Tuesday, August 23, 2016

ပြည်သူများက ငွေကြေးဝန်ဆောင်မှုများအား စနစ်တကျသုံးစွဲရေး အသိပညာပေး စာစောင်ထုတ်ဝေ

နေပြည်တော် သြဂုတ် ၂၃
ပြည်သူများ ငွေကြေးဝန်ဆောင်မှု စနစ်တကျသုံးစွဲရေး အခြေခံအသိပညာ ပေးစာစောင်များ ထုတ်ဝေဖြန့်ချိခြင်း အခမ်းအနားကို သြဂုတ် ဒုတိယပတ်က စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူများ၊ နိုင်ငံတကာဖွံ့ဖြိုးရေး မိတ်ဖက်အဖွဲ့အစည်းများ ၊ UNDP-UNCDF ၊LIFT Fund နှင့် အသေးစားငွေရေးကြေးရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်သည်။

အခမ်းအနားတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်းက အမှာစကားပြောကြားရာတွင် နိုင်ငံတော်အစိုးရသည် ၀င်ငွေနည်းပြည်သူများ၏ လူမှုစီးပွားရေးဖွံ့ဖြိးတိုးတက်ရေးကို အလေးထားဆောင်ရွက်နေကြောင်း၊ ပြည်သူများ ငွေကြေးဝန်ဆောင်မှုများကို ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနိုင်ရေးအတွက် ငွေကြေးဝန်ဆောင်မှုကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပြည်သူများအားလုံး ပါဝင်နိုင်သော ငွေကြေးဝန်ဆောင်မှုကဏ္ဍ ဖြစ်ထွန်းစေရေးအတွက် လမ်းပြ မြေပုံရေးဆွဲ ဆောင်ရွက်နေကြောင်း၊ ပြည်သူများအကြား ငွေကြေးဝန်ဆောင်မှုသုံးစွဲရေး အခြေခံ အသိပညာပေးရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ခြင်းသည် လုပ်ငန်းစဉ်တစ်ရပ်အဖြစ် ပါဝင်ကြောင်း၊ ယခုကဲ့သို့ ငွေကြေးဝန်ဆောင်မှု သုံးစွဲရေး အခြေခံအသိပညာပေး စာစောင်များထုတ်ဝေခြင်းသည် ပြည်သူများအား ငွေကြေးဝန်ဆောင်မှုသုံးစွဲရေး အသိပညာပေး လုပ်ငန်းအတွက် အလွန်အရေးကြီးပြီး ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်ဆောင်ရွက်ရန်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန္ဒာဦးက ရှင်းလင်း ပြောကြားသည်။
ထို့နောက် LIFT Fund မှ Program Specialist ဦးမြင့်ကျော်က အခြေခံ ငွေကြေးအသိပညာပေး စာစောင်ထုတ်ဝေရေး ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြည်တွင်းပြည်ပ အသေးစား ငွေရေးကြေးရေး အဖွဲ့အစည်းများအား အခြေခံငွေကြေး အသိပညာပေးစာစောင်များအား လွှဲပြောင်းပေးအပ်သည်။ ထို့နောက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးသည် ဖွံ့ဖြိုးရေးမိတ်ဖက် အဖွဲ့အစည်းများ၊ အသေးစား ငွေရေးကြေးရေး အဖွဲ့အစည်းများမှ တာဝန်ရှိသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံပြီး အသေးစားငွေရေးကြေးရေး လုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များအား ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment