Friday, May 27, 2016

အလုပ်သမားရေးရာနှင့် ပြည်ဝင်ဗီဇာကိစ္စရပ်များ ညှိနှိုင်းဆွေးနွေး


နေပြည်တော်၊ မေ ၂၇
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် ကမ္ဘာ့ဘဏ်၏ စီးပွားရေးဆိုင်ရာ လက်ထောက် ခေါင်းဆောင် Ms. Wendy Cunningham နှင့်အဖွဲ့အား မေ(၂၆)ရက် နံနက်(၉)နာရီ



ခွဲတွင် နေပြည်တော် ရှိ အဆိုပါ ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံကာ ဝန်ကြီးဌာန၏ လုပ်ငန်းများအား ကမ္ဘာ့ဘဏ်မှ ကူညီဆောင်ရွက် ပေးနေမှု၊ လုပ်သားစွမ်းရည်မြင့်မားရေး အတွက် ကြိုးပမ်းဆောင်ရွက်နေမှု အခြေအနေ များအား ဆွေးနွေးခဲ့ကြသည်။
အလားတူ နံနက်(၁၁)နာရီ (၁၅)မိနစ်တွင် အမေရိကန် သံအမတ်ကြီး မစ္စတာစကော့ အလန်မာရှယ် နှင့်အဖွဲ့ အား တွေ့ဆုံ၍ ပြည်ဝင်ဗီဇာ လွယ်ကူစေရေးအတွက် ဖြေလျော့ဆောင်ရွက်မှု အခြေအနေ၊ နိုင်ငံသား စိစစ်ရေး ဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်မည့်အစီအစဉ်နှင့် အလုပ်သမားရေးရာ ဆိုင်ရာ အတွေ့ အကြုံများ မျှဝေပေး နိုင်ရေး အခြေအနေတို့နှင့် စပ်လျဉ်း၍  ဆွေးနွေးခဲ့ကြသည်။
ထိုသို့တွေ့ဆုံရာတွင် အမြဲတမ်းအတွင်းဝန်များ ဖြစ်ကြသည့် ဦးမျိုးအောင်နှင့် ဦးမြင့်ကြိုင်၊ ဝန်ကြီးဌာနမှ တာဝန် ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

No comments:

Post a Comment