Friday, May 27, 2016

ပြည်ထောင်စုရှေ့နေချုပ်ကကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ပုဂ္ဂိုလ် Mr. Vijay Nambiar အား လက်ခံတွေ့ဆုံ


နေပြည်တော်၊ မေ ၂၇
ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် ကုလသမဂ္ဂအတွင်းရေးမှူး ချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူး အကြံပေးပုဂ္ဂိုလ် Mr. Vijay Nambiar ဦးဆောင်သော အဖွဲ့အား ယနေ့ နံနက် ၁၁ နာရီတွင် ပြည်ထောင်စု ရှေ့နေချုပ်ရုံးရှိ သံတမန်ခန်းမ၌ တွေ့ဆုံ သည်။

ဆွေးနွေးစဉ် ငြိမ်းချမ်းရေးအကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ တရားဥပဒေ စိုးမိုးရေးနှင့် လူ့အခွင့် အရေး ကာကွယ်စောင့်ရှောက်ခြင်း လုပ်ငန်းများ၌ပြည်ထောင်စု ရှေ့နေချုပ်ရုံးမှ ပါဝင်ဆောင်ရွက်နေမှုများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်မည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သတင်း ရရှိသည်။

No comments:

Post a Comment