Wednesday, August 24, 2016

ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူ အမေရိကန်နိုင်ငံ သံအမတ်ကြီးအား လက်ခံ တွေ့ဆုံ



နေပြည်တော် သြဂုတ် ၂၄
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူ သည် မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စတာ စကော့မာရှယ် အား နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ ယနေ့ နံနက် ၉ နာရီတွင် လက်ခံ တွေ့ဆုံသည်။

တွေ့ဆုံစဉ် မြေယာ မူဝါဒဆိုင်ရာ ကိစ္စရပ်များ၊ အရေးပေါ် ကာလ စီမံခန့်ခွဲရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ ကျေးလက် ဒေသ ဖွံ့ဖြိုးရေးနှင့် ရခိုင်ပြည်နယ် ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ နယ်စပ်ရေးရာ ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ် သန်းထွဋ်နှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။

No comments:

Post a Comment