Thursday, May 26, 2016

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်


နေပြည်တော် မေ ၂၅


ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် General Sommai Kaotira ၏ ဖိတ်ကြားချက်အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်မှ လေကြောင်းခရီးဖြင့် ထွက်ခွာရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ဒေသစံတော်ချိန် နံနက် ၉ နာရီ ၁၀ မိနစ်တွင် ရောက်ရှိကြသည်။


တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ထိုင်းဘုရင့်တပ်မတော် ဌာနချုပ်၌ ဂုဏ်ပြုကြိုဆိုပြီး တွေ့ဆုံ ဆွေးနွေးရာတွင် မြန်မာ - ထိုင်းနှစ်နိုင်ငံ အစိုးရချင်းနှင့် တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှု အခြေအနေများ၊ ပြည်တွင်း ငြိမ်းချမ်းရေးဆောင်ရွက်နေမှု အခြေအနေများကို ဆွေးနွေးကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ထိုင်းနိုင်ငံ ဒုတိယ၀န်ကြီးချုပ် General Tanasak Patimapragorn တို့သည် ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီတွင် တွေ့ဆုံ ပြီး ယဉ်ကျေးမှုနှင့် ကမ္ဘာ့လှည့်ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။


(မြ၀တီ)

No comments:

Post a Comment