ရန်ကုန် သြဂုတ် ၃ဝ
ပြည်သူ့လှုပ်ရှားမှု
မြှင့်တင်ရေး ကွန်ရက်ကဦးဆောင်၍ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံကို
ကြိုဆို ထောက်ခံသောအားဖြင့် လူထုချီတက် ထောက်ခံပွဲကို ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့
ကျောက်တံတား မြို့နယ်၌ကျင်းပ ခဲ့ရာ ချီတက်ထောက်ခံသူများ၊ ကြည့်ရှုလေ့လာသူများဖြင့် အထူးစည်ကားလှသော
လူထုထောက်ခံ ပွဲကြီးတစ်ခု ဖြစ်ခဲ့သည်။ အဆိုပါ လူထုချီတက်ထောက်ခံပွဲကို ကုန်သည်လမ်းနှင့်
ရွှေတိဂုံဘုရားလမ်းထောင့်မှ စတင်ထွက်ခွာလာရာ ယင်းမှတစ်ဆင့် မဟာဗန္ဓုလလမ်းအတိုင်း ဆူးလေစေတီတော်ဆီ
ဦးတည်ချီတက်လာပြီး မြို့တော်ခန်းမရှေ့ရင်ပြင်တွင် အဆုံးသတ်ကာ အစီအစဉ်များ အတိုင်း
ငြိမ်းချမ်းရေးနှင့်စပ်လျဉ်း၍ ဟောပြောမှုများ ပြုလုပ်ခဲ့ကြသည်။