Thursday, August 25, 2016

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန အလှကုန်ဆိုင်ရာ အသိပေး ကြေညာချက်

 ၁။         ကျန်းမာရေးဝန်ကြီး ဌာနသည် ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဥပဒေ လုပ်ပိုင်ခွင့်အရ အလှကုန်ပစ္စည်း ဆိုင်ရာ အမိန့်(၁/၂၀၁၀)ကို ၂၀၁၀ပြည့်နှစ်၊ အောက်တိုဘာလ (၁၅) ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ပါသည်။ 


၂။         အဆိုပါ အမိန့်အရ ပြည်တွင်း၌ ဈေးကွက်တင်ရောင်းချသော အလှကုန်ပစ္စည်းများကို  အစားအသောက် နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနတွင် မှတ်တမ်းတင် လက်မှတ်လျှောက်ထားရမည်ဟု ပါရှိပြီးဖြစ်သော်လည်း ဈေးကွက်အတွင်းရှိ အလှကုန်ပစ္စည်း အချို့သည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၌ မှတ်တမ်း တင်ထားခြင်း မရှိသေးပါ။

၃။   အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနသည် အလှကုန်ပစ္စည်း ကြီးကြပ်ကွပ်ကဲရေးဆိုင်ရာ ကိစ္စရပ်များကို အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်မည်ဖြစ်ပါ၍ အလှကုန်ပစ္စည်း ဈေးကွက်တင် ရောင်းချသော လုပ်ငန်းရှင်များသည် ကျန်းမာရေး ဝန်ကြီးဌာန၏ အမိန့်အမှတ် (၁/၂၀၁၀) ကို လိုက်နာကျင့်သုံးရန် အထူး လိုအပ်ပါသည်။

၎။         အမိန့်အမှတ် (၁/၂၀၁၀)ကို လိုက်နာရန် ပျက်ကွက်လျှင် သို့မဟုတ် ဖောက်ဖျက်ကျူးလွန်လျှင် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းက ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဥပဒေအရ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  အသိပေး ကြေညာအပ်ပါသည်။


ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန

No comments:

Post a Comment