Wednesday, July 27, 2016

ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် (၄၉) ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေး၏ ဆက်စပ်အစည်းအဝေးများ သို့ တက်ရောက်


ဗီယင်ကျန်း - ဇူလိုင် ၂၆
(၄၉) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၏ ဆက်စပ်အ စည်းအဝေးများဖြစ်သည့် (၁၇) ကြိမ်မြောက် အာဆီယံ+ ၃ နိုင်ငံခြားရေး ၀န်ကြီးများ အစည်း အဝေး၊ (၆)ကြိမ်မြောက် အရှေ့ အာရှ ထိပ်သီးအစည်းအဝေးဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးများ အစည်း အဝေး၊ (၂၃)ကြိမ်မြောက် အာဆီယံဒေသ ဆိုင်ရာ ဖိုရမ် သီးသန့် အစည်းအဝေးနှင့် (၂၃)ကြိမ်မြောက် အာဆီယံဒေသဆိုင်ရာ မျက်နှာစုံညီ အစည်းအဝေး တို့ကို ယနေ့ နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့တွင် ကျင်းပရာ နိုင်ငံခြားရေး ၀န်ကြီး ဌာန ပြည်ထောင် စု ၀န်ကြီး ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဆွေးနွေး သည်။

(၁၇)ကြိမ်မြောက် အာဆီယံ+၃ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး တွင် ဒေသ တွင်း စီးပွားရေးကို တည်ငြိမ် စေမည့် ဒေသဆိုင်ရာ ဘဏ္ဍာရေး ကိုအမြဲခိုင်မာ စေသော Chiang Mai Initiative Multilateralization (CMIM) ၊ ASEAN Plus Three Macroeconomic Research Office (AMRO) ၊ The Asian Born Market Initiative (ABMI) နှင့် The Credit Guaranty Investment Facility (CGIF)တို့ကို ကြိုဆိုခဲ့သည်။
ထို့ပြင် စဉ်ဆက်မပြတ် အာမခံချက်ပေးနိုင်သော အာဆီယံ + ၃ အရေးပေါ် အရန်ဆန်(APTERR) အကောင် အထည်ဖော်ဆောင်ခြင်းအားဖြင့် စားနပ်ရိက္ခာ ဖူလုံမှုရရှိရန် ၀န်ကြီးများက အားပေးခဲ့ သည်။ ဒေသ တွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးကို မြှင့်တင်ရာတွင် အာဆီယံ + ၃ ၏ အရေးပါသော အခန်းကဏ္ဍကို နိုင်ငံခြားရေး ၀န်ကြီးများက ထပ်လောင်း အတည်ပြုခဲ့သည်။
ထို့အပြင် အာဆီယံ + ၃ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုမြင့်မားသော အဆင့်ထိ တိုးမြှင့်ရန် ရည်ရွယ်၍ 2013-2017 Work Plan နှင့် East Asia Vision Group II (EAVGII) ၏ အကြံပြုချက်များကို ဆက်လက် အကောင် အထည်ဖော်ဆောင် ရန် သက်ဆိုင်ရာ တာဝန်ရှိသူများကိုလည်း တိုက်တွန်းပြောကြားခဲ့သည်။
လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့တော် တွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလတွင် ကျင်းပ မည့် ၁၉ ကြိမ်မြောက် အာဆီယံ + ၃ ထိပ်သီး အစည်းအဝေး တွင် ချမှတ်မည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်း ဆောင်ရွက်ရေး မြှင့်တင်မှုဆိုင်ရာ အာဆီယံ + ၃ ထုတ်ပြန်ချက်မူကြမ်းဟု အမည် ပေးထားသော လာအိုနိုင်ငံ၏ ကနဦး ဆောင်ရွက်ချက်ကို ယင်းအစည်းအဝေးတွင် အလေးအနက် ထား ထောက်ခံကြောင်းဖော်ပြခဲ့သည်။
( ၆ ) ကြိမ်မြောက်အရှေ့အာရှထိပ်သီး အစည်းအဝေး ဆိုင်ရာ နိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေးတွင် အရှေ့ အာရှထိပ်သီး ဆွေးနွေးပွဲမှ ဦးစားပေး ကဏ္ဍ ခြောက်ရပ် ကို ချမှတ်နိုင်ခဲ့ရာ ဘဏ္ဍာရေး၊ စွမ်းအင်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ပညာရေးနှင့်ဆက်သွယ် ရေး၊ သဘာဝဘေးအန္တရာယ် ထိန်းသိမ်းရေးနှင့် အာဆီယံနိုင်ငံအချင်းချင်း ချိတ်ဆက် ပြီး ကွာလာ လမ်ပူကြေငြာချက် သဘောထားအတိုင်း ချမှတ် ဆောင်ရွက်ခြင်း အပါအ၀င် အရှေ့အာရှထိပ်သီးဆွေးနွေးပွဲကို ခိုင်မာစေရန်အတွက် ဆက်လက် လုပ်ဆောင် သွား မည်ဖြစ်ပြီး ခေါင်းဆောင်များက ဦးဆောင်ကျင်းပသည့် ဖိုရမ်မှတစ်ဆင့် နိုင်ငံရေး၊ စီးပွားရေးရာ ကိစ္စရပ်များနှင့် ပတ်သက်သည့် အကျိုးစီးပွားများကို မဟာဗျူ ဟာမြောက် ပြော ဆိုဆွေးနွေးခြင်း၊ ဒေသတွင်းငြိမ်း ချမ်းရေး၊ တည်ငြိမ်ရေးနှင့်စီးပွားရေးရာ ကိစ္စရပ်များ မြှင့်တင်နိုင်ရေးအတွက် ရည်ရွယ် လုပ်ဆောင်ခြင်းဖြင့် အရှေ့အာရှထိပ်သီးဆွေးနွေးပွဲ၏ အခန်းကဏ္ဍကို ၄င်းတို့၏ ကတိက၀တ် အတိုင်း ခိုင်မာစေရန် လုပ်ဆောင်သွားမည်ဟု ၀န်ကြီးများက ထပ်လောင်း ပြောကြားခဲ့ သည်။
ထို့ပြင် အာဆီယံဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သော လာအိုနိုင်ငံက အဆိုပြုထားပြီး ၁၁ ကြိမ်မြောက် အရှေ့ အာရှထိပ်သီးအစည်းအဝေးက အတည်ပြုချမှတ်မည့် အရှေ့အာရှ အတွင်း အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုး တက်မှု ပူးပေါင်းဆောင် ရွက်ရေး ဆိုင်ရာ ဗီယန်ကျန်း ကြေညာချက်မူကြမ်း ကို ထောက်ခံခဲ့ကြ သည်။ ထို့နောက် ၀န်ကြီးများ က ဒေသတွင်းနှင့် နိုင်ငံ တကာရေး ရာကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြသည်။

ညနေပိုင်းတွင် (၂၃) ကြိမ်မြောက် အာဆီယံဒေသဆိုင်ရာဖိုရမ် သီးသန့် အစည်း အဝေး နှင့် (၂၃)ကြိမ်မြောက် အာဆီယံ ဒေသဆိုင်ရာ မျက်နှာစုံညီ အစည်းအဝေး တို့ကို ဆက် လက် ကျင်းပရာ အာဆီယံဒေသဆိုင်ရာ ဖိုရမ် အဖွဲ့ဝင် (၂၇)နိုင်ငံ မှ နိုင်ငံခြားရေး ၀န်ကြီးများ တက်ရောက် ဆွေးနွေးကြသည်။

No comments:

Post a Comment