဦးဆောင်၍လာနီညာ အတွက်ကြိုတင် ပြင်ဆင်မှုနှင့် ပြီးခဲ့သည့်ဘေးများကို ပြန်လည်သုံးသပ်ခြင်း အစည်းအ‌ဝေးကျင်းပ





နေပြည်တော်၊ စက်တင်ဘာ ၂၃
အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းကော်မတီမှဦးဆောင်၍ လာနီညာအတွက် ကြိုတင်ပြင်ဆင်မှုနှင့် ပြီးခဲ့သည့်ဘေးများကို ပြန်လည်သုံးသပ်ခြင်း အစည်းအ‌ဝေးကို ယနေ့ နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ စုပေါင်းအစည်းအ‌ဝေးခန်းမ၌ကျင်းပရာ အမျိုးသား သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အဖွင့်အမှာစကား ပြောကြားသည်။

Thursday, September 22, 2016

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (၇၁) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် ပြောကြားသည့် အထွေထွေမူဝါဒရေးရာ မိန့်ခွန်း


(၇၁) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် အထွေထွေမူဝါဒရေးရာ မိန့်ခွန်း အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကုလသမဂ္ဂ အထွေထွေညီလာခံ၌ မိန့်ခွန်းပြောကြား


ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၃၈) ရက်မြောက်နေ့ ကျင်းပ


ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၃၈) ရက်မြောက်နေ့ ကို ယနေ့ နံနက် ၁၀ နာရီတွင် ပြည်သူ့လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပရာ မေးခွန်း (၈) ခုမေး မြန်းဖြေကြားခြင်း၊ အရေးကြီးအဆိုနှင့်အဆိုတစ်ခု တင်သွင်းခြင်း၊  အစီရင်ခံစာတစ်ခု ဖတ်ကြားခြင်းတို့ ဆောင်ရွက်ကြသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကုလသမဂ္ဂ အထွေထွေညီလာခံ၌ မိန့်ခွန်းပြောကြား

နယူးယောက် စက်တင်ဘာ ၂၂
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယမန်နေ့နံနက် ၉ နာရီခွဲတွင် နယူးယောက်မြို့ရှိ ကုလသမဂ္ဂ ဌာနချုပ်၌ကျင်းပသည့်  (၇၁) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ အထွေထွေမူဝါဒ ရေးရာ မိန့်ခွန်း ပြောကြားခြင်း အစီ အစဉ် ဒုတိယနေ့ အခမ်းအနားသို့ တက်ရောက်၍ မိန့်ခွန်းပြောကြားသည်။

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူအာဆီယံအဖွဲ့ဝင်နိုင်ငံများမှ စွမ်းအင်ဝန်ကြီးများနှင့် အာဆီယံ ဒုတိယ အတွင်းရေးမှူး ချုပ်တို့အား လက်ခံတွေ့ဆုံ


နေပြည်တော် စက်တင်ဘာ ၂၂
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ စွမ်းအင် ၀န်ကြီးများနှင့် အာဆီယံဒုတိယအတွင်းရေးမှူး ချုပ် H.E Dr. Lim Hong Hin တို့အား ယနေ့ နံနက်(၉)နာရီတွင် နိုင်ငံတော် သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

နိုင်ငံတော်သမ္မတ၏ ဂုဏ်ပြုမှတ်တမ်းလွှာကို Myanmar Now သတင်းဌာနမှ သတင်းထောက်ချုပ် ဦးဆွေဝင်း အား ပေးအပ်ချီးမြှင်မည်

