Friday, May 27, 2016

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်‌ ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးအား The World Bank မှ လာရောက်တွေ့ဆုံ


နေပြည်တော်- မေ ၂၇
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဒေါက်တာ ဝင်းမြတ်အေးသည် ယနေ့ မွန်းတည့် (၁၂)နာရီက မေခလာ ခန်းမတွင် ကမ္ဘာ့ဘဏ်မှ Country Manager Mr..Abdoulaye Seck  ဦးဆောင်သော အဖွဲ့အား တွေ့ဆုံသည်။

တွေ့ဆုံစဉ် ကမ္ဘာ့ဘဏ်မှ ကူညီပံ့ပိုးပေးနေသည့် ဝန်ကြီးဌာနမှ ဝန်ထမ်းများအတွက် စွမ်းရည်မြှင့် သင်တန်းများ၊ ၂၀၁၅ ခုနှစ် ရေဘေးတွင် Post Disaster Needs Assessment of Floods and Landslides စာအုပ် ထုတ်ဝေခဲ့ခြင်း ကိစ္စရပ်များ၊ Country Partnership Framework ကိစ္စရပ်များ၊ ကမ္ဘာ့ဘဏ်နှင့် မြန်မာနိုင်ငံတို့ လက်တွဲ လုပ်ကိုင်နေမှုများတွင် ရှေ့ ဆက်ဆောင်ရွက်ရန်ရှိသည့် ကိစ္စရပ်များ၊ အရေးပေါ်တုံ့ပြန်သည့်စနစ် အကောင်အထည်ဖော်မည့်ကိစ္စရပ်များ၊ ဝန်ကြီးဌာန၏ လိုအပ်ချက်များအပေါ် ကမ္ဘာ့ဘဏ်မှ အနာဂတ်တွင် ကူညီပေးနိုင်သည့် နည်းလမ်းများအား ဆွေးနွေးကြသည်။

No comments:

Post a Comment