ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ
ပူးတွဲကျင်းပရေးကော်မတီ အစည်းအဝေးကို ယနေ့ နံနက်(၉)နာရီတွင် နေပြည်တော် သင်္ဂဟဟိုတယ်၌ကျင်းပသည်။
အစည်းအဝေးတွင် ပူးတွဲကျင်းပရေးကော်မတီဒုတိယဥက္ကဋ္ဌ
ဒေါက်တာတင်မျိုးဝင်း က ပြည်သူများ ၀မ်းမြောက် ပျော်ရွှင်စွာ မျှော်လင့်ချက်အပြည့်ဖြင့်
ကြိုဆိုနေကြသည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို တိုင်းရင်းသား ညီအစ်ကို မောင်နှမများ၊
နိုင်ငံရေး ခေါင်းဆောင်များ၊ အစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့် လက်တွဲ ဆောင်ရွက် ရသည့်အတွက်
ဂုဏ်ယူပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒုတိယဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ၂၁
ရာစုပင်လုံညီလာခံကို အောင်အောင်မြင်မြင် ကျင်းပနိုင်ရေးအတွက် တစ်နိုင်ငံလုံးမှ ဆန္ဒရှိပါကြောင်း၊
ပြည်သူ တစ်ရပ်လုံးက စောင့်ကြည့်နေကြပါကြောင်း၊
ထို့ကြောင့် ပူးတွဲကျင်းပရေးကော်မတီတွင် အဓိကတာဝန်ရှိနေပါကြောင်း၊ ယခုညီလာခံပြီးမြောက်ပါက
နိုင်ငံရေး ဆွေးနွေးပွဲစတင် ကျင်းပသွားမည်ဖြစ်ပါကြောင်း၊ မိမိတို့မျှော်လင့်နေသည့်
လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေး အတွက် အခြေခံပြဿနာကို ဆွေးနွေးအဖြေရှာနိုင်မည်ဟုယုံကြည်ပါကြောင်း၊
အထူးသဖြင့် ၂၁ ရာစုပင်လုံ ညီလာခံ၏ ရည်မှန်းချက်၊ ရည်ရွယ်ချက်ကိုအကောင်အထည်ဖော်နိုင်ရန်
ယခုပူးတွဲကော်မတီမှ နောက်ဆုံး အဆင့် အတည်ပြုပြီးပါကညီလာခံကို ကျင်းပသွားမည်ဖြစ် သည့်အတွက်
ကော်မတီဝင်များက ဆွေးနွေး အဖြေ ရှာ၍ အောင်မြင်သည့် ညီလာခံဖြစ်ရန် ၀ိုင်းဝန်းဆွေးနွေးကြစေလိုပါကြောင်းပြောကြားသည်။
ယင်းနောက် ဒုတိယဥက္ကဋ္ဌ ဦးသုဝေက မိမိတို့ မျှော်မှန်းချက်သည်
ငြိမ်းချမ်းရေး ညီလာခံအောင်မြင်စွာ ကျင်းပနိုင်ရေးဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေးညီလာခံကျင်းပပြီးပါက
တကယ့်ငြိမ်းချမ်းရေးရရှိမည်ဆိုသည့် ရည်မှန်း ချက်ရှိပါကြောင်း၊ ထို့ကြောင့် UPDJC အစည်း
အဝေးများအတိုင်း ယနေ့အစည်းအဝေးတွင်လည်း ဖြစ်နိုင် သည့် ကိစ္စများကို နားလည်မှု၊ ပြေလည်မှု
ရှိရှိဖြင့် အားလုံးကညှိနှိုင်းဆွေးနွေးခြင်းဖြင့် အောင်မြင်မှု ရရှိမည်ဟု ယုံကြည်ပါ
ကြောင်းပြောကြားသည်။
ထို့နောက် ပထမအကြိမ် ပူးတွဲကျင်းပရေးကော်မတီ
အစည်းအဝေး ဆုံးဖြတ်ချက် များနှင့် နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပရေးလုပ်ငန်းကော်မတီမှ
ဆွေးနွေးချက်များကိုတင်ပြ ဆွေးနွေးခဲ့ကြသည်။
No comments:
Post a Comment