နေပြည်တော်၊ စက်တင်ဘာ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ အမှတ်(၉)ရပ်ကွက်၊ လမ်း(၄၀) (အထက်ဘလောက်) ရှိ အင်းဝအပ်ချုပ်ဆိုင်တွင် အိမ်အကူ မိန်းကလေးငယ် (၂)ဦးကို ညှင်းပန်းနှိပ်စက်မှုကိစ္စအား စုံစမ်း ဖော်ထုတ် သတင်းရယူပြီး လူမှုရေး အသိစိတ်ဓာတ်ဖြင့် ကြိုးပမ်း ဆောင်ရွက်ခဲ့သော Myanmar Now သတင်းဌာနမှ သတင်းထောက်ချုပ် ဦးဆွေဝင်း အား နိုင်ငံတော်သမ္မတ၏ ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်ကြားရေး ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ပေးအပ်ချီးမြှင့်မည်ဖြစ်ပါသည်။

Wednesday, September 21, 2016

(၃၄)ကြိမ်မြောက် အာဆီယံစွမ်းအင်ဝန်ကြီးများအစည်းအဝေးနှင့်ဆက်စပ်အစည်းအဝေးများကျင်းပ၊ အာဆီယံနိုင်ငံများ၏ စွမ်းအင်ကဏ္ဍပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စများဆွေးနွေး


 နေပြည်တော်၊ စက်တင်ဘာ  ၂၁
(၃၄)ကြိမ်မြောက် အာဆီယံစွမ်းအင်ဝန်ကြီးများအစည်းအဝေး၊ အာဆီယံစွမ်းအင်ဖိုရမ် ၂၀၁၆ စာတမ်းဖတ်ပွဲနှင့် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်တွင် နေပြည်တော်၊ ဇမ္ဗူသီရိ မြို့နယ်၊ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟို ဌာန(၂)၌ ကျင်းပသည်။ အဆိုပါ ဖွင့်ပွဲအခမ်း အနားသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ စွမ်းအင်ဆိုင်ရာဝန်ကြီးများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ရှေ့နေချုပ်၊ စာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန် ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီး အကဲများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

နိုင်ငံသားသွေးနှောများအတွက် တင်ပြသည့်အထောက်အထားများ မှန်ကန်မှုရှိ / မရှိ နှင့် မိဘနှစ်ပါး ရရှိထားသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားသည် ဥပဒေနှင့်အညီ မှန်ကန်စွာထုတ်ပေးထားခြင်း ရှိ/မရှိ အထောက်အထားများကို စိစစ်ပြီးမှသာ နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်မည်ဖြစ်


နေပြည်တော် စက်တင်ဘာ ၂၁
ဥပဒေအရ နိုင်ငံသားသွေးနှောများ၏ နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးမှုနှင့် ပတ်သက်၍ အချို့တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် လျှောက်ထားသူများပြားသဖြင့် လုပ်ငန်း ဆောင်ရွက်မှုကြန့်ကြာခြင်းများကို ဖြေရှင်းပေးနိုင်ရန် စီမံဆောင် ရွက်လျက်ရှိကြောင်း၊ မိဘများ နိုင်ငံသားဖြစ်မှုကို ယခုအချိန်ကာလတွင် မှန်ကန်မှုရှိ /မရှိ ပြန်လည်စိစစ် ဆောင်ရွက်ခြင်းဖြင့် နောက်ပိုင်းကာလလျှောက်ထားမှုများနှင့်ပတ်သက်၍ ယင်းကတ်ပြားများကို ထပ်မံစိစစ်ရန်မလိုဘဲ နိုင်ငံသားဖြစ်ကြောင်း ခိုင်မာစေမည်ဖြစ်ပြီး နောက်ပိုင်းလျှောက်ထားဆောင်ရွက်မှုများတွင် မိဘများ၏ နိုင်ငံသားစိစစ်ရေးကတ်ပြား တင်ပြလျှောက် ထားသည်နှင့် မြန်ဆန်စွာဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ရှင်းလင်းပြောကြားသည်။       

အမျိုးသားလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး ၃၅ ရက်မြောက်နေ့ ကျင်းပ


နေပြည်တော်  စက်တင်ဘာ ၂၁
တမူးမြို့သို့ မဟာဓာတ်အားလိုင်းမှ ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန်အတွက် ၂၃၀ ကေဗွီ ဂန့်ဂေါ-ကလေး ဓာတ်အား လိုင်းမှတစ်ဆင့် ၂၃၀ ကေဗွီ ကလေး-တမူးဓာတ်အား လိုင်း မိုင် ၉၀ နှင့် ဓာတ်အားခွဲရုံစီမံကိန်းများ ထပ်မံတည် ဆောက်နိုင်ရန် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ရန်ပုံငွေထည့်သွင်းလျာထားပြီး ရန်ပုံငွေရရှိမှု အပေါ်မူတည်၍ လုပ်ငန်း များအကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာထွန်းနိုင်က ဖြေကြားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ယူနက်စကိုညွှန်ကြားရေးမှူးချုပ်၊ ဒိန်းမတ်ဝန်ကြီးချုပ်၊ မက္ကဆီကိုသမ္မတ၊ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်တို့နှင့် သီးခြားစီတွေ့ဆုံ


နယူးယောက် စက်တင်ဘာ ၂၀
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ယူနက်စကို ညွှန်ကြားရေးမှူးချုပ် Ms.Irina Bokova  တို့သည် ယမန်နေ့ ဒေသ စံတော်ချိန် နံနက် ၉ နာရီခွဲတွင် လည်း ကောင်း၊ ဒိန်းမတ်နိုင်ငံဝန်ကြီးချုပ် Mr.Lars Lokke Rasmussen  နှင့် နံနက် ၁၀ နာရီတွင် လည်းကောင်း ၊ မက္ကဆီကိုနိုင်ငံ သမ္မတ Mr. Enrique Pena Nieto  နှင့် နံနက် ၁၀ နာရီခွဲတွင် လည်းကောင်း ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံဝန်ကြီးချုပ် မစ္စစ် ရှိတ်ဟာဆီနာနှင့် နံနက် ၁၁ နာရီ တွင် လည်းကောင်း နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်၌ သီးခြားစီ တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော် ကနေဒါနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ


နေပြည်တော် စက်တင်ဘာ ၂၀
တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် မြန်မာနိုင်ငံဆိုင်ရာ ကနေဒါနိုင်ငံ သံအမတ်ကြီး H.E. Mr. Mark McDowel  အား နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။“

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး (၃၆) ရက်မြောက်နေ့ ကျင်းပ


နေပြည်တော် စက်တင်ဘာ ၂၀
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၃၆) ရက်မြောက် နေ့ကို ယနေ့ နံနက်(၁၀)နာရီတွင် ပြည်သူ့လွှတ်တော် အစည်း အဝေး ခန်းမ၌ ကျင်းပရာ မေးခွန်း ၆ ခု မေးမြန်းဖြေကြားခြင်း၊ ဥပဒေကြမ်း တစ်ခုတင်သွင်းခြင်း၊ လေ့လာ တွေ့ရှိချက် အစီရင်ခံစာ ဖတ်ကြားခြင်းနှင့် နိုင်ငံ သား များ၏ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ် ပေးရေး ဥပဒေကြမ်း ၏ ပြင်ဆင်ချက်အဆိုများကို ဆွေးနွေးခဲ့ ကြသည်။

“နိုင်ငံ့ဝန်ထမ်း ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း” အား အမျိုးသားလွှတ်တော်က အတည်ပြု

နေပြည်တော် စက်တင်ဘာ ၂၀
ယနေ့ကျင်းပသည့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး ၃၄ ရက်မြောက်နေ့တွင် “နိုင်ငံ့ဝန်ထမ်းဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း” ကို ပြင်ဆင်ထားသည့်အတိုင်း လွှတ်တော်က အတည်ပြုခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တာဝန်ပြီး ဆုံး ၍ ပြန်လည်ထွက်ခွာ မည့် မြန်မာနိုင်ငံဆိုင်ရာ ကနေဒါနိုင်ငံ သံအမတ်ကြီး အား လက်ခံတွေ့ဆုံ


နေပြည်တော်၊ စက်တင်ဘာ -၂၀
မိမိတို့အနေဖြင့် နိုင်ငံတော်ကို ကာကွယ်နိုင်သည့်၊ ပြည်သူလူထုကအားကိုး ရသည့်၊ တိုင်းပြည်ကို အကျိုးပြုနိုင်သည့် တပ်မတော်ဖြစ်စေရန် ကြိုးပမ်းဆောင် ရွက် လျက် ရှိကြောင်း၊ မိမိတို့၏လုပ်ဆောင် ချက်များအပေါ် အပြုသဘောဆောင်သည့် သုံးသပ်ချက် များရှိသကဲ့သို့ တစ်ချို့အပြုသဘော မဆောင်သည် များလည်းရှိကြောင်းဖြင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့မွန်းလွဲ ၃ နာရီခွဲ တွင် နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာဧည့်ခန်းမဆောင်၌ တာဝန်ပြီးဆုံး၍ ပြန်လည် ထွက်ခွာ မည့် မြန်မာနိုင်ငံဆိုင်ရာ ကနေဒါနိုင်ငံသံအမတ်ကြီး H.န မြ. Mမေု ခြ Dသတနူ အား လက်ခံတွေ့ဆုံရာတွင် ထည့်သွင်းပြောကြားသည်။

ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၃ ရက်မြောက်နေ့ ကျင်းပ

နေပြည်တော် စက်တင်ဘာ ၂၀
ယနေ့မွန်းလွဲပိုင်းတွင် ကျင်းပသည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး ၁၃ ရက် မြောက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့ အတွင်းရှိ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စုများ အမည်ပြောင်းလဲ ပြင်ဆင်ဖွဲ့စည်းခြင်း၊ ပယ်ဖျက်ခြင်းနှင့် နယ်နိမိတ်ဧရိယာ တိုးချဲ့ပြင်ဆင် ဖွဲ့စည်းခြင်း တို့ကို မှတ်တမ်းတင်ခဲ့သည်။

Tuesday, September 20, 2016

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (၇၁)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် မိန့်ခွန်း ပြောကြားမည်ဖြစ်ပြီး မြန်မာ့ ရုပ်မြင် သံကြားနှင့် ရေဒီယို အစီအစဉ် နှင့် အခြားရုပ်သံလိုင်းများမှ တိုက်ရိုက်ထုတ်လွှင့်မည်

နေပြည်တော် စက်တင်ဘာ ၂၀
ကမ္ဘာ့နိုင်ငံ (၁၉၃)နိုင်ငံ စုပေါင်းပါဝင်သည့် ကုလသမဂ္ဂအဖွဲ့ကြီး၏ နှစ်ပတ်လည် အထွေထွေ ညီလာခံများကို နှစ်စဉ်ကျင်းပလျက်ရှိရာ (၇၁)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ ကို ကုလသမဂ္ဂဌာနချုပ်တည်ရှိရာ အမေရိကန်နိုင်ငံ၊ နယူး ယောက်မြို့ တွင် စက်တင်ဘာ (၂၀)ရက်မှ စက်တင်ဘာ (၂၆)ရက်အထိ ကျင်းပသွား မည်ဖြစ် သည်။

(၃၇) ကြိမ်မြောက် အာဆီယံပါလီမန်များ ညီလာခံကျင်းပရေး ဦးစီးကော်မတီအစည်းအဝေး (၆/၂၀၁၆) ကျင်းပ

နေပြည်တော် စက်တင်ဘာ ၁၉
(၃၇) ကြိမ်မြောက် အာဆီယံပါလီမန်များ ညီလာခံကျင်းပရေး ဦးစီးကော်မတီအစည်းအဝေး (၆/၂၀၁၆) ကို ပြည်ထောင်စု လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ယနေ့ ညနေ ၄ နာရီတွင် ကျင်းပသည်။ အစည်းအဝေးသို့ (၃၇) ကြိမ်မြောက် အာဆီယံပါလီမန်များ ညီလာခံကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