Wednesday, July 27, 2016

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ မျက်နှာစုံညီ အစည်းအဝေး ဒုတိယနေ့ ဆက်လက် ကျင်းပ


သတင်း..ရဲခေါင်ညွန့် ၊ ဓါတ်ပုံ..ဖိုးထောင်
မိုင်ဂျာယန် ဇူလိုင် ၂၇
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစု ပင်လုံတက်ရောက်နိုင်ရေး နှင့်  အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးတို့အတွက် နိုင်ငံရေး ဘုံသဘောတူညီချက်များ ရယူနိုင်ရန် ရည်ရွယ်ကျင်းပသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ မျက်နှာစုံညီ အစည်းအဝေး ဒုတိယနေ့ ကို ယနေ့နံနက် ၈ နာရီ ခွဲက မိုင်ဂျာယန်၌ ဆက်လက်ကျင်းပသည်။

ယနေ့အစည်းအဝေးတွင် သဘာပတိ KNU ဒုတိယဥက္ကဋ္ဌ ပဒိုနော်စီဖိုးရာစိန်က “ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရန်နှင့် စစ်မှန်သည့် ပြည်တွင်းငြိမ်းချမ်းရေး ရရှိရန်အတွက် တစ်စုတစ်ဖွဲ့တည်း တည်ဆောက် နိုင်မည် မဟုတ်ပါကြောင်း၊  တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ တိုင်းရင်းသား နိုင်ငံရေးပါတီများ၊ ဒီမိုကရေစီ အဖွဲ့အစည်းများနှင့် ပြည်သူတစ်ရပ်လုံးပါဝင်မှသာလျှင် အောင်မြင်မှုကို ရရှိမည်ဟု  ယုံကြည်ပါ ကြောင်း၊  ထို့ကြောင့် ယခုအစည်းအဝေးတွင် အားလုံးဝိုင်းဝန်း ဆွေးနွေးကြပြီး တူညီသော ဘုံသဘော ရပ်တည်ချက်များ ချမှတ်နိုင်ရန် လိုအပ်ပါကြောင်း  " ပြောကြားသည်။  
ယနေ့အစည်းအဝေးအပြီးတွင် အစည်းအဝေး ကျင်းပရေးကော်မတီ ဒုတိယဥက္ကဋ္ဌ-၁ ပဒိုစောကွယ်ထူးဝင်း အပါအ၀င် အဖွဲ့အစည်းအသီးသီးမှ ဦးဆောင်သူ ကိုးဦးတို့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး မီဒီယာများ၏ မေးမြန်းမှုများကို ပြန်လည်ဖြေကြားခဲ့သည်။  


            

No comments:

Post a Comment