Thursday, August 25, 2016

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (၂၁)ရာစု ပင်လုံကို ဂုဏ်ပြုအထိမ်းအမှတ် အထူးထုတ် စာပို့ တံဆိပ်ခေါင်း ရောင်းချမည်


နေပြည်တော် သြဂုတ် ၂၅

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ ၂၀၁၆ ခုနှစ် တိုင်းရင်းသားလူမျိုးများ အားလုံး ပါဝင်သော ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ - (၂၁)ရာစု ပင်လုံအား ဂုဏ်ပြုသည့်




အထိမ်းအမှတ် အထူးထုတ်စာပို့ တံဆိပ်ခေါင်း ၁၀၀ိ/တန်၊၂၀၀ိ/တန်၊ ၅၀၀ိ/တန် (၃)မျိုးကို သြဂုတ်( ၃၁ ) ရက် ဗုဒ္ဓဟူးနေ့၊  နံနက် ၉နာရီခွဲမှ စတင်၍ တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာတိုက်များ၌ ရောင်းချမည် ဖြစ်သည်။


အထူးအစီအစဉ် တစ်ရပ်အနေဖြင့်  နေပြည်တော် ဗဟိုစာတိုက်ကြီး၊ ရန်ကုန် စာတိုက်ကြီး နှင့် မန္တလေး စာတိုက်ကြီးတို့တွင် သြဂုတ် (၃၁)ရက်နေ့၌ ၀ယ်ယူသော စာပို့တံဆိပ်ခေါင်းများပေါ်တွင် နေ့စွဲ အမှတ်အသား တံဆိပ် ရိုက်နှိပ်ပေးမည် ဖြစ်သည်။

No comments:

Post a Comment