Friday, July 29, 2016

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် ဂျပန်နိုင်ငံ အထက်လွှတ်တော် အမတ်နှင့် ဂျပန်-မြန်မာပါလီမန် ချစ်ကြည်ရေး အသင်း ဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ


နေပြည်တော် ဇူလိုင် ၂၉
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် ဂျပန်နိုင်ငံ အထက်လွှတ်တော် အမတ်နှင့် ဂျပန်-မြန်မာ ပါလီမန် ချစ်ကြည်ရေး အသင်းဥက္ကဋ္ဌ Mr.Ichiro AISAWA ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။


တွေ့ဆုံစဉ် ဂျပန်- မြန်မာ နှစ်နိုင်ငံ လွှတ်တော်အချင်းချင်း ဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များ၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးနှင့် အမျိုးသားပြန်လည် စည်းလုံး ညီညွတ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု တိုးတက်ခိုင်မြဲရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

No comments:

Post a Comment