Tuesday, May 31, 2016

ရွှေ့ပြောင်းနေထိုင်သူများနှင့် အလုပ်သမားများအား မှတ်ပုံတင်ထုတ်ပေးရေး ရှင်းလင်းပွဲကျင်းပ

ရန်ကုန် မေ ၃၀
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရွှေပြည်သာမြို့နယ်မှ ရွှေ့ပြောင်းနေထိုင်သူများနှင့် အလုပ်သမားများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သည့် မှတ်ပုံတင်ထုတ်ပေးရေးလုပ်ငန်း ရက် ၁၀၀ စီမံချက် ရှင်းလင်းပွဲကို မေ ၂၉ ရက် နံနက် ၉ နာရီက ရွှေပြည်သာမြို့နယ် အထက(၁) ရွှေပြည်ရတနာခန်းမ၌ကျင်းပရာ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးရဲထွန်းအောင်က အမှာစကားပြောကြားသည်။

ဆက်လက်၍ မြောက်ပိုင်းခရိုင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဦးစီးမှူး လက်ထောက် ညွှန်ကြားရေးမှူး ဦးအုန်းလွင်က ရွှေ့ပြောင်းနေထိုင်သူများနှင့် အလုပ်သမားများ စိစစ်ရေးပုံစံများကို ရပ်ကွက် /ကျေးရွာကြီးကြပ်ရေးအဖွဲ့ဝင်များအား ဖြန့်ဝေပေးခြင်း၊ မြို့နယ်ဦးစီးအရာရှိ ဦးခင်မောင်သန်းက စနစ်တကျကောက်ယူ ရေးဆိုင်ရာ အကြောင်းများကို အသေးစိတ်ရှင်းလင်းပေးခြင်းကို ဆောင်ရွက်ပေးကြောင်း သိရသည်။

No comments:

Post a Comment