Tuesday, August 30, 2016

ရှေးဟောင်းစေတီပုထိုးများ ပြန်လည်ပြုပြင်ရန်အတွက် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ၏ တစ်နေ့တာ နေ့တွက်စရိတ်ကို စုပေါင်းလှူဒါန်း

နေပြည်တော် သြဂုတ် ၃၀
ယနေ့ကျင်းပသည့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန် အစည်း အဝေး ၂၃ ရက်မြောက်နေ့တွင် သြဂုတ် ၂၄ ရက်က လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် ပုဂံဒေသရှိ ယဉ်ကျေးမှုအမွေအနှစ် ရှေးဟောင်းစေတီပုထိုး များ ပြန်လည်ပြုပြင်ရန်အတွက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ၏ တစ်နေ့တာနေ့ တွက်စရိတ်ကို စုပေါင်း လှူဒါန်းရန် လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်၏ သဘောထားရယူ၍ အတည်ပြုခဲ့သည်။

ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ ဦးခွန်သိန်းဖေ၏ “တောင်ကြီးမြို့နယ်အတွင်းရှိ ဂနိုင်ရွေး-ဖက်ကွန်-လင်းလေလမ်းအား ကတ္တရာလမ်းအဖြစ် လာမည့်ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာထွန်းဝင်းက ဂနိုင်ရွေး-ဖက်ကွန်-လင်းလေ လမ်းပိုင်း၌ ပါဝင်သော ဂနိုင်ရွေး-ကန်လောင်းလမ်းကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေး နှစ်တွင် ခွင့်ပြုရန်ပုံငွေကျပ် (၁၉၂ ဒသမ ၃၆၇)သန်း အသုံးပြု၍ ကတ္တရာလမ်းအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
အဆိုပါလမ်းပိုင်း၌ ပါဝင်သော ကန်လောင်း-ဇလဲလမ်း ၁၀ မိုင် ၇ ဖာလုံကို ဂျာမန်ထောက်ပံ့ငွေဖြင့် ဆောင်ရွက်သည့် (KFW) စီမံကိန်း Phase II နှင့် Phase III တွင် ထည့်သွင်းဆောင်ရွက်နိုင်ရန်အတွက် လျာထားတင်ပြ ဆောင်ရွက် ထားရှိပြီးဖြစ်ကြောင်း ဖြေကြားသည်။
ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)မှ ဦးကျော်ကျော်၏ “ရခိုင်ပြည်နယ် မြောက်ဦးမြို့ရှိ ကိုးသောင်းဘုရားလမ်းကို အရည်အသွေးပြည့်မီသော ကတ္တရာလမ်းအဖြစ် ပြန်လည်ပြုပြင် ပေးရန်အစီအစဉ်ရှိ/မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယ၀န်ကြီး ဒေါက်တာထွန်းဝင်းက မြောက်ဦးမြို့ ကိုးသောင်းဘုရားလမ်းကို ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ရန် ခန့်မှန်းတန် ဖိုးငွေကျပ် (၂၃၆ ဒသမ ၈၈)သန်းကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန၏ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေတွင် ထည့်သွင်းလျာထားသွားမည် ဖြစ်ကြောင်းနှင့် ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားသည်။
ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဦးမြင့်နိုင်၏ “ရခိုင်ပြည်နယ် ကျောက်တော်မြို့ နယ်အတွင်းရှိ အပေါက်ဝကျေးရွာမှ နေပူခံကျေးရွာ၊ ဒုက္ကံချောင်းကျေးရွာ၊ ဗိုလ်မင်းကျေးရွာ၊ ဘရာဝါကျေးရွာနှင့် ကြောင်ဖိုကျေးရွာအထိ ကျေးရွာချင်းဆက်လမ်း သို့မဟုတ် ကျောက်ချော လမ်းဖောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယ၀န်ကြီး ဒေါက်တာ ထွန်းဝင်း ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အပေါက်ဝ-နေပူခံ-ဒုက္ကံချောင်း၊ ဗိုလ်မင်း-ဘရာဝါ-ကြောင်ဖို ကျေးရွာချင်း ဆက်လမ်း၏ လက်ရှိအခြေအနေသည် ကျောက်ချောလမ်း တစ်မိုင် နှစ်ဖာလုံ၊ မြေသားလမ်း လေးမိုင် လေးဖာလုံနှင့် သစ်သားတံတားတစ်စင်း၊ ရေပြွန်ခြောက်စင်းရှိပြီး ကျေးရွာခြောက်ရွာ၊ အိမ်ခြေ ၁၈၃၄၊ လူဦးရေ ၈၃၃၈ ဦးတို့အား အကျိုး ပြုလျက်ရှိပါကြောင်း။
အဆိုပါ အပေါက်ဝ-နေပူခံ-ဒုက္ကံချောင်း၊ ဗိုလ်မင်း-ဘရာဝါ-ကြောင်ဖို ကျေးရွာချင်း ဆက်လမ်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ပါဝင်ခြင်း မရှိသဖြင့် လတ်တလောတွင် ဆောင်ရွက်ပေးနိုင်ခြင်း မရှိပါကြောင်းနှင့် နှစ်အလိုက် ပြည်နယ်နှင့် တိုင်းဒေသကြီးများ၏ ဦးစားပေးလျာထားတင်ပြမှု အပေါ်မူတည်၍ လျာထားတင်ပြပေးသွားမည်ဖြစ်ကြောင်း ဖြေကြားသည်။
ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဦးစိုးမိုး၏ “ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် ငွေဆောင်မြို့အထိ ရာသီမရွေးသွားရောက်နိုင်သည့် မြို့နယ်ချင်းဆက် ကမ်းခြေပတ်လမ်း ဖောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယ၀န်ကြီး ဒေါက်တာထွန်းဝင်းက ငွေဆောင်-ဆင်မ-ငရုတ်ကောင်း-ဖောင်တိုးလမ်း အရှည် ၆၆ မိုင် ၂ ဖာလုံတွင် မြေသားလမ်းအဆင့်မှ စတင်ဖောက်လုပ်ပေးရန် ၂၆ မိုင် ၂ ဖာလုံ ကျန်ရှိပါကြောင်း၊ ထို့အတူ လမ်းပေါ် တွင် တံတားစုစုပေါင်း ၂၉ စင်းနှင့် Box Culvert နှစ်စင်းရှိသည့် အနက်တံတား ၁၂ စင်း ဆောင်ရွက်ပေးရန် ကျန်ရှိပါကြောင်း။
ငပုတောမြို့နယ် ငရုတ်ကောင်းမြို့နှင့်တောင်ဘက် ဖောင်တိုးကျေးရွာအုပ်စုမှ ပုသိမ်မြို့နယ် ငွေဆောင်မြို့အထိ ရာသီမရွေး သွားရောက်နိုင်သည့် မြို့နယ်ချင်းဆက် ကမ်းခြေပတ် လမ်းဖောက်လုပ်ပေးရန်ကိစ္စနှင့်ပတ်သက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ပါဝင်ခဲ့ခြင်းမရှိသဖြင့် လတ်တလောတွင် ဆောင်ရွက်ပေး နိုင်ခြင်းမရှိပါကြောင်းနှင့် နှစ်အလိုက် ပြည်နယ်နှင့်တိုင်းဒေသကြီးများ၏ ဦးစားပေးလျာထား တင်ပြမှု အပေါ်မူတည်၍ လျာထားတင်ပြပေးသွားမည်ဖြစ်ကြောင်း ဖြေကြားသည်။

ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)မှ ဦးခင်မောင်လတ်၏ “ရခိုင်ပြည်နယ် ပုဏ္ဏား ကျွန်းမြို့နယ်၌ ရဲရုပ်ပြင်၊ ခမောင်းတော၊ ကံချောင်းကျွန်းပတ် တာတမံကို ဖို့ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အလယ်၌ ရေချိုကန်ပါသော အသက်ကယ်ကုန်းမြင့်တစ်ခု တည်ဆောက် ပေးရန် အစီအစဉ်ရှိ/မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယ၀န်ကြီး ဒေါက်တာထွန်းဝင်း က ကျေးရွာ ၇ ရွာကို အကျိုးပြုလျက်ရှိပြီး အလျား ၁၄ မိုင်ရှိသည့် ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်း မြို့နယ် ရဲရုပ်ပြင်၊ ခမောင်းတော၊ ကံချောင်း ကျွန်းပတ်တာကို ပြုပြင်ရန်လိုအပ်သည့် အလျား ၇ မိုင်ကို ပုံစံကျပြုပြင်ခြင်းနှင့် ကွန်ကရစ်ရေတံခါး သုံးပေါက် တည်ဆောက်ခြင်း၏ ခန့်မှန်းကုန် ကျငွေကျပ် (၈၈၈ ဒသမ ၉၆၃)သန်းကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရ ရန်ပုံ ငွေတွင်လျာထားပြီး ရန်ပုံငွေခွဲဝေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည်ကြောင်း ဖြေကြားသည်။ 

No comments:

Post a Comment